
ယာဉ်မောင်းလိုင်စင်မရှိတဲ့အဆုံး ကလေးအရုပ်ကားကို မောင်းပြီးကျောင်းတက်ခဲ့တဲ့ မိန်းကလေး (ရုပ်သံ)
Tara Monore အမည်ရှိတဲ့ မိန်းကလေးဟာ Texas State University မှ ကျောင်းသူလေးတစ်ဦးပါ ။ တစ်ရက်မှာတော့ သူမဟာ ကားမောင်းနေရင်း သောက်စားထားခြင်းရှိ/မရှိ စစ်ဆေးတဲ့ ယာဉ်ထိန်ရဲတို့အသုံးပြုတဲ့ Breathalyzer test ကို စစ်ဆေးခံဖို့ ငြင်းဆိုခဲ့လို့ ယာဉ်မောင်းလိုင်စင် ယာယီထိန်းသိမ်းရပ်ဆိုင်းထားခြင်းခံခဲ့ရပါတယ် ။
အဆိုပါ သတင်းကိုကြားတာနဲ့ ဖခင်ဖြစ်သူကလည်း သူမရဲ့ကားကို လာရောက်သိမ်းဆည်းပြီး ကျောင်းသွားဖို့ သူမအတွက် စက်ဘီးတစ်စီးသာ ချန်ထားရစ်ပေးခဲ့ပါတယ် ။ဒါကြောင့် ယာဉ်မောင်းလိုင်စင်ပြန်မရခင် အသုံးပြုဖို့ ကားတစ်စီးကို သူမရှာဖွေခဲ့ပါတော့တယ် ။ အဲဒါကတော့ Charlene ဆိုတဲ့ ကလေးမဆီကနေ အရုပ်မကားလေးကို $60 ပေးပြီး ဝယ်ယူခဲ့လို့ပါပဲ ။ ထိုအချိန်ကတည်းက သူမဟာ အဆိုပါအရုပ်ကားလေးနဲ့ တက္ကသိုလ်အနှံ့လည်ပတ်မောင်းနှင်လေ့ရှိပါတယ် ။
သူမရဲ့ထူးဆန်းတဲ့ ကားလေးကြောင့် အခြားကျောင်းသူတွေက သူမရဲ့အဖြစ်ကို video ရိုက်ကူးပြီး social media ပေါ် ဝေမျှခဲ့လို့ သူမဟာ ကျောင်းမှာ အတော့်ကိုနာမည်ကြီးတဲ့ ကျောင်းသူတစ်ဦး ဖြစ်လာခဲ့ပါတော့တယ် ။
Zawgyi
ယာဥ္ေမာင္းလိုင္စင္မရွိတဲ့အဆုံး ကေလးအ႐ုပ္ကားကို ေမာင္းၿပီးေက်ာင္းတက္ခဲ့တဲ့ မိန္းကေလး (႐ုပ္သံ)
Tara Monore အမည္ရွိတဲ့ မိန္းကေလးဟာ Texas State University မွ ေက်ာင္းသူေလးတစ္ဦးပါ ။ တစ္ရက္မွာေတာ့ သူမဟာ ကားေမာင္းေနရင္း ေသာက္စားထားျခင္းရွိ/မရွိ စစ္ေဆးတဲ့ ယာဥ္ထိန္ရဲတို႔အသုံးျပဳတဲ့ Breathalyzer test ကို စစ္ေဆးခံဖို႔ ျငင္းဆိုခဲ့လို႔ ယာဥ္ေမာင္းလိုင္စင္ ယာယီထိန္းသိမ္းရပ္ဆိုင္းထားျခင္းခံခဲ့ရပါတယ္ ။
အဆိုပါ သတင္းကိုၾကားတာနဲ႔ ဖခင္ျဖစ္သူကလည္း သူမရဲ႕ကားကို လာေရာက္သိမ္းဆည္းၿပီး ေက်ာင္းသြားဖို႔ သူမအတြက္ စက္ဘီးတစ္စီးသာ ခ်န္ထားရစ္ေပးခဲ့ပါတယ္ ။ဒါေၾကာင့္ ယာဥ္ေမာင္းလိုင္စင္ျပန္မရခင္ အသုံးျပဳဖို႔ ကားတစ္စီးကို သူမရွာေဖြခဲ့ပါေတာ့တယ္ ။ အဲဒါကေတာ့ Charlene ဆိုတဲ့ ကေလးမဆီကေန အ႐ုပ္မကားေလးကို $60 ေပးၿပီး ဝယ္ယူခဲ့လို႔ပါပဲ ။ ထိုအခ်ိန္ကတည္းက သူမဟာ အဆိုပါအ႐ုပ္ကားေလးနဲ႔ တကၠသိုလ္အႏွံ႔လည္ပတ္ေမာင္းႏွင္ေလ့ရွိပါတယ္ ။
သူမရဲ႕ထူးဆန္းတဲ့ ကားေလးေၾကာင့္ အျခားေက်ာင္းသူေတြက သူမရဲ႕အျဖစ္ကို video ႐ိုက္ကူးၿပီး social media ေပၚ ေဝမွ်ခဲ့လို႔ သူမဟာ ေက်ာင္းမွာ အေတာ့္ကိုနာမည္ႀကီးတဲ့ ေက်ာင္းသူတစ္ဦး ျဖစ္လာခဲ့ပါေတာ့တယ္ ။
Leave a Reply