ယာဉ်တိုက်မှုအပြီး Hyundai ကားသမားအား အိမ်ရောင်းပြီးလျော်ကြေးပေးဖို့ ဒေါသတကြီးဆိုခဲ့တဲ့ Rolls-Royce ဇိမ်ခံကားပိုင်ရှင်

တရုတ်နိုင်ငံ Shenyang ပြည်နယ် Liaoning မြို့မှာ Hyundai ကားမောင်းနှင်သူ က ကံဆိုးလွန်းတဲ့ယာဉ်တိုက်မှုတစ်ခုဖြစ်ပွါးခဲ့ရပါတယ်။

ဓာတ်ပုံတွေမှာတွေ့ရတဲ့အတိုင်း တန်ဖိုးကြီး Rolls-Royce ကားရှေ့ဘက်ဘယ်ဘက်ခြမ်းမှာပျက်စီးမှုတွေရှိနေပြီး Hyundai ကားသမားရဲ့ အမှားမို့ သူ့ရဲ့ကံတရားက အတော့်ကို ဆိုးရွားနေခဲ့ပါတယ်။

ယာဉ်တိုက်မူဖြစ်ပြီးပြီးချင်း အလွန်အမင်းဒေါသထွက်နေတဲ့ Rolls-Royce ဇိမ်ခံကားပိုင်ရှင်ရဲ့ ပထမဆုံးပြောလိုက်တဲ့စကားက “မင်းရဲ့အိမ်ကိုရောင်းလိုက်တော့” လို့ အော်ဟစ်ပြောဆိုနေခဲ့ကြောင်း မျက်မြင်သက်သေတွေက ပြောပြထားပါတယ်။တစ်ချိန်တည်းမှာဘဲ Hyundai ကားမောင်းသူက ပျက်စီးသွားတဲ့ကားတွေကို အာဏာပိုင်တွေကစစ်ဆေးနေတုန်း တုန်လှုပ်ပြီးမိုင်တိုင်တိုင်နဲ့ တိတ်ဆိတ်နေခဲ့ရပါတယ်။

ယာဉ်မောင်းနှစ်ဦးစလုံးက အသက် ၄၀ ကျော်နေပါပြီ။Beijing Morning Post သတင်းအရ Rolls-Royce ဇိမ်ခံကားက ယွမ် ၄ သန်း မှ ၁၄ သန်းအကြား (ဒေါ်လာ ၆၀၄၀၀၀ မှဒေါ်လာ ၂.၁ သန်း) အကြားရှိကြောင်း ဖော်ပြထားပါတယ်။အင်တာနက်အသုံးပြုသူတွေက အဆိုပါဖြစ်ရပ်မှာ ဇိမ်ခံကားပိုင်ရှင်က လူမှုရေးအရ တရားမျှတမှုမရှိနေသလို ဇိမ်ခံကားအတွက် တရားဝင်သတ်မှတ်ထားတဲ့ လျော်ကြေးကိုသာပေးဆောင်ပေးဖို့ အကြံပြုခဲ့ကြပါတယ်။

လူအချို့ကတော့ Rolls-Royce ကား ပိုင်ရှင်က Hyundai ကားမောင်းသူအား အိမ်ရောင်းရန် တောင်းဆိုခဲ့တဲ့အပေါ် ကျိုးကြောင်းဆီလျော်မှုရှိတယ်လို့လည်း ထင်မြင်ခဲ့ကြပါသေးတယ်။အမှန်တော့ အတိုက်ခံလိုက်ရတဲ့ ဇိမ်ခံကားအတွက် ကံဆိုးတဲ့နေ့တနေ့ဖြစ်နေတာပါ။ဒါပေမဲ့ လျော်ကြေးကိုတော့ အိမ်ရောင်းခိုင်းတဲ့အထိတော့ မလုပ်သင့်ပါဘူး။စာဖတ်သူတို့အနေနဲ့ကော ဒီကိစ္စကို ဘယ်လို ထင်မိပါသလဲ။

Be the first to comment

Leave a Reply

Your email address will not be published.


*