ယာဉ်မတော်တဆဖြစ်တာမျိုးမဟုတ်ဘဲ မြစ်ထဲကငါးကို ဆင်းဖမ်းတာပါဆိုတဲ့အမျိုးသား

ယာဉ်မတော်တဆဖြစ်တာမျိုးမဟုတ်ဘဲ မြစ်ထဲကငါးကို ဆင်းဖမ်းတာပါဆိုတဲ့အမျိုးသား

တချို့သောသူတွေက ညအချိန်တွေကို ယာဉ်တွေကိုအရှိန်ပြင်းစွာမောင်းနှင်တတ်ကြလို့ ယာဉ်မတော်တဆမှုတွေ မကြာခဏကြုံတွေ့နေရတာပါ ။ သို့ပေမဲ့လည်း ယခုဖော်ပြမဲ့အမျိုးသားမှာလည်း ညအချိန်မှာ သူ့ရဲ့ BMW ကားကြီးက အရှိန်ပြင်းစွာမောင်းနှင်ခဲ့လို့ မြစ်ထဲ ထိုးကျသွားခဲ့ပေတယ် ။

မကြာခင်မှာပဲ ကယ်ဆယ်ရေးအဖွဲ့ နဲ့ ရဲအရာရှိတွေရောက်ရှိလာပြီး ထိခိုက်ဒဏ်ရာရရှိခြင်းမျိုးမရှိခဲ့တဲ့ အဆိုပါယာဉ်မောင်းအမျိုးသားကို စစ်ဆေးမေးမြန်းခဲ့ချိန်မှာတော့ ခပ်တည်တည်နဲ့ ယာဉ်မတော်တဆဖြစ်တာမဟုတ်ဘဲ မြစ်ထဲငါးဆင်းဖမ်းတာဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ် ။ ထိုကြောင့် အဆိုပါအမျိုးသားကို ရဲအရာရှိတွေက ဆက်လက်စစ်ဆေးမေးမြန်းခဲ့ပြီး ပြစ်ဒဏ်တော့ချမှတ်ခဲ့ကြောင်း သိရပါတယ် ။

Zawgyi




 

Be the first to comment

Leave a Reply

Your email address will not be published.


*