
ရင်သားကင်ဆာဖြစ်နေသော ချစ်သူမိန်းကလေးဧ။် နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးခြင်းဖြင့် မင်္ဂလာပွဲကျင်းပပေးခဲ့သော အမျိုးသား
လောကကြီးတွင် သေခြင်းတရားကို မည်သူမျှ ရှောင်လွှဲလို့ မရသောအခါ တစ်ဦးနှင့်တစ်ဦး မခွဲခွာခင် ဖြစ်ချင်သော အိပ်မက်စိတ်ကူးများကို ချစ်သောသူများမှ ဖြည့်ဆည်းပေးတတ်ကြသည်။
ယခုအခါတွင်လည်း စကော့တလန်နိုင်ငံမှ Natalie Sanders အမည်ရှိသော အသက် ၃၀နှစ်အရွယ် အမျိုးသမီးသည် ရင်သားကင်ဆာရောဂါ ရှိနေကြောင်း ရုတ်တရက် သိလိုက်ရသောအခါ အလွန်ဝမ်းနည်း ထိတ်လန့်တုန်လှုပ်ခဲ့ရသည်။
ထို့ကြောင့် ဆရာဝန်များထံ အနီးကပ် သွားရောက်ကုသခဲ့သော်လည်း ကင်ဆာမှာ ရင်သားတစ်ခုလုံး ရောဂါပိုး ပျံ့နှံ့သွားပြီဖြစ်၍ လက်လျှော့လိုက်ရကာ သေမည့်နေ့ကို ထိုင်စောင့်နေရသလို နေ့ရက်အနည်းငယ် ဖြတ်သန်းလာခဲ့သည်။
အမျိုးသမီးသည် နောက်ဆုံးကင်ဆာရောဂါ အဆင့်ကို ခံစားနေရချိန် ဖြစ်ချင်သော အိပ်မက်တစ်ခုရှိခဲ့သည်။အမျိုးသမီးသည် ချစ်သူအမျိုးသား Idris Mohanmmad နှင့် မသေခင် လက်ထပ်သွားလိုသည့် ဆန္ဒဖြစ်ပြီး သူမ လုပ်နိုင်ပါ့မလား ဆိုသည့်အတွေးများကြောင့် ကြောက်ရွံ့နေခဲ့မိသည်။သို့သော်လည်း ချစ်သူအမျိုးသားနှင့် သူမဧ။် မိဘသူငယ်ချင်း ဆွေမျိုး အသိုင်းအဝန်းများမှ သူမဧ။် အိပ်မက်ကို အကောင်အထည်ဖော်ပေးရန် ကြိုးစားခဲ့ကြပြီး စကော့တလန်ရဲတိုက်တွင် ပျော်ရွှင်စွာ မင်္ဂလာပွဲ ကျင်းပခဲ့ကြသည်။
သူမလည်း အရမ်းဝမ်းသာခဲ့ရပြီး ထိုနေ့အတွက် အမှတ်တရကောင်းလေးအဖြစ် ကျန်နေခဲ့မည် ဟုဆိုခဲ့ပြီး လူအများမှ အမျိုးသားအား မွန်မြတ်သော စိတ်ထားရှိသူအဖြစ် ချီးမွမ်းခဲ့ကြသည်။
Zawgyi
Leave a Reply