ရထားစီးနင်နေစဥ် အိပ်ချင်နေတဲ့ ညီမငယ်ကို သူ့ရဲ့ပေါင်ပေါ်မှာ ဂရုတစိုက်အိပ်စက်ခွင့်ပေးခဲ့တဲ့ အစ်ကိုတစ်ဦး

အခုတစ်ခါဖော်ပြပေးမဲ့ ဒီမောင်နှမနှစ်ဦးရဲ့ ဖြစ်ရပ်ဟာ ကျွန်တော်တို့ကို မျက်ရည်ကျစေမိပါတယ်။ ဒီမောင်နှမနှစ်ဦး ရထားစီးတဲ့နေ့မှာ ထိုင်ခုံတွေ ပြည့်နေခဲ့ပါတယ် ။

သူတို့ဟာ ကြိုတင်ပြင်ဆင်ထားပုံရပြီး သူတို့ယူလာတဲ့ ခေါက်ကုလားထိုင်ငယ်လေးပေါ်မှာ ထိုင်နေရပါတယ်။ သို့ပေမဲ့ ရထားထဲမှာ သူ့ညီမလေးအတွက် နေရာလုံးဝကို မရှိတာကြောင့် အစ်ကိုဖြစ်သူက သူ့ရဲ့ ပေါင်ပေါ်ထိုင်စေပြီး အိပ်ချင်နေတဲ့ ညီမလေးကို ဂရုစိုက်နဲ့သူ့ရဲ့ရင်ခွင်ထဲကိုမှီကာ အိပ်ခွင့်ပေးခဲ့ပါတယ်။

သူရဲ့ညီမငယ်လေး သူ့ပေါင်ပေါ်မှာ အိပ်နေစဉ် ကောင်လေးကလည်း ငိုက်နေခဲ့တာကြောင့် သူညီမလေးကို ထိတ်လန့်စေမိခဲ့ပါတယ်။ အစ်ကိုဖြစ်သူက အိပ်ပျော်သွားမှာကို စိုးရိမ်တာကြောင့် ကောင်လေးဟာ မငိုက်စေဖို့အတွက် ဖုန်းထုတ်ပြီး ကြည့်နေခဲ့ပါတယ်။ သူမရဲ့အစ်ကိုကျေးဇူးကြောင့် ထိုညီမငယ်ဟာ ရထားပေါ်မှာ ကောင်းမွန်စွာ အိပ်စက်နိုင်ခဲ့ပါတယ်။

ထိုကောင်လေးသူငယ်ရဲ့တာဝန်ယူမှုဟာ ရထားပေါ်က လူအများရဲ့ အာရုံကို ဆွဲဆောင်နိုင်ရုံသာမက လူတို့ရဲ့ နှလုံးသားကိုပါ ထိမိစေခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*