
မှာထားသော ထမင်းဘူး ၆၀အား မယူဖြစ်တော့ပူးဟု ဆိုသောကြောင့် ချက်ပြတ်လက်စဖြစ်နေရင်း ငိုခဲ့သော အမျိုးသား
ကပ်ရောဂါ အခြေအနေကြောင့် လူတိုင်းဒုက္ခရောက်နေကြရသည့်အချိန် အိမ်ထဲအိမ်ပြင်ထွက်ရန် ခက်ခဲသောကြောင့် များသောအားဖြင့် အစားအစားများကို deliveryများနှင့်သာ ဖုန်းဆက်ပြီး မှာယူကြသည်။
သို့ဖြစ်၍ အင်ဒိုနီးရှားနိုင်ငံမှ အစားအသောက် ချက်ပြုတ်ရောင်းချသူတစ်ဦးသည် ကပ်ရောဂါကာလတွင် ဆိုင်များပိတ်ထားရပြီး တစ်နေ့တွင်ထမင်းဘူး ၆၀အား ဖောက်သည်ဆီမှ အော်ဒါမှာတာ လက်ခံရရှိခဲ့သည်။
ထို့ကြောင့် အမျိုးသားလည်း ဝမ်းသာအားရနှင့် ချက်ပြတ်ရန် လိုအပ်သော စားသောက်ကုန်များကို ဝယ်ခြမ်းကာ ပြင်ဆင်ပြီး ချက်ပြုတ်ခဲ့သည်။ကံဆိုးစွာဖြင့် အမျိုးသားမှာ ချက်ပြုတ်ပြင်ဆင်နေရင်း ဖောက်သည်ဆီမှ မကောင်းသော သတင်းတစ်ခုအား ကြားခဲ့ရသည်။ဤသည်မှာ မှာယူထားသော ထမင်းဘူး ၆၀အား မယူဖြစ်တော့ပူးဟု ဆိုခဲ့ရာ အမျိုးသားတစ်ယောက်လည်း ဝမ်းနည်းစိတ်ပျက်ပြီး မတတ်နိုင်တော့သည့်ဆုံး ချက်ပြုတ်ရင်း အော်ငိုပစ်ခဲ့သည်။
ထိုသို့ငိုရခြင်းအကြောင်းမှာ အမျိုးသားသည် ထမင်းဘူး ၆၀စာ အတွက်လိုအပ်သော ပစ္စည်းများကို ဝယ်ယူရန် အခြားသူဆီက ငွေများချေးခဲ့၍ မည်သို့ပြန်ဆပ်ရမည်ကို မစဉ်းစားတတ်တော့၍ အခက်တွေ့ကာ ငိုခဲ့ခြင်းဖြစ်သည်။အမျိုးသားသည် ထမင်းဘူး ၆၀စာကိုအား ချက်ပြုတ်ပြီး မိဘမဲ့ ဂေဟာသို့ လှူဒါန်းလိုက်မည်ဖြစ်ကြောင်း အဖြစ်အပျက်အား Tik tok ဗွီဒီယိုတွင် ရိုက်ကူးထား၍ လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့သည်။
Zawgyi
မွာထားေသာ ထမင္းဘူး ၆၀အား မယူျဖစ္ေတာ့ပူးဟု ဆိုေသာေၾကာင့္ ခ်က္ျပတ္လက္စျဖစ္ေနရင္း ငိုခဲ့ေသာ အမ်ိဳးသား
ကပ္ေရာဂါ အေျခအေနေၾကာင့္ လူတိုင္းဒုကၡေရာက္ေနၾကရသည့္အခ်ိန္ အိမ္ထဲအိမ္ျပင္ထြက္ရန္ ခက္ခဲေသာေၾကာင့္ မ်ားေသာအားျဖင့္ အစားအစားမ်ားကို deliveryမ်ားႏွင့္သာ ဖုန္းဆက္ၿပီး မွာယူၾကသည္။
သို႔ျဖစ္၍ အင္ဒိုနီးရွားႏိုင္ငံမွ အစားအေသာက္ ခ်က္ျပဳတ္ေရာင္းခ်သူတစ္ဦးသည္ ကပ္ေရာဂါကာလတြင္ ဆိုင္မ်ားပိတ္ထားရၿပီး တစ္ေန႔တြင္ထမင္းဘူး ၆၀အား ေဖာက္သည္ဆီမွ ေအာ္ဒါမွာတာ လက္ခံရရွိခဲ့သည္။
ထို႔ေၾကာင့္ အမ်ိဳးသားလည္း ဝမ္းသာအားရႏွင့္ ခ်က္ျပတ္ရန္ လိုအပ္ေသာ စားေသာက္ကုန္မ်ားကို ဝယ္ျခမ္းကာ ျပင္ဆင္ၿပီး ခ်က္ျပဳတ္ခဲ့သည္။ကံဆိုးစြာျဖင့္ အမ်ိဳးသားမွာ ခ်က္ျပဳတ္ျပင္ဆင္ေနရင္း ေဖာက္သည္ဆီမွ မေကာင္းေသာ သတင္းတစ္ခုအား ၾကားခဲ့ရသည္။ဤသည္မွာ မွာယူထားေသာ ထမင္းဘူး ၆၀အား မယူျဖစ္ေတာ့ပူးဟု ဆိုခဲ့ရာ အမ်ိဳးသားတစ္ေယာက္လည္း ဝမ္းနည္းစိတ္ပ်က္ၿပီး မတတ္ႏိုင္ေတာ့သည့္ဆုံး ခ်က္ျပဳတ္ရင္း ေအာ္ငိုပစ္ခဲ့သည္။
ထိုသို႔ငိုရျခင္းအေၾကာင္းမွာ အမ်ိဳးသားသည္ ထမင္းဘူး ၆၀စာ အတြက္လိုအပ္ေသာ ပစၥည္းမ်ားကို ဝယ္ယူရန္ အျခားသူဆီက ေငြမ်ားေခ်းခဲ့၍ မည္သို႔ျပန္ဆပ္ရမည္ကို မစဥ္းစားတတ္ေတာ့၍ အခက္ေတြ႕ကာ ငိုခဲ့ျခင္းျဖစ္သည္။အမ်ိဳးသားသည္ ထမင္းဘူး ၆၀စာကိုအား ခ်က္ျပဳတ္ၿပီး မိဘမဲ့ ေဂဟာသို႔ လႉဒါန္းလိုက္မည္ျဖစ္ေၾကာင္း အျဖစ္အပ်က္အား Tik tok ဗြီဒီယိုတြင္ ႐ိုက္ကူးထား၍ လူမႈကြန္ယက္တြင္ ပ်ံ႕ႏွံ႔ခဲ့သည္။
Leave a Reply