ယောင်္ကျားလေးဟန်ဆောင်ပြီး မိန်းမယူခဲ့တဲ့ အမျိုးသမီး အဖမ်းခံရ

အင်ဒိုနီးရှား နိုင်ငံက အသက် ၄၀ အရွယ် ဆူရတ်တီဟာ မိန်းကလေးတစ်ဦးဖြစ်ပေမယ့် ယောင်္ကျားလေးဟန်ဆောင်ပြီး အမျိုးသမီးတစ်ဦးကို လက်ထပ်ယူခဲ့ပါတယ် ။ အခုတော့ သူမကို သူမရဲ. ဇနီးဖြစ်သူက တိုင်ကြားမှုကြောင့် ရဲတွေက ဖမ်းဆီးလိုက်ပြီ ဖြစ်ပါတယ်။

သူမက မိုဟာမက် အက်ဖန်ဒီဆပူထရာ ဆိုတဲ့ အမျိုးသားအမည်ကို ယူထားသလို သူမကိုယ်သူမ ရဲအရာရှိတစ်ဦးလို့လည်း လူတွေကို ပြောကြားထားခဲ့ပြီး အသက် ၂၅ နှစ်အရွယ် ဟီနီယာတီဆိုတဲ့ အမျိုးသမီးကို လက်ထပ်ခဲ့ပြီး ၊ လက်ထပ်ပွဲမှာတောင် အမျိုးအဖြစ် ပြုလုပ်ပေးဖို့ လူတွေကို ငှားရမ်းခဲ့ပါသေးတယ် ။

သူတို့လက်ထပ်ပြီး လအနည်းငယ်ကြာတဲ့ထိ လင်မယားအရာ မမြောက်ပဲ ငြင်းဆန်နေတာမို့ မိန်းမဖြစ်သူက သံသယရှိနေပြီး ၊ နောက်ပိုင်းမှာ မှတ်ပုံတင်ကဒ်အစစ်ကို တေ့ွပြီး မိန်းမဆိုတာ သိခဲ့ကာ ရဲတွေကိုတိုင်ကြားခဲ့တာပါ ။

ဆူရတ်တီဟာ သူမမှာ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီးဖြစ်ကာ ထောင်ဒစ် ၇ နှစ်ကျနိုင်တဲ့ အနေအထားမှာ ရှိနေပြီး ၊ သူမဟာ အမျိုးသမီးဘဝနဲ့တုန်းက ယောင်္ကျားရခဲ့ဖူးပြီး အသက် ၁၇ နှစ်အရွယ် ကလေးတစ်ဦးလည်း ရှိတယ်လို့ ဆိုပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*