ရိုင်းရိုင်းစိုင်းစိုင်းစကားလုံးတွေနဲ့ဆဲရေးတိုင်းထွာကာကားသမားကိုစိန်ခေါ်ပြီးအနိုင်ထိုးသတ်ခဲ့တဲ့ဆယ်ကျော်သက်မိန်းကလေး

ဆယ်ကျော်သက်အရွယ်သာရှိသေးတဲ့မိန်းကလေးတစ်ယောက်က Taxi ငှားစီးလာပြီး ကားသမားအနေနဲ့လမ်းမသိတာကြောင့် တစ်လမ်းလုံး Taxi မောင်းသမားကို သာမာန်ထက်လွန်ကဲတဲ့ ညစ်ညမ်းသော စကားလုံးတွေနဲ့ ကျယ်ကျယ်လောင်လောင်ဆဲဆိုခဲ့ပါတယ်။အဲ့ဒီလို ပြုမူဆဲဆိုနေတာကို်လည်း သူမကိုယ်တိုင် ဓာတ်ပုံတွေ၊ဗီဒီယိုတွေရိုက်လာခဲ့ပါသေးတယ်။ထိုကဲ့သို့ဆဲဆိုပြောဆိုပြီးနောက်Taxi မောင်းသမားကိုသူမနဲ့ယှဉ်ပြိုင်ထိုးဖို့ စိန်ခေါ်ခဲ့ပါတယ်။

အံ့သြစရာကောင်းတဲ့ ရလာဒ်အနေနဲ့Taxi မောင်းသမားကအရှုံးနဲ့ရင်ဆိုင်လိုက်ရတဲ့အခါမှာတော့ ၄င်းမိန်းကလေးဟာ ပိုမိုဆိုးရွားတဲ့စကားလုံးတွေနဲ့အချိန်အတော်ကြာအောင်ထပ်မံဆဲဆိုပြန်ပါတယ်။ အဲ့ဒီလိုဖြစ်ပျက်ခဲ့တဲ့ပုံရိပ်တွေကိုမိန်းကလေးက ဓာတ်ပုံအနေနဲ့ရော ဗီဒီယိုအနေနဲ့ရော ရိုက်ကူးထားပြီး သူမရဲ့ social စာမျက်နှာ တင်လိုက်ပါတော့တယ်။

ဗီဒီယို ထဲမှာပါတဲ့ သူမပြောဆိုခဲ့တဲ့ စကားတချို့ကတော့ ” GPSကပြနေတယ်လေ။ဘာလို့အဲ့သောက်GPS အတိုင်းမသွားတာလည်း။ သောက်ရမ်းခက်ခဲနေလို့လား။ ဘာလို့အဲ့သောက်ရေးမပါတဲ့ဟာကိုလုပ်နေတာလည်း။ နင်ငါ့ကို ခေါ်လာတယ်။သောက်ဦးနှောဏ်မရှိတဲ့ driverရဲ့ ။ အခုတော့ ငါ့ကိုမောင်းချတယ်။နင်လမ်းမသိတော့လို့မဟုတ်လား”ဆိုပြီး ပြောဆိုခဲ့ပြီးနောက် ကားသမား၏နောက်ကျောမှနေ၍ လက်ခလယ်ထောင်ပြကာ “ဘုရားကိုငါကျိန်တယ်။နင်နောက်တခါထပ်ရှုံးကြည့် နင်ဘယ်သွားသွားသောက်ပြဿနာတွေချည်းတက်နေ ရမယ်။

အဲ့ဒီေ-ာက်ဘုရားကိုကျိန်တယ်” ဟူ၍ထပ်မံပြောဆိုပြီး နောက်တကြိမ်ထိုးသတ်ဖို့စိန်ခေါ်ခဲ့ပြန်ပါတယ်။ထို့အပြင် သူမတင်လိုက်တဲ့ ပိုစ့်အောက်မှာ ကွန်မန့်လာပေးသော သူများကိုလည်း”နင်တို့ကဘာမို့လို့ ငါ့ကိုဆရာလာလုပ်နေတာလည်း။ ငါ့အတွက် နင်တို့က သောက်ရေးတပြားမှမတန်တဲ့ဟာတွေ”ဆိုပြီးတော့ ရိုင်းရိုင်းစိုင်းစိုင်းပြန်လည်ပြောဆိုခဲ့ပါတယ်။သူမသွားချင်တဲ့နေရာကို မောင်းပို့ပေးပြီးလို့ရောက်တဲ့အချိန်မှာ ကားသမားက ကားခတောင်းတဲ့အခါ ပေးဖို့အတွက်ငြင်းဆန်ခဲ့ပြီး ဆဲဆိုတိုင်းထွာရင်း ထပ်မံထိုးသတ်ဖို့အတွက် စိန်ခေါ်ပြန်ပါတယ်။ ယခုလိုဖြစ်ပျက်ခဲ့တဲ့ပုံရိပ်တွေကိုဗီဒီယိုအနေနဲ့တင်ခဲ့ရာ ကြည့်ရှု့သူပေါင်း ၉သောင်းနှစ်ထောင်ကျော်ရရှိနေပြီဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*