ယခင်က စီးပွါးရေးအဆင်ပြေနေရာမှ ဆင်းရဲနွမ်းပါးသွားခဲ့ပြီး တစ်ဖန်ပြန်ချမ်းသာလာပြန်တဲ့သူ့ဘဝဇာတ်လမ်းကိုပြန်လည်မျှဝေခဲ့တဲ့ အမျိုးသား

ယခင်က စီးပွါးရေးအဆင်ပြေနေရာမှ ဆင်းရဲနွမ်းပါးသွားခဲ့ပြီး တစ်ဖန်ပြန်ချမ်းသာလာပြန်တဲ့သူ့ဘဝဇာတ်လမ်းကိုပြန်လည်မျှဝေခဲ့တဲ့ အမျိုးသား

ဖိလစ်ပိုင်နိုင်ငံရှိ Sherwin Gonzales အမည်ရှိအမျိုးသားတစ်ဦးဟာ သူ့ဘဝရဲ့အောင်မြင်မှုကိုပြန်ရှာတွေ့ဖို့ သူဖြတ်သန်းခဲ့တဲ့အရာတွေအကြောင်းကို ပြန်လည်မျှဝေခဲ့ပါတယ်။ Sherwin ဟာ Computer Engineering နဲ့ ဘွဲ့ရခဲ့ပေမဲ့လည်း သူက ၎င်းနယ်ပယ်မှာ အလုပ်မလုပ်ခဲ့ပါဘူး။ ၎င်းအစား Sherwin ဟာ စီးပွားရေးလုပ်ငန်းများမှတစ်ဆင့် ငွေရှာရန်နည်းလမ်းအမျိုးမျိုးကိုရှာဖွေခဲ့ပါတယ်။

Sherwin ဟာ ကလေးဘဝတုန်းကတော့ ပြန်အသုံးပြုနိုင်တဲ့ပစ္စည်းများဖြစ်တဲ့ပုလင်းများနဲ့ တခြားပစ္စည်းများကိုစုဆောင်းရင်း ဝင်ငွေနည်းနည်းရှာဖွေနိုင်ခဲ့တာကြောင့် သူအရွယ်ရောက်စအရွယ်ချိန်မှာလည်း ထိုအလုပ်ကို ငွေရှာရန်အတွက်အခြေခံအဖြစ် သဘောထားအလုပ်လုပ်ခဲ့ပါတယ်။ နောက်တော့ Sherwin ဟာ ဖြည်းဖြည်းချင်း သူ့ရဲ့အောင်မြင်မှုအသီးအပွင့်များကို ခံစားလာခဲ့ရပါတယ်။

သူ့စီးပွားရေးတွေ တစ်ချိန်ထိုး တိုးတက်လာခဲ့ပြီးနောက်ပိုင်း Sherwin ဟာ ကားအရောင်းအဝယ်လုပ်ခြင်းဖြင့်လည်း ဝင်ငွေကောင်းလာခဲ့ပါတယ်။ ဒါပေမယ့် Sherwin ဟာ အဲဒီအချိန်တုန်းက ချမ်းသာတာကိုစိတ်မဝင်စားခဲ့ပါဘူး။

ဒါ့ကြောင့် Sherwin ဟာ သူအရင်းအနှီးအများကြီးရှိလာတဲ့အခါမှာ ဝင်ငွေအမြန်ရနေပုံရတဲ့သူ့ဖောက်သည်တစ်ဦးရဲ့လုပ်ငန်းမှာ ရှယ်ယာပါဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ Sherwin ဟာ ထိုဖောက်သည်ရဲ့လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံရန် Php 2 သန်း ချေးငွေယူခဲ့ပြီး သူ့ရဲ့ငွေများအလွန်လျင်မြန်စွာ ကြီးထွားလာတာကိုတွေ့ရတော့ ပျော်ရွှင်နေခဲ့ပါတယ်။

ဒါပေမဲ့ လအနည်းငယ်ကြာပြီးနောက်မှာတော့ သူ့စီးပွါးရေးက လိမ်လည်လှည့်ဖြားမှုဖြစ်နေခဲ့တာကြောင့် သူ့ရဲ့ရင်းနှီးမြုပ်နှံမှုတစ်ခုလုံးကိုဆုံးရှုံးသွားခဲ့ပြီး အကြွေးထူလာခဲ့ပါတယ်။

Sherwin ဟာ သူ့ ဘဏ်များနှင့်စုဆောင်းထားတဲ့အေးဂျင့်များကို ရှာမတွေတော့တဲ့အခြေအနေအထိရောက်ရှိခဲ့ရပါတယ်။ ထိုအချိန်ကာလက သူ့ဘဝမှာအခက်ခဲဆုံးအချိန်ဖြစ်ခဲ့ကြောင်းပြောပြပြီး သူဘာလုပ်ရမှန်းမသိတော့တဲ့အချိန်မှာတောင် သူ့ဘေးမှာရှိနေပေးခဲ့တဲ့ Michelle Gonzales အမည်ရှိဇနီးဖြစ်သူကိုလည်း ကျေးဇူးတင်ကြောင်း Sherwin ကဆိုခဲ့ပါတယ်။

သူအဆင်မပြေတဲ့အချိန်မှာ သူ့မွေးချင်းတစ်ယောက်အပေါ် မှီခိုနေခဲ့ရပေမယ့် Sherwin ဟာ မကြာခင်မှာပဲ သူ့ဘဝကိုပြန်ထိန်းချုပ်လာနိုင်ခဲ့ပါတယ်။Sherwin ဟာ သူ့လုပ်ငန်းကို အစမှ ပြန်စတင်တည်ဆောက်ခဲ့ရပေမဲ့လည်း ယခုတစ်ကြိမ်မှာ ဝင်လာတဲ့ရင်းနှီးမြှုပ်နှံမှုများကို ပိုပြီးသတိထားခဲ့ရပြီး နောက်ပိုင်း Sherwin ဟာ သူ့အရောင်းအဝယ်မှာ ပိုမိုကြိုးစားခဲ့ပြီး အိမ်ခြံမြေအေးဂျင့်ဖြစ်လာတဲ့အခါမှာ Forex Trader တစ်ယောက်ဖြစ်ရန်ဆက်လက်သင်ယူနိုင်ခဲ့ပါတယ်။

ယခုအခါ ချမ်းသာကြွယ်ဝမှုမှ ဆင်းရဲနွမ်းပါးမှုအထိ သူလုပ်ကိုင်နေခဲ့တဲ့လုပ်ငန်းများစွာကြောင့်လည်း Sherwin ဟာ တစ်ဖန် ပြန်လည် အနည်ထိုင်ချမ်းသာလာခဲ့ပါတယ်။ ယနေ့မှာတော့ Sherwin နှင့် သူ့ဇနီးတို့က ဖိလစ်ပိုင် Binangonan ပြည်နယ် Rizal မြို့၌ ခမ်းနားကြီးကျယ်တဲ့အိမ်ကြီးတစ်လုံးကိုပိုင်ဆိုင်ထားနိုင်ပြီဖြစ်ပါတယ်။

Zawgyi

ယခင္က စီးပြါးေရးအဆင္ေျပေနရာမွ ဆင္းရဲႏြမ္းပါးသြားခဲ့ၿပီး တစ္ဖန္ျပန္ခ်မ္းသာလာျပန္တဲ့သူ႔ဘဝဇာတ္လမ္းကိုျပန္လည္မွ်ေဝခဲ့တဲ့ အမ်ိဳးသား


ဖိလစ္ပိုင္ႏိုင္ငံရွိ Sherwin Gonzales အမည္ရွိအမ်ိဳးသားတစ္ဦးဟာ သူ႔ဘဝရဲ႕ေအာင္ျမင္မႈကိုျပန္ရွာေတြ႕ဖို႔ သူျဖတ္သန္းခဲ့တဲ့အရာေတြအေၾကာင္းကို ျပန္လည္မွ်ေဝခဲ့ပါတယ္။ Sherwin ဟာ Computer Engineering နဲ႔ ဘြဲ႕ရခဲ့ေပမဲ့လည္း သူက ၎နယ္ပယ္မွာ အလုပ္မလုပ္ခဲ့ပါဘူး။ ၎အစား Sherwin ဟာ စီးပြားေရးလုပ္ငန္းမ်ားမွတစ္ဆင့္ ေငြရွာရန္နည္းလမ္းအမ်ိဳးမ်ိဳးကိုရွာေဖြခဲ့ပါတယ္။

Sherwin ဟာ ကေလးဘဝတုန္းကေတာ့ ျပန္အသုံးျပဳႏိုင္တဲ့ပစၥည္းမ်ားျဖစ္တဲ့ပုလင္းမ်ားနဲ႔ တျခားပစၥည္းမ်ားကိုစုေဆာင္းရင္း ဝင္ေငြနည္းနည္းရွာေဖြႏိုင္ခဲ့တာေၾကာင့္ သူအ႐ြယ္ေရာက္စအ႐ြယ္ခ်ိန္မွာလည္း ထိုအလုပ္ကို ေငြရွာရန္အတြက္အေျခခံအျဖစ္ သေဘာထားအလုပ္လုပ္ခဲ့ပါတယ္။ ေနာက္ေတာ့ Sherwin ဟာ ျဖည္းျဖည္းခ်င္း သူ႔ရဲ႕ေအာင္ျမင္မႈအသီးအပြင့္မ်ားကို ခံစားလာခဲ့ရပါတယ္။

သူ႔စီးပြားေရးေတြ တစ္ခ်ိန္ထိုး တိုးတက္လာခဲ့ၿပီးေနာက္ပိုင္း Sherwin ဟာ ကားအေရာင္းအဝယ္လုပ္ျခင္းျဖင့္လည္း ဝင္ေငြေကာင္းလာခဲ့ပါတယ္။ ဒါေပမယ့္ Sherwin ဟာ အဲဒီအခ်ိန္တုန္းက ခ်မ္းသာတာကိုစိတ္မဝင္စားခဲ့ပါဘူး။

ဒါ့ေၾကာင့္ Sherwin ဟာ သူအရင္းအႏွီးအမ်ားႀကီးရွိလာတဲ့အခါမွာ ဝင္ေငြအျမန္ရေနပုံရတဲ့သူ႔ေဖာက္သည္တစ္ဦးရဲ႕လုပ္ငန္းမွာ ရွယ္ယာပါဝင္ဖို႔ဆုံးျဖတ္လိုက္ပါတယ္။ Sherwin ဟာ ထိုေဖာက္သည္ရဲ႕လုပ္ငန္းမွာ ရင္းႏွီးျမႇဳပ္ႏွံရန္ Php 2 သန္း ေခ်းေငြယူခဲ့ၿပီး သူ႔ရဲ႕ေငြမ်ားအလြန္လ်င္ျမန္စြာ ႀကီးထြားလာတာကိုေတြ႕ရေတာ့ ေပ်ာ္႐ႊင္ေနခဲ့ပါတယ္။

ဒါေပမဲ့ လအနည္းငယ္ၾကာၿပီးေနာက္မွာေတာ့ သူ႔စီးပြါးေရးက လိမ္လည္လွည့္ျဖားမႈျဖစ္ေနခဲ့တာေၾကာင့္ သူ႔ရဲ႕ရင္းႏွီးျမဳပ္ႏွံမႈတစ္ခုလုံးကိုဆုံးရႈံးသြားခဲ့ၿပီး အေႂကြးထူလာခဲ့ပါတယ္။

Sherwin ဟာ သူ႔ ဘဏ္မ်ားႏွင့္စုေဆာင္းထားတဲ့ေအးဂ်င့္မ်ားကို ရွာမေတြေတာ့တဲ့အေျခအေနအထိေရာက္ရွိခဲ့ရပါတယ္။ ထိုအခ်ိန္ကာလက သူ႔ဘဝမွာအခက္ခဲဆုံးအခ်ိန္ျဖစ္ခဲ့ေၾကာင္းေျပာျပၿပီး သူဘာလုပ္ရမွန္းမသိေတာ့တဲ့အခ်ိန္မွာေတာင္ သူ႔ေဘးမွာရွိေနေပးခဲ့တဲ့ Michelle Gonzales အမည္ရွိဇနီးျဖစ္သူကိုလည္း ေက်းဇူးတင္ေၾကာင္း Sherwin ကဆိုခဲ့ပါတယ္။

သူအဆင္မေျပတဲ့အခ်ိန္မွာ သူ႔ေမြးခ်င္းတစ္ေယာက္အေပၚ မွီခိုေနခဲ့ရေပမယ့္ Sherwin ဟာ မၾကာခင္မွာပဲ သူ႔ဘဝကိုျပန္ထိန္းခ်ဳပ္လာႏိုင္ခဲ့ပါတယ္။Sherwin ဟာ သူ႔လုပ္ငန္းကို အစမွ ျပန္စတင္တည္ေဆာက္ခဲ့ရေပမဲ့လည္း ယခုတစ္ႀကိမ္မွာ ဝင္လာတဲ့ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို ပိုၿပီးသတိထားခဲ့ရၿပီး ေနာက္ပိုင္း Sherwin ဟာ သူ႔အေရာင္းအဝယ္မွာ ပိုမိုႀကိဳးစားခဲ့ၿပီး အိမ္ၿခံေျမေအးဂ်င့္ျဖစ္လာတဲ့အခါမွာ Forex Trader တစ္ေယာက္ျဖစ္ရန္ဆက္လက္သင္ယူႏိုင္ခဲ့ပါတယ္။

ယခုအခါ ခ်မ္းသာႂကြယ္ဝမႈမွ ဆင္းရဲႏြမ္းပါးမႈအထိ သူလုပ္ကိုင္ေနခဲ့တဲ့လုပ္ငန္းမ်ားစြာေၾကာင့္လည္း Sherwin ဟာ တစ္ဖန္ ျပန္လည္ အနည္ထိုင္ခ်မ္းသာလာခဲ့ပါတယ္။ ယေန႔မွာေတာ့ Sherwin ႏွင့္ သူ႔ဇနီးတို႔က ဖိလစ္ပိုင္ Binangonan ျပည္နယ္ Rizal ၿမိဳ႕၌ ခမ္းနားႀကီးက်ယ္တဲ့အိမ္ႀကီးတစ္လုံးကိုပိုင္ဆိုင္ထားႏိုင္ၿပီျဖစ္ပါတယ္။

 

Be the first to comment

Leave a Reply

Your email address will not be published.


*