မှော်ဆန်တဲ့နတ်သမီးမျက်ဝန်းလို့ထင်ခဲ့ပေမဲ့ မျှော်လင့်သလိုဖြစ်မလာတဲ့ မျက်ကပ်မှန်ကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရသူများ

ယနေ့ခေတ်ကာလမှာ ခေတ်စားနေတဲ့ထုတ်ကုန်တွေ၊နောက်ဆုံးပေါ်ပစ္စည်းအရောင်းမြှင့်တင်မှုတွေကြောင့် ကျွန်တော်တို့အားလုံးဟာ ပရော်ဖက်ရှင်နယ်ကျတဲ့ onlineဈေးဝယ်သူတွေအဖြစ် ပြောင်းလဲလာခဲ့ကြပါတယ်။

လတ်တလောမှ လခြမ်းပုံစံရှိတဲ့ မီးခိုးရောင်၊ အညိုရောင် အရောင်နှစ်ရောင်ရှိတဲ့မျက်ကပ်မှန်တစ်စုံက တပ်ဆင်ပြီးနောက် သင့်အားနတ်သမီးတစ်ပါးအလား လှပသွားအောင်ပြောင်းလဲပေးနိုင်တဲ့အကြောင်း တရုတ်နိုင်ငံရှိ မိန်းကလေးတွေအကြား ရေပန်းစားလာခဲ့တာပါ။အဲ့တာနဲ့သိတဲ့အတိုင်း အင်တာနက်အသုံးပြုသူတွေက အရမ်းစိတ်ဝင်စားသွားကြပြီး မိန်းကလေးသဘာဝ အများစုက အဆိုပါမျက်ကပ်မှန်ကို ဝယ်ယူခဲ့ကြပါတော့တယ်။

ဒါပေမဲ့ အဆိုပါမျက်ကပ်မှန်ဟာ မှော်ဆန်တဲ့နတ်သမီးအဖြစ်သို့ပြောင်းလဲသွားရမဲ့အစား မိန်းကလေးတွေကို မျက်စိစွေစောင်းနေသလို ဖြစ်သွားစေခဲ့ပါတယ်။အဆိုပါမျက်ကပ်မှန်တစ်စုံကို တပ်လိုက်တဲ့အချိန်မှာ တပ်တပ်ချင်းအဆင်ပြေပြီးကြည့်ကောင်းနေပေမဲ့လည်း ခဏခဏမျက်တောင်ခတ်ပြီး မျက်လုံးတွေကိုဟိုရွေ့ဒီရွေ့လုပ်ကြည့်လိုက်တော့ အခုဖော်ပြတဲ့ပုံအတိုင်းလို မျက်လုံးတွေက စွေစောင်းနေသလိုဖြစ်သွားခဲ့ပါတယ်။

သူတို့မျက်လုံးတွေက ရယ်စရာကောင်းနေသလို ကြောက်စရာလည်းကောင်းနေခဲ့ပါတယ်။ဒီတော့ ခင်ဗျားတို့လည်း ရေပန်းစားနေတဲ့အရာတွေကို လိုက်သုံးကြည့်ချင်ပြီး ပစ္စည်းတစ်ခုခုဝယ်ဖို့စဉ်းစားနေတယ်ဆိုရင်တော့ ချက်ချင်းဝယ်ပစ်ဖို့ မစဉ်းစားဘဲ အဲ့ဒီပစ္စည်းလေးရဲ့review တွေကို အရင်ဆုံးရှာဖတ်ကြည့်သင့်ပါတယ်။

အဲ့လိုအရင်လုပ်ခဲ့ရင်တော့ ခင်ဗျားတို့ဘဏ်စာအုပ်နဲ့အနာဂတ်ရဲ့ခင်ဗျားတို့က ကျေးဇူးအကြီးကြီးတင်နေပါလိမ့်မယ်။အဲ့လို မရိုးတဲ့ဂျင်းတွေကို မကြုံဖူးတဲ့လူမရှိသလောက်ရှားမှာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*