ရည်းစားနှင့် ပြတ်စဲပြီးနောက် အရင်က ချစ်ဂတိကဝတ်ပြုပြီး သော့ခလောက်များ ချိတ်ဆွဲခဲ့သော မျှော်စင်သို့ ပြန်သွား၍ ဖျတ်ခဲ့သော မိန်းကလေး

ရည်းစားနှင့် ပြတ်စဲပြီးနောက် အရင်က ချစ်ဂတိကဝတ်ပြုပြီး သော့ခလောက်များ ချိတ်ဆွဲခဲ့သော မျှော်စင်သို့ ပြန်သွား၍ ဖျတ်ခဲ့သော မိန်းကလေး

လူသားတို့သည် ချစ်သူရည်းစားဘဝရောက်သောအခါ နေရာအစုံလျှောက်သွားပြီး ပျော်ရွှင်ဖွယ်အမှတ်တရလေးများ ဖန်တီးကြသည်။

ယခုအခါတွင်လည်း ကတ်စီအမည်ရှိ အသက်၂၃နှစ်အရွယ် မိန်းကလေးသည် ချစ်သူကောင်လေးနှင့်အတူ နာမည်ကြီး နေရာတစ်ခုဖြစ်သော တောင်ကိုးရီးယားနိုင်ငံရှိ N Seoul မျှော်စင်သို့ အလည်အပတ်သွားခဲ့ပြီး အမှတ်တရအနေနှင့် ဘယ်တော့မှ မခွဲပူး ဆိုသည့်အတိုင်း ဂတိသစ္စာများ ဆိုခဲ့ကြသည်။

ထို့အတူ သူတို့ချစ်သူနှစ်ဦးသည် စတိုးဆိုင်တစ်ခုမှ သော့ခလောက်ငယ်လေးတစ်လုံးအား ဝယ်ယူကာ နာမည်များရေးကာ အခြားစုံတွဲတွေလို သော့ခတ်ပြီး အမှတ်တရအနေနှင့် မျှော်စင်တွင် ချိတ်ဆွဲခဲ့သည်။

ထို့နောက် ထင်မှတ်မထားဘဲ သူတို့နှစ်ဦးမှာ လမ်းခွဲပြတ်စဲခဲ့ကြ၍ ကတ်စီသည် မိုင် ၆၀၀၀ အကွာအဝေးရှိသော တောင်ကိုးရီးယား မျှော်စင်သို့ ပြန်လည်သွားရောက်ခဲ့သည်။

ထိုသို့ သွားရခြင်းမှာ ကတ်စီသည် ချစ်သူဟောင်းနှင့် အမှတ်တရချန်ခဲ့သော ထိုသော့ခလောက်လေးအား ဖျတ်စီးပစ်လိုက်ရန်ဖြစ်ပြီး သူမသွားခဲ့သော ခရီးစဉ်အား tik tokတွင် တင်ခဲ့ရာ အစွဲလမ်းကြီးသူအဖြစ် ထင်မြင်ချက်များ ပေးကြသည်။

Zawgyi

ရည္းစားႏွင့္ ျပတ္စဲၿပီးေနာက္ အရင္က ခ်စ္ဂတိကဝတ္ျပဳၿပီး ေသာ့ခေလာက္မ်ား ခ်ိတ္ဆြဲခဲ့ေသာ ေမွ်ာ္စင္သို႔ ျပန္သြား၍ ဖ်တ္ခဲ့ေသာ မိန္းကေလး

လူသားတို႔သည္ ခ်စ္သူရည္းစားဘဝေရာက္ေသာအခါ ေနရာအစုံေလွ်ာက္သြားၿပီး ေပ်ာ္႐ႊင္ဖြယ္အမွတ္တရေလးမ်ား ဖန္တီးၾကသည္။

ယခုအခါတြင္လည္း ကတ္စီအမည္ရွိ အသက္၂၃ႏွစ္အ႐ြယ္ မိန္းကေလးသည္ ခ်စ္သူေကာင္ေလးႏွင့္အတူ နာမည္ႀကီး ေနရာတစ္ခုျဖစ္ေသာ ေတာင္ကိုးရီးယားႏိုင္ငံရွိ N Seoul ေမွ်ာ္စင္သို႔ အလည္အပတ္သြားခဲ့ၿပီး အမွတ္တရအေနႏွင့္ ဘယ္ေတာ့မွ မခြဲပူး ဆိုသည့္အတိုင္း ဂတိသစၥာမ်ား ဆိုခဲ့ၾကသည္။

ထို႔အတူ သူတို႔ခ်စ္သူႏွစ္ဦးသည္ စတိုးဆိုင္တစ္ခုမွ ေသာ့ခေလာက္ငယ္ေလးတစ္လုံးအား ဝယ္ယူကာ နာမည္မ်ားေရးကာ အျခားစုံတြဲေတြလို ေသာ့ခတ္ၿပီး အမွတ္တရအေနႏွင့္ ေမွ်ာ္စင္တြင္ ခ်ိတ္ဆြဲခဲ့သည္။

ထို႔ေနာက္ ထင္မွတ္မထားဘဲ သူတို႔ႏွစ္ဦးမွာ လမ္းခြဲျပတ္စဲခဲ့ၾက၍ ကတ္စီသည္ မိုင္ ၆၀၀၀ အကြာအေဝးရွိေသာ ေတာင္ကိုးရီးယား ေမွ်ာ္စင္သို႔ ျပန္လည္သြားေရာက္ခဲ့သည္။

ထိုသို႔ သြားရျခင္းမွာ ကတ္စီသည္ ခ်စ္သူေဟာင္းႏွင့္ အမွတ္တရခ်န္ခဲ့ေသာ ထိုေသာ့ခေလာက္ေလးအား ဖ်တ္စီးပစ္လိုက္ရန္ျဖစ္ၿပီး သူမသြားခဲ့ေသာ ခရီးစဥ္အား tik tokတြင္ တင္ခဲ့ရာ အစြဲလမ္းႀကီးသူအျဖစ္ ထင္ျမင္ခ်က္မ်ား ေပးၾကသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*