ရိန်ဂျာအဖွဲ့တွေနဲ့ အတူ selfies ဆွဲဖို့ pose တွေအပီအပြင်ပေးနေတဲ့ ဂေါ်ရီလာမျောက်ဝံ

ရိန်ဂျာအဖွဲ့တွေနဲ့ အတူ selfies ဆွဲဖို့ pose တွေအပီအပြင်ပေးနေတဲ့ ဂေါ်ရီလာမျောက်ဝံ

ခင်ဗျားကကျွန်တော်နဲ့အကြိုက်ချင်းတော့တူတယ်ဆိုရင်တော့ ခင်ဗျားဟာ တစ်ခုခုမြင်ပြီးဆိုတာနဲ့ ဓာတ်ပုံရိုက် selfies ဆွဲတာတွေကို အစွဲအလန်းဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်မိပါတယ်။

Congo မြို့မှာရှိတဲ့ Virunga National Park က ရိန်ဂျာအဖွဲ့တွေဟာ စိုးထိတ်ဖွယ်ကောင်းတဲ့ မျောက်ဝံတွေနဲ့ selfies ဆွဲခဲ့ကြပါတယ်။ အဲ့ဒီမျောက်ဝံတွေကတော့ pose တွေအမျိုးမျိုးပေးနေပါတယ်။ ရိန်ဂျာအမျိုးသားတစ်ဦးက မျောက်ဝံနှစ်ကောင်နဲ့ အတူ pose ပေးနေတဲ့ ဓာတ်ပုံကို Anti-poaching groups မှာ တင်ခဲ့ပါတယ်။

နောက်တော့ သူတို့ရဲ့ Facebook page မှာ “Another day in the office” ဆိုတဲ့ caption ပေးပြီး post တင်လိုက်ပါတယ်။ အဲ့ဒီ park ထဲမှာ ရိန်ဂျာအဖွဲ့သား ၆၀၀ နေထိုင်နေကြပြီး သူတို့တွေက အဲ့ဒီမှာရှိတဲ့တိရိစ္ဆာန်လေး တွေကို ကာကွယ်ပေးရတဲ့ သူတွေပါ။

Virunga National park ထဲမှာ နို့တိုက်သတ္တဝါ ၂၁၈ မျိုး၊ ငှက် ၇၀၆ မျိုး၊ တွားသွားသတ္တဝါ ၁၀၉ မျိုး၊ ကုန်းနေရေနေ သတ္တဝါ ၇၈ မျိုး၊ အစရှိတဲ့မျိုးစိတ်သတ္တဝါတွေ ကျက်စားနေထိုင်ကြပါတယ်။

ရိန်ဂျာတွေက အဲ့ဒီ ဧရိယာကို နေ့တိုင်ကာကွယ် စောင့်ရှောက်ပေးရပါတယ်။ အဲ့ဒီနေရာကို ကာကွယ်နေစဥ်တာဝန်ချိန်အတွင်းမှာ ရိန်ဂျာ ၁၇၉ ယောက်က သူတို့ရဲ့ အသက်ကို ဆုံးရှုံးလိုက်ရတာတွေလည်းရှိပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*