
ရာသီဥတုပူပြင်းလွန်းလို့ ကားထဲမှာတောင် ဝက်သားကင်စားလို့ရခဲ့တဲ့အဖြစ်(ရုပ်သံ)
သြစတြေးလျနိုင်ငံ အနောက်ပိုင်း Perth ပြည်နယ်က Stu Pengelly ဆိုသူအမျိုးသားဟာ နွေရာသီ ပူပြင်းလွန်းမှုကြောင့် သူ့ရဲ့ကား Datsun ဟောင်းရဲ့ ရှေ့ထိုင်ခုံမှာ ၁.၅ ကီလိုဂရမ်ရှိတဲ့ ဝက်သားကင်ထားရန် ဆုံးဖြတ်ခဲ့ပါတယ်။ သူဟာ အသားများကို ၇ နာရီအကြာ ထည့်ထားလိုက်ပါတယ်။ အပူချိန်က ၃၀ ဒီဂရီစင်တီဂရိတ် (၈၆ ဖာရင်ဟိုက်) ကို ပြသတဲ့အချိန်ကနေ မွန်းတည့်ချိန်မှာ အပူချိန်က ၈၁ ဒီဂရီဆဲလ်စီယပ် (၁၇၇ ဖာရင်ဟိုက်ကျော်) အထိ ရောက်ရှိလာခဲ့ပါတယ်။ Pengelly ဟာ တစ်နေ့တာအပူချိန်ကို စောင့်ကြည့်ပြီး ၁၀ နာရီကြာတဲ့အခါမှာ သူ့ရဲ့ဝက်သားကိုခုတ်ဖြတ်လိုက်ပြီး ၎င်းကိုချက်ပြုတ်ထားကာ အချိန်အနည်းငယ်အကြာမှာ စားနိုင်ခဲ့ပါတယ်။
“ မနေ့က ငါ အပူချိန် ၃၉ ဒီဂရီအခြေနေနဲ့ Datsun Sunny အဟောင်းထဲကို ၁.၅ ကီလိုဂရမ်ဝက်သားကင်ကို ၁၀ နာရီကြာချက်ပြုတ်ခဲ့တာ။ ဒါက တကယ့်ကို အလုပ်ဖြစ်စေတယ်! ” လို့ သြစတြေးလျအမျိုးသားတစ်ဦးက Facebook မှာ ရေးသားခဲ့တာပါ။ အကယ်လို့ အပူလွန်ကဲမှုရှိပါက သူဟာအမဲသားကင်ကို နောက်တစ်ကြိမ်စမ်းသပ်ရန် စီစဉ်ခဲ့သေးတယ် လို့ ထပ်မံပြောကြားခဲ့ပါတယ်။
“ သတိထားရမယ့်အချက်တွေကတော့ – ပြတင်းပေါက်တွေ၊ တံခါးတွေကို အရောင်တင်ထားတာတို့ ခေါင်မိုးပေါ်မှာ သံချေးပေါက်ကြီးတစ်ခုရှိခြင်းတို့က အပူချိန်တွေကို ရပ်တန့်စေတာပါ” အကယ်လို့ ကားက မော်ဒယ်အသစ်ဖြစ်ပြီး အနက်ရောင် ခြယ်သထားပါက ခန့်မှန်းချက်အရ အပူချိန်ဟာ သိသိသာသာ မြင့်တက်နိုင်ပါတယ်။ Stu Pengelly ရဲ့ Facebook မှာ တင်ထားတဲ့ ဓာတ်ပုံတွေက ဝက်သားကင်ဟာ ကြည့်ရတာမကောင်းတဲ့ပုံပေါ်ပေမဲ့ ၎င်းအသားတွေကို ကင်လိုက်တဲ့အခါမှာ ငရုတ်ကောင်းရယ်၊ ဆားရယ်သာ လိုအပ်ပါတော့တယ်။
Zawgyi
ရာသီဥတုပူျပင္းလြန္းလို႔ ကားထဲမွာေတာင္ ဝက္သားကင္စားလို႔ရခဲ့တဲ့အျဖစ္(႐ုပ္သံ)
ၾသစေၾတးလ်ႏိုင္ငံ အေနာက္ပိုင္း Perth ျပည္နယ္က Stu Pengelly ဆိုသူအမ်ိဳးသားဟာ ေႏြရာသီ ပူျပင္းလြန္းမႈေၾကာင့္ သူ႔ရဲ႕ကား Datsun ေဟာင္းရဲ႕ ေရွ႕ထိုင္ခုံမွာ ၁.၅ ကီလိုဂရမ္ရွိတဲ့ ဝက္သားကင္ထားရန္ ဆုံးျဖတ္ခဲ့ပါတယ္။ သူဟာ အသားမ်ားကို ၇ နာရီအၾကာ ထည့္ထားလိုက္ပါတယ္။ အပူခ်ိန္က ၃၀ ဒီဂရီစင္တီဂရိတ္ (၈၆ ဖာရင္ဟိုက္) ကို ျပသတဲ့အခ်ိန္ကေန မြန္းတည့္ခ်ိန္မွာ အပူခ်ိန္က ၈၁ ဒီဂရီဆဲလ္စီယပ္ (၁၇၇ ဖာရင္ဟိုက္ေက်ာ္) အထိ ေရာက္ရွိလာခဲ့ပါတယ္။ Pengelly ဟာ တစ္ေန႔တာအပူခ်ိန္ကို ေစာင့္ၾကည့္ၿပီး ၁၀ နာရီၾကာတဲ့အခါမွာ သူ႔ရဲ႕ဝက္သားကိုခုတ္ျဖတ္လိုက္ၿပီး ၎ကိုခ်က္ျပဳတ္ထားကာ အခ်ိန္အနည္းငယ္အၾကာမွာ စားႏိုင္ခဲ့ပါတယ္။
“ မေန႔က ငါ အပူခ်ိန္ ၃၉ ဒီဂရီအေျခေနနဲ႔ Datsun Sunny အေဟာင္းထဲကို ၁.၅ ကီလိုဂရမ္ဝက္သားကင္ကို ၁၀ နာရီၾကာခ်က္ျပဳတ္ခဲ့တာ။ ဒါက တကယ့္ကို အလုပ္ျဖစ္ေစတယ္! ” လို႔ ၾသစေၾတးလ်အမ်ိဳးသားတစ္ဦးက Facebook မွာ ေရးသားခဲ့တာပါ။ အကယ္လို႔ အပူလြန္ကဲမႈရွိပါက သူဟာအမဲသားကင္ကို ေနာက္တစ္ႀကိမ္စမ္းသပ္ရန္ စီစဥ္ခဲ့ေသးတယ္ လို႔ ထပ္မံေျပာၾကားခဲ့ပါတယ္။
“ သတိထားရမယ့္အခ်က္ေတြကေတာ့ – ျပတင္းေပါက္ေတြ၊ တံခါးေတြကို အေရာင္တင္ထားတာတို႔ ေခါင္မိုးေပၚမွာ သံေခ်းေပါက္ႀကီးတစ္ခုရွိျခင္းတို႔က အပူခ်ိန္ေတြကို ရပ္တန႔္ေစတာပါ” အကယ္လို႔ ကားက ေမာ္ဒယ္အသစ္ျဖစ္ၿပီး အနက္ေရာင္ ျခယ္သထားပါက ခန႔္မွန္းခ်က္အရ အပူခ်ိန္ဟာ သိသိသာသာ ျမင့္တက္ႏိုင္ပါတယ္။ Stu Pengelly ရဲ႕ Facebook မွာ တင္ထားတဲ့ ဓာတ္ပုံေတြက ဝက္သားကင္ဟာ ၾကည့္ရတာမေကာင္းတဲ့ပုံေပၚေပမဲ့ ၎အသားေတြကို ကင္လိုက္တဲ့အခါမွာ င႐ုတ္ေကာင္းရယ္၊ ဆားရယ္သာ လိုအပ္ပါေတာ့တယ္။
Leave a Reply