
ရရှိသည့်မုန့်ဖိုးလေးတွေကို စုထားပြီး ငယ်ငယ်ရွယ်ရွယ်ဖြင့် ရောဂါခံစားနေရပြီးဆေးရုံတက်နေရသည့် ကလေးတွေကို ခွန်အားဖြစ်စေရန်အတွက် လက်ဆောင်ဝယ်ပေးခဲ့သည့် ၈နှစ်သမီးလေး
လေးစားအားကျပြီး အတုယူဖွယ်ကောင်းသောအရာများကို ငွေကြေးချမ်းသားသူများတွင် ရှာဖွေရမည်မဟုတ်ဘဲ အကျင့်စာရိတ္တနှင့် ကိုယ်ချင်းစာတရားရှိသူများတွင် ရှာဖွေရမည်ဖြစ်ပေသည်။
ယခုတွင်လည်း အသက်၈နှစ်အရွယ်သာရှိသေးသည့် Maisie Hymersဆိုသည့် အသက်ရှစ်နှစ်အရွယ်သမီးငယ်လေး၏ ပြုလုပ်ဆောင်ရွက်ပုံဟာ လူတိုင်းအတွက် အတုယူစရာဖြစ်ခဲ့ရပါတယ်။သမီးငယ်လေးဟာ ရောဂါတွေခံစားနေရပြီး ဆေးရုံတက်နေရသည့် သူမအရွယ်ကလေးတွေကို အားမငယ်စေရန်အတွက် လက်ဆောင်ပစ္စည်းတွေကို ဝယ်ယူပြီး ပေးအပ်ခဲ့ပါတယ်။
သမီစလေးဟာ ဆေးရုံသို့ ကလေးလူနာတွေကို လက်ဆောင်ပေးနိုင်ရန်အတွက် ရရှိသည့် မုန့်ဖိုးငွေတွေကို စုထားခဲ့ပြီး ဒေါ်လာ၆၀၀နီးပါးစုထားနိုင်ခဲ့ပြီး လက်ဆောင်ပစ္စည်းတွေ ဝယ်ယူခဲ့တာဖြစ်ပါတယ်။
Zawgyi
Leave a Reply