ရင်ကြပ်ခြင်း အတွက် အိမ်တွင်း ကုထုံး များ

တစ်ခါတစ်လေ အသက်ရှုလမ်းကြောင်း ပိုးဝင်တဲ့အခါ ရင်ကြပ် တာ အသက်ရှုကြပ် တာ ဖြစ်တတ်ပါတယ်။ သူက ချွဲသလိပ်တွေ ကပ်နေစေတတ်ပြီး ရင်ဘတ် တင်းကြပ်နေတာမျိုး အသက်ရှုမဝတာမျိုး ဖြစ်စေပါတယ်။ အအေးမိခြင်း၊ တုတ်ကွေး၊ ချောင်းဆိုး တာနဲ့ အဆုတ်အအေးပတ်ခြင်းက ရင်ကြပ်ခြင်းကိုဖြစ်ပေါ်စေပါတယ်။ ဒါတွေက အသက်ရှုလမ်းကြောင်း ရောဂါ တွေနဲ့ ဆက်စပ်မှုရှိပြီး ကုသပေးနိုင်တဲ့ ဆေး တွေလည်းရှိပါတယ်။ အခုပြောပြမှာတော့ ရင်ကြပ်ခြင်း ကို သက်သာစေမယ့် အိမ်တွင်း ကုထုံး လေးတွေ ဖြစ်ပါတယ်။

၁။ ရေနွေးငွေ့
ရေနွေးငွေ့ ကို ရှုသွင်းပေးခြင်းက လေပြွန်တစ်လျှောက်မှာ ချွဲသလိပ်တွေကပ်နေခြင်းကို လျှော့ချပေးနိုင်ပါတယ်။ အိမ်မှာပဲ ရေနွေးပူပူ လေးတည် ရေဇလ ုံလေးထဲထည့်ပြီး မျက်နှာနဲ့အနည်းငယ်ခွာကာ ရှုသွင်းပေးပါ။


၂။ ဂျင်းပြုတ်ရည်
ဂျင်းပြုတ်ရည် သို့မဟုတ် ဂျင်းလက်ဖက်ရည်ဟာ ရင်ကြပ်ခြင်း အတွက် တော်တော်များများညွှန်းဆိုကြတဲ့ နည်းလမ်းကောင်းလေးပါ။ ဘာလို့လဲဆိုတော့ စိတ်ကိုအေးချမ်းစေလို့ပါ။ ရေနွေးပူ ပူလေးထဲမှာ ဂျင်းလေ းနည်းနည်းထည့်ပြုတ်ပါ။ သံပုရာရည ်အနည်းငယ် သို့မဟုတ် ပျားရည်အနည်းငယ် ရောစပ်ပြီး သောက်သုံးနိုင်ပါတယ်။

၃။ ပန်းသီး ရှာလကာရည်
ပန်းသီး ရှာလကာရည ်ဟာလည်း စိတ်ငြိမ်နိုင်စေပြီး ရင်ကြပ်ခြင်းကို လျှော့ချပေးနိုင်တဲ့ ဆေးစွမ်းတစ်မျိုးဖြစ်ပါတယ်။ ရေတစ်ဖန်ခွက်ထဲမှာ ပန်းသီး ရှာလကာရည် နှစ်ဇွန်းလောက်ထည့်ပြီး တစ်နေ့သုံးကြိမ်သောက်သုံးပါ။

၄။ နနွင်း
နွားနို့ ပူပူလေးတစ်ခွက်ထဲ နနွင်း အနည်းငယ်ထည့်ပြီး ရောစပ် သောက်သုံးခြင်းက ရင်ကြပ်ခြင်းကို သက်သာစေပြီး ညဘက် ကောင်းကောင်းအိပ်ပျော်စေပါတယ်။ လည်ချောင်း နာပြီး အသက်ရှုကြပ်တာမျိုးဖြစ်ရင် နနွင်းကို ရေတစ်ဖန်ခွက်နဲ့ဖျော်သောက်လိုက်ပါ။ တစ်နေ့ကို သောက်နိုင်သလောက် များများသောက်ပါ။

၅။ ဆားရည် နွေးနွေးလေး
အလွယ်ဆုံး နည်းလမ်းလေးကတော့ ရေနွေးနွေးလေး ထဲမှာ ဆားတစ်ဇွန်းခပ်ပြီး သောက်လိုက်ဖို့ပါပဲ။ ဆားဟာ ဘက်တီးရီးယားတွေကို တိုက်ခိုက်နိုင်တဲ့အပြင် သန့်စင်ပေးနိုင်ပါသေးတယ်။ ဒါ့အပြင် လေပြွန်တစ်လျှောက် ပိုးဝင်ရောက်မှုကို အကောင်းဆုံး တိုက်ဖျက်ပေးနိုင်ပြီး ရင်ကြပ် တာကို ကာကွယ်ပေးနိုင်ပါသေးတယ်။

၆။ ရှောက်ရည်

ရှောက်ရည်မ ှာ ဗီတာမင ်စီဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် ကိုယ်ခံအားကိုတိုးစေပါတယ်။ ရလာဒ်အနေနဲ့ကတော့ ခန္ဓာကိုယ ်ဟာ အသက်ရှုလမ်းကြောင်း ပိုးဝင်မှု ကို တိုက်ခိုက်ဖို့ ပိုမိုခုခံအားရှိလာစေပါတယ်။ ဒါပေမယ့် သကြားများများခတ်ခြင်းကို ရှောင်ကြဉ်ရပါမယ်။

၇။ ကြက်သွန်ဖြူ
ကြက်သွန်ဖြူ များများ စားတာက ရင်ကြပ် တာအတွက် အရမ်းကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုဖြစ်စေပါတယ်။ ဒါက သဘာ၀ ဆေးစွမ်းကောင်းပါပဲ။ ကြက်သွန်ဖြူဟာ အသက်ရှုလမ်းကြောင်းကို ရောင်ရမ်းစေတဲ့ ဘယ်ပိုးကိုမဆိုတိုက်ခိုက်နိုင်ပါတယ်။ ဒီတိုင်းအစိမ်းလိုက်ပဲ ဖြစ်ဖြစ် ဆေးစပ်ထားတာပဲဖြစ်ဖြစ် စားသုံးနိုင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*