ရည်းစားတွေကောင်းမှုကို အကြောင်းပြုပြီး ပိုက်ဆံတစ်ပြားမှ မကုန်ပဲ ကမ္ဘာပတ်နေတဲ့ အမျိုးသမီး

အမေရိကန်နိုင်ငံက အသက် ၂၀ အရွယ် အယ်လစ်ဆာရာမို့စ်ဟာ ခရီးသွား dating ဝက်ဆိုဒ်တစ်ခုကို အသုံးပြုပြီး ခဏတာတွဲတဲ့ အမျိုးသားတွေနဲ့ ကမ္ဘာတစ်လွှားကို အလည်အပတ်သွားနေ နိုင်ခဲ့ပါတယ်။

သူမက misstravel.com အမည်ရှိ ဝက်ဆိုဒ်ကို အသုံးပြုပြီး သူမသွားလိုတဲ့ ခရီးစဉ်တွေအတွက် ကုန်ကျစားရိတ် ကျခံပေးနိုင်မယ့် အမျိုးသားတွေကို ရှာဖွေပြီး ခရီးတွေသွားခဲ့တာပါ ။ ဒီဆိုဒ်ဟာ ခရီးအတူတူ သွားလိုသူတွေကို ချိတ်ဆက်မိတ်ဆက်ပေးတဲ့ ဝက်ဆိုဒ်တစ်ခု ဖြစ်ပါတယ်။

သူမဟာ များစွာသော ကောင်းပေ့ဆိုတဲ့ နေရာတွေကို ကုန်ကျစားရိတ်မရှိပဲ သွားခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ သူမဟာ လေယာဉ်လက်မှတ်ကစလို့ စားသောက်နေထိုင်စားရိတ်တွေတောင် ကုန်ကျခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။ သူမနဲ့ တွေ့တဲ့ အမျိုးသားတိုင်းဟာ လူကြီးလူကောင်း ဆန်ကြတယ်လို့ သူမကတော့ ဆိုပါတယ်။

သူမအနေနဲ့ ဒီဝက်ဆိုဒ်ကနေ ချိန်းတွေ့ဖြစ်တဲ့ အမျိုးသားတွေနဲ့ အတူအိပ်တာမျိုး မလုပ်ခဲ့ပဲ လည်ပတ်စားသောက်တာမျိုးပဲ ပြုလုပ်တယ်လို့ အင်တာဗျူးတစ်ခုမှာ ဆိုထားပါတယ်။

သူမလို ကံကောင်းဖို့ဆိုတာကတော့ တကယ်ပဲ မလွယ်လှပါဘူး။

Be the first to comment

Leave a Reply

Your email address will not be published.


*