ယုံကြည်ဖို့တောင်ခက်ခဲလွန်းလှတဲ့ ခွေးလေး နဲ့ ကြွက်လေး တို့ရဲ့နောက်ကြောင်းပုံပြင်လေး

ယုံကြည်ဖို့တောင်ခက်ခဲလွန်းလှတဲ့ ခွေးလေး နဲ့ ကြွက်လေး တို့ရဲ့နောက်ကြောင်းပုံပြင်လေး

အသက် ၅နှစ်အရွယ် Osiris လို့ခေါ်တဲ့ခွေးလေး နှင့် ၇ လ အရွယ် Riff လို့ခေါ်တဲ့ကြွက်တစ်ကောင်တို့ဟာ အလွန်ကြီးမားတဲ့ အရွယ်အစားကွာဟမှုရှိနေပေမဲ့လည်း လုံးဝမခွဲမခွါနိုင်တဲ့သူငယ်ချင်းကောင်းများဖြစ်ကြပါတယ်။ရာဇဝင်မှာ တစ်စက္ကန့်မျှမိတ်မဖွဲ့ဖူးတဲ့ သူတို့က တစ်ယောက်အပေါ်တစ်ယောက်ထားရှိတဲ့ယုံကြည်မှုက လက်ဖျားခါလောက်ပါတယ်။

Osiris ရဲ့ပိုင်ရှင်က ၄ ​​ပတ်အရွယ်သာရှိသေးတဲ့ Riff ကိုကယ်ဆယ်လိုက်ပြီး အိမ်ခေါ်လာခဲ့တုန်းက Riff ဟာ မျက်လုံးတောင်မဖွင့်နိုင်သေးပါဘူး။ အရမ်းကိုထိခိုက်လွယ်ပြီးသေးငယ်လွန်းတဲ့ Riff ကို ပြွန်ဖြင့် နို့တိုက်ကျွေးခဲ့ရပါတယ်။Osiris အသက်ငယ်စဉ်တုန်းကလည်း ကားရပ်နားရာနေရာမှာ စွန့်ပစ်ခံခဲ့ရပြီး ၎င်းမိသားစုက သူ့ကို ယာယီခေါ်ဆောင်သွားခဲ့ပေမဲ့ Osiris က ခေါင်းခဲပြီးလှဲကျသွားခဲ့တာကြောင့် သူ့ကိုအမြဲခေါ်ထားဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

Osiris ဟာ ကြီးမားတဲ့ခွေးတစ်ကောင်ဖြစ်ပြီး Riff က ကြွက်သေးသေးလေးဖြစ်တဲ့အတွက်ကြောင့် Osiris က တစ်နည်းနည်းနဲ့ Riff ကို ထိခိုက်ဖို့ကြိုးစားလိမ့်မယ်လို့ မိသားစုများက စိုးရိမ်ခဲ့ကြပါတယ်။” Riff က Osiris လျှာ နဲ့ သူ့ကိုလျက်တာကို အရမ်းကြိုက်တယ် ၊

 

Osiris က Riff ကို စားလိုက်မှာ ကြောက်လန့်နေခဲ့တာ ၊ Osiris က Riff ကိုပြုစုပျိုးထောင်ဖို့ နှင့်ဂရုစိုက်ဖို့ ကူညီပေးခဲ့ပြီး ကျွန်တော်တွေ့ဖူးသမျှမှာ အသိတက်ဆုံးခွေးလေးတစ်ကောင်ပါ “လို့ ပိုင်ရှင်ဖြစ်သူက Instagram မှာ ပြောပြခဲ့ပါတယ်။

သူတို့အချင်းချင်း မမျှော်လင့်တဲ့မိတ်ဆွေဖြစ်မှုကို တွေ့မြင်ရခြင်းက ဒီကမ္ဘာမြေကြီးပေါ်က ကျန်သတ္တဝါများနှင့် အထူးသဖြင့် လူသားများအတွက် မျှော်လင့်ချက်အနည်းငယ်ပေးနေပုံရပါတယ်။Riff နှင့် Osiris တို့ရဲ့ဆက်ဆံရေးက မြင်သူတိုင်းကို ပြုံးပျော်မိသွားစေမှာ အမှန်ပါဘဲ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*