
ရိုဆန်ဆန် ချစ်ခွင့်ပန်ရင်း အကြောင်းမလှဘဲ ချောက်ကမ်းပါးအောက် ပြုတ်ကျသွားခဲ့ကြတဲ့ ချစ်သူစုံတွဲ
Yes လို့ဖြေခဲ့တဲ့အမျိုးသမီးဟာ တောင်ကမ်းပါးအစွန်းမှပြုတ်ကျသွားပြီးနောက် romantic ဆန်တဲ့ ချစ်ခွင့်ပန်ခြင်းက အတော်လေးမှားယွင်းသွားခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ်အမျိုးသမီးတစ်ဦးဟာ Austriaနိုင်ငံ Carinthia မြို့ရှိ တောင်ကမ်းပါးမှ ဆီးနှင်းတွေချော်နေတာကြောင့် ၆၅၀ ပေ (၂၀၀ မီတာ) ရှိတဲ့ချောက်ထဲသို့ ပြုတ်ကျသွားခဲ့ပါတယ်။
“ သူတို့နှစ်ယောက်က အရမ်းကံကောင်းတယ် ၊ သူတို့က လေထုကိုဖြတ်ပြီး ၁၅ မီတာ လောက်ပျံသန်းခဲ့ကြတာ ၊ ကောင်မလေးက ကျောက်တောင်ထိပ်ကိုဖြတ်ပြီး မီတာ ၂၀၀ အထိကျသွားခဲ့တယ် ၊ ဆီးနှင်းတွေသာ မဖုံးလွှမ်းထားခဲ့ရင် သူတို့ရဲ့အဖြစ်က ကွဲပြားတဲ့ အဖြေဖြစ်သွားလိမ့်မယ် ”လို့ ရဲအရာရှိတစ်ဦးက ဆိုခဲ့ပါတယ်။အဆိုပါကံမကောင်းတဲ့ချစ်သူစုံတွဲက တောင်ထိပ်ကို ခြေလျင်တက်ခဲ့ကြတာပါ။
ထို့နောက် အေးခဲနေတဲ့ရေကန်မှ သူတို့နှစ်ဦးရဲ့အော်သံကို ကြားလိုက်ရတဲ့ဖြတ်သွားဖြတ်လာသူက သူတို့ကို တွေ့သွားခဲ့ပါတယ်။ထိုသူက ရဟတ်ယာဉ်ကို အကူအညီခေါ်ကာ ချောက်ကမ်းပါးအစွန်းသို့ သွားခဲ့ပြီး အဆိုပါသတို့သားက တွယ်ကပ်တက်ပြီး ဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့ပါတယ်။
နောက်ဆုံး ပူပူနွေးနွေးစေ့စပ်ပြီးခါစ စုံတွဲကို သူတို့ရဲ့ကျောရိုးဆိုင်ရာအပ်စပ်တဲ့ ချွင်းယွင်းချက်တွေရှာဖွေရန် ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ပါတယ်။
Leave a Reply