ရည်းစားပင် မရှိသေးသော သား ၄ယောက်ကို လိုင်းပေါ်တွင် ပုံများတင်ကာ အိမ်ထောင်ဖက် ရှာပေးနေသော မိခင်

ရည်းစားပင် မရှိသေးသော သား ၄ယောက်ကို လိုင်းပေါ်တွင် ပုံများတင်ကာ အိမ်ထောင်ဖက် ရှာပေးနေသော မိခင်

လောကကြီးတွင် လူတစ်ယောက်စီတိုင်းဧ။် အတွေးအခေါ်နှင့် စိတ်နေသဘောထားများသည် မတူညီပဲရှိကာ မိဘအများစုမှာ သူတို့ဧ။် သားသမီးများကို အရွယ်ရောက်နေပြီဖြစ်သော်လည်း မည်သည့်လက်ထဲမှ ထည့်မပေးချင်ပဲ အရိပ်တကြည့်ကြည့်နှင့် ကလေးလေးတစ်ယောက်လို မြင်ပြီး အနားမာပဲ ရှိနေစေချင်ကြသည်။

သို့သော်လည်း အချို့သော မိဘများမှာ သူတို့ဧ။်သားသမီးများ ရင့်ကျက်တည်ငြိမ်သော အိမ်ထောင်သည်ဘဝနှင့် မိသားစုလေးနှင့် ပျော်ပျော်ရွှင်ရွှင် သိုက်သိုက်ဝန်းဝန်းဖြစ်နေတာကို မြင်ချင်ကြပြီး သဘောကျသူများတွေ့လျှင် ပေးစားတတ်ကြသည်။

ယခုအခါတွင်လည်း ဗီယက်နမ်နိုင်ငံမှ မိခင်တစ်ဦးသည် သား ၄ယောက် နှင့် သမီးတစ်ယောက်ရှိပြီဖြစ်သော်လည်း ရုပ်ရည်ကျမသွားပဲ နုပျိုနေဆဲပင် ဖြစ်သည်။

ထိုမိခင်ဖြစ်သူသည် သား၄ယောက်ကို အိမ်ထောင်ကျချင်စေပြီး သားဖြစ်သူတွေမှာ ချစ်သူရည်းစားပင် မရှိကြ၍ သူကိုယ်တိုင် လိုင်းပေါ်ပုံများတင်ကာ အိမ်ထောင်ဖက် ကောင်မလေးကို လိုက်ရှာပေးခဲ့သည်။အကြီးဆုံးသားဖြစ်သူမှာ အသက် ၂၇နှစ်အရွယ်ရှိရေကြောင်းရဲတပ်ဖွဲ့အရာရှိဖြစ်ပြီး ဒုတိယသားမှာ အသက် ၂၅နှစ်အရွယ် ကမ်းခြေစောင့်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေခဲ့သည်။

တတိယသားမှာ အသက် ၂၁အရွယ်ရှိ အင်္ဂလန်နိုင်ငံတွင် ပညာသင်ကြားနေပြီး အငယ်ဆုံးသားမှာတော့ ၁၈နှစ်အရွယ်ရှိ ကိုးရီးယားတွင် ပညာသင်ကြားနေဆဲဖြစ်သည်။

သားဖြစ်သူတွေမှာ ရုပ်ရည်ချောမောပြီး စတိုင်ကျမှုကြောင့် အကောင့်တွင် မိန်းကလေးတော်တော်များများမှာ “ချွေးမဖြစ်ချင်ကြောင်း ဘယ်တစ်ယောက်နှင့် ပေးစားပေးစား အဆင်ပြေသည်”ဆိုပြီး ဝင်မန့်ကြသည်။

Zawgyi

ရည္းစားပင္ မရွိေသးေသာ သား ၄ေယာက္ကို လိုင္းေပၚတြင္ ပုံမ်ားတင္ကာ အိမ္ေထာင္ဖက္ ရွာေပးေနေသာ မိခင္

ေလာကႀကီးတြင္ လူတစ္ေယာက္စီတိုင္းဧ။္ အေတြးအေခၚႏွင့္ စိတ္ေနသေဘာထားမ်ားသည္ မတူညီပဲရွိကာ မိဘအမ်ားစုမွာ သူတို႔ဧ။္ သားသမီးမ်ားကို အ႐ြယ္ေရာက္ေနၿပီျဖစ္ေသာ္လည္း မည္သည့္လက္ထဲမွ ထည့္မေပးခ်င္ပဲ အရိပ္တၾကည့္ၾကည့္ႏွင့္ ကေလးေလးတစ္ေယာက္လို ျမင္ၿပီး အနားမာပဲ ရွိေနေစခ်င္ၾကသည္။

သို႔ေသာ္လည္း အခ်ိဳ႕ေသာ မိဘမ်ားမွာ သူတို႔ဧ။္သားသမီးမ်ား ရင့္က်က္တည္ၿငိမ္ေသာ အိမ္ေထာင္သည္ဘဝႏွင့္ မိသားစုေလးႏွင့္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ သိုက္သိုက္ဝန္းဝန္းျဖစ္ေနတာကို ျမင္ခ်င္ၾကၿပီး သေဘာက်သူမ်ားေတြ႕လွ်င္ ေပးစားတတ္ၾကသည္။

ယခုအခါတြင္လည္း ဗီယက္နမ္ႏိုင္ငံမွ မိခင္တစ္ဦးသည္ သား ၄ေယာက္ ႏွင့္ သမီးတစ္ေယာက္ရွိၿပီျဖစ္ေသာ္လည္း ႐ုပ္ရည္က်မသြားပဲ ႏုပ်ိဳေနဆဲပင္ ျဖစ္သည္။

ထိုမိခင္ျဖစ္သူသည္ သား၄ေယာက္ကို အိမ္ေထာင္က်ခ်င္ေစၿပီး သားျဖစ္သူေတြမွာ ခ်စ္သူရည္းစားပင္ မရွိၾက၍ သူကိုယ္တိုင္ လိုင္းေပၚပုံမ်ားတင္ကာ အိမ္ေထာင္ဖက္ ေကာင္မေလးကို လိုက္ရွာေပးခဲ့သည္။အႀကီးဆုံးသားျဖစ္သူမွာ အသက္ ၂၇ႏွစ္အ႐ြယ္ရွိေရေၾကာင္းရဲတပ္ဖြဲ႕အရာရွိျဖစ္ၿပီး ဒုတိယသားမွာ အသက္ ၂၅ႏွစ္အ႐ြယ္ ကမ္းေျခေစာင့္တပ္ဖြဲ႕တြင္ တာဝန္ထမ္းေဆာင္ေနခဲ့သည္။

တတိယသားမွာ အသက္ ၂၁အ႐ြယ္ရွိ အဂၤလန္ႏိုင္ငံတြင္ ပညာသင္ၾကားေနၿပီး အငယ္ဆုံးသားမွာေတာ့ ၁၈ႏွစ္အ႐ြယ္ရွိ ကိုးရီးယားတြင္ ပညာသင္ၾကားေနဆဲျဖစ္သည္။

သားျဖစ္သူေတြမွာ ႐ုပ္ရည္ေခ်ာေမာၿပီး စတိုင္က်မႈေၾကာင့္ အေကာင့္တြင္ မိန္းကေလးေတာ္ေတာ္မ်ားမ်ားမွာ “ေခြၽးမျဖစ္ခ်င္ေၾကာင္း ဘယ္တစ္ေယာက္ႏွင့္ ေပးစားေပးစား အဆင္ေျပသည္”ဆိုၿပီး ဝင္မန႔္ၾကသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*