ရည်းစားအယောက် 20 ထားပြီး အိမ်တစ်လုံးအပိုင်ရအောင် အကြံထုတ်ပြီး ကြိုးစားခဲ့တဲ့ မိန်းကလေး

ရည်းစားအယောက် 20 ထားပြီး အိမ်တစ်လုံးအပိုင်ရအောင် အကြံထုတ်ပြီး ကြိုးစားခဲ့တဲ့ မိန်းကလေး

ဒီလိုအဖြစ်အပျက်ကတော့ အတော်လေးကိုကြုံတွေ့ရရှားပါတယ် ။ အကြောင်းကတော့ တရုတ်နိုင်ငံမှာနေထိုင်တဲ့ Xiaoli ဆိုတဲ့နာမည်ပြောင်နဲ့ မိန်းကလေးဟာ ရည်းစားအယောက် 20 ထားခဲ့ပါတယ် ။ ဒါတင်မကသေးပါဘူး သူမက ရည်းစားတိုင်းကို သူမအတွက် iPhone တစ်လုံးစီ လက်ဆောင်ဝယ်ခိုင်းခဲ့ပါတယ် ။

အဆိုပါဖုန်းတွေကို သူမဟာ အခြား mobile phone ဆိုင်တွေမှာ second-hand ဈေးနဲ့ ပြန်ရောင်းချခဲ့ပါတယ် ။ ပြီးရင်တော့ အဆိုပါ ငွေတွေကိုစုပြီး သူမရဲ့အိမ်မက်အတိုင်း ကျေးလက်ဒေသမှာအိမ်အပိုင်တစ်လုံးဝယ်ယူခဲ့ပါတယ် ။သူမအိမ်ပိုင်ရှိနေပြီဆိုတဲ့အကြောင်းကို group ထဲမှာရှိတဲ့ သူမရဲ့သူငယ်ချင်းတွေထံ ကြွားဝါခဲ့လို့ ‘Proud Qiaoba’ အမည်နဲ့ online အသုံးပြုသူ သူငယ်ချင်းတစ်ဦးက သူမရဲ့အကြောင်းကို social media ပေါ်မှာ ဖွပစ်ခဲ့ပါတယ် ။

သူမဟာ မိသားစုထဲမှာအကြီးဆုံးသမီးဖြစ်ပြီး မိခင်ဖြစ်သူက အိမ်ထောင်ရှင်မတစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူမှာတော့ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးပါ ။ ဒါကြောင့် သူမအနေနဲ့ အိမ်အသစ်တစ်လုံးပိုင်ဆိုင်ရဖို့ အတော်လေးခက်ခဲလွန်းခဲ့ပါတယ် ။ သူမသတင်းတွေပေါက်ကြားခဲ့ချိန်မှာတော့ သူမရဲ့ရည်းစားတွေအနေနဲ့တော့ အတော်လေး စိတ်ဒုက္ခဖြစ်ကြရမှာအမှန်ပါပဲလေ ။

အချို့သူတွေက ရည်းစားတစ်ယောက်လေးရဖို့တောင် အတော်လေးခက်ခဲနေပေမဲ့ သူမအနေနဲ့ အယောက် 20 ကို တစ်ခါတည်းထားနိုင်ခဲ့လို့ အတော်လေးကို တော်တတ်လွန်းတဲ့မိန်းကလေးဆိုပြီး လူအချို့က မှတ်ချက်ပေးရေးသားခဲ့ကြပါတယ် ။

Zawgyi

ရည္းစားအေယာက္ 20 ထားၿပီး အိမ္တစ္လုံးအပိုင္ရေအာင္ အႀကံထုတ္ၿပီး ႀကိဳးစားခဲ့တဲ့ မိန္းကေလး

ဒီလိုအျဖစ္အပ်က္ကေတာ့ အေတာ္ေလးကိုႀကဳံေတြ႕ရရွားပါတယ္ ။ အေၾကာင္းကေတာ့ တ႐ုတ္ႏိုင္ငံမွာေနထိုင္တဲ့ Xiaoli ဆိုတဲ့နာမည္ေျပာင္နဲ႔ မိန္းကေလးဟာ ရည္းစားအေယာက္ 20 ထားခဲ့ပါတယ္ ။ ဒါတင္မကေသးပါဘူး သူမက ရည္းစားတိုင္းကို သူမအတြက္ iPhone တစ္လုံးစီ လက္ေဆာင္ဝယ္ခိုင္းခဲ့ပါတယ္ ။

အဆိုပါဖုန္းေတြကို သူမဟာ အျခား mobile phone ဆိုင္ေတြမွာ second-hand ေဈးနဲ႔ ျပန္ေရာင္းခ်ခဲ့ပါတယ္ ။ ၿပီးရင္ေတာ့ အဆိုပါ ေငြေတြကိုစုၿပီး သူမရဲ႕အိမ္မက္အတိုင္း ေက်းလက္ေဒသမွာအိမ္အပိုင္တစ္လုံးဝယ္ယူခဲ့ပါတယ္ ။သူမအိမ္ပိုင္ရွိေနၿပီဆိုတဲ့အေၾကာင္းကို group ထဲမွာရွိတဲ့ သူမရဲ႕သူငယ္ခ်င္းေတြထံ ႂကြားဝါခဲ့လို႔ ‘Proud Qiaoba’ အမည္နဲ႔ online အသုံးျပဳသူ သူငယ္ခ်င္းတစ္ဦးက သူမရဲ႕အေၾကာင္းကို social media ေပၚမွာ ဖြပစ္ခဲ့ပါတယ္ ။

သူမဟာ မိသားစုထဲမွာအႀကီးဆုံးသမီးျဖစ္ၿပီး မိခင္ျဖစ္သူက အိမ္ေထာင္ရွင္မတစ္ဦးျဖစ္ၿပီး ဖခင္ျဖစ္သူမွာေတာ့ ေ႐ႊ႕ေျပာင္းအလုပ္သမားတစ္ဦးပါ ။ ဒါေၾကာင့္ သူမအေနနဲ႔ အိမ္အသစ္တစ္လုံးပိုင္ဆိုင္ရဖို႔ အေတာ္ေလးခက္ခဲလြန္းခဲ့ပါတယ္ ။ သူမသတင္းေတြေပါက္ၾကားခဲ့ခ်ိန္မွာေတာ့ သူမရဲ႕ရည္းစားေတြအေနနဲ႔ေတာ့ အေတာ္ေလး စိတ္ဒုကၡျဖစ္ၾကရမွာအမွန္ပါပဲေလ ။

အခ်ိဳ႕သူေတြက ရည္းစားတစ္ေယာက္ေလးရဖို႔ေတာင္ အေတာ္ေလးခက္ခဲေနေပမဲ့ သူမအေနနဲ႔ အေယာက္ 20 ကို တစ္ခါတည္းထားႏိုင္ခဲ့လို႔ အေတာ္ေလးကို ေတာ္တတ္လြန္းတဲ့မိန္းကေလးဆိုၿပီး လူအခ်ိဳ႕က မွတ္ခ်က္ေပးေရးသားခဲ့ၾကပါတယ္ ။

Be the first to comment

Leave a Reply

Your email address will not be published.


*