
ရည်းစားမရှိသော အမျိုးသားများနှင့် အပြန်အလှန် စာပို့ခြင်းဖြင့် ဝင်ငွေများရရှိသော မိန်းကလေး
ယနေ့ခေတ်တွင် အင်တာနက်လိုင်းများနှင့် အရောင်းအဝယ်လုပ်ခြင်း ငွေလွှဲငွေထုတ်ခြင်း ကုန်ပစ္စည်းများရောင်းချခြင်း စသဖြင့် ပုံစံအမျိုးမျိုးနှင့် ဝင်ငွေများ ရှာကြသည်။
သို့ဖြစ်၍ အမေရိကန်နိုင်ငံမှ Callikoa အမည်ရှိသော အသက် ၂၂နှစ်အရွယ် မိန်းကလေးသည် Tik Tok အကောင့်တစ်ခုတွင် နောက်လိုက်များစွာရှိပြီး အထီးကျန်ပြီး ရည်းစားမရှိသော အမျိုးသားများနှင့် မက်ဆေ့ချ်များ အပြန်အလှန်ပေးပို့ခြင်းဖြင့် ဝင်ငွေများစွာ ရှာနိုင်သူတစ်ဦးလည်း ဖြစ်သည်။
မိန်းကလေးသည် စာပို့ခြင်းအတွက် တစ်ပတ်လျှင် ဒေါ်လာ ၁၀၀ကနေ ၃၀၀အထိ ရရှိသည့်အပြင် ထိုလုပ်ငန်းအား သူမဧ။် ချစ်သူကောင်လေးမှလည်း ငြိုငြင်ခြင်းမရှိ သဘောထားကြီးစွာ ခွင့်ပြုပေးထားသည်။
အခြားသူများက ကောင်လေးအား ကိုယ့်ကောင်မလေးက အခြားသူနှင့် စာပို့နေခြင်းကို သဝန်မတိုတတ်၍ အံ့သြသည်ဟု ဆိုကြရာ အပြင်မှာတွေ့ခြင်းမျိုး မဟုတ်၍ စာပို့လည်း ပို့ခရပြီး မက်ဆေ့ချ်အားလုံးလည်း သူဖတ်ခွင့်ရသည်ဟု ဆိုခဲ့သည်။
မိန်းကလေးသည် ကိုယ့်ချစ်သူမဟုတ်ပဲ တစ်ယောက်နှင့်တစ်ယောက် စာပို့နေရခြင်းသည် အရမ်းစိတ်ရှုပ်စရာကောင်းပေမယ့် ဖြစ်ချင်သော အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ရန် ဝင်ငွေများစွာ ရှာရန်လိုအပ်သေးသည်ဟု ဆိုခဲ့သည်။
Zawgyi
သို့ဖြစ်၍ အမေရိကန်နိုင်ငံမှ Callikoa အမည်ရှိသော အသက် ၂၂နှစ်အရွယ် မိန်းကလေးသည် Tik Tok အကောင့်တစ်ခုတွင် နောက်လိုက်များစွာရှိပြီး အထီးကျန်ပြီး ရည်းစားမရှိသော အမျိုးသားများနှင့် မက်ဆေ့ခ်ျများ အပြန်အလှန်ပေးပို့ခြင်းဖြင့် ဝင်ငွေများစွာ ရှာနိုင်သူတစ်ဦးလည်း ဖြစ်သည်။
အခြားသူများက ကောင်လေးအား ကိုယ့်ကောင်မလေးက အခြားသူနှင့် စာပို့နေခြင်းကို သဝန်မတိုတတ်၍ အံ့သြသည်ဟု ဆိုကြရာ အပြင်မှာတွေ့ခြင်းမျိုး မဟုတ်၍ စာပို့လည်း ပို့ခရပြီး မက်ဆေ့ခ်ျအားလုံးလည်း သူဖတ်ခွင့်ရသည်ဟု ဆိုခဲ့သည်။
Leave a Reply