မွေးနေ့မှာ ရထားတဲ့မုန့်ဖိုးတွေနဲ့ မိခင်အတွက် ရွှေလက်စွပ်တစ်ကွင်း ဝယ်ပေးခဲ့တဲ့ ကလေးငယ် (ရုပ်သံ)

အသက်၆နှစ်အရွယ်သာရှိသေးတဲ့ Afiq အမည်ရှိကောင်လေးတစ်ဦးဟာ သူ့ကိုယ်ပိုင်ပိုက်ဆံနဲ့ မိခင်အားလက်ဆောင်ပေးရင်း သူ့ရဲ့အချစ်နဲ့တန်ဖိုးထားမှုကို ဖော်ပြခဲ့ပါတယ်။

မလေးရှားနိုင်ငံ Kota Kinabaluမြို့မှာနေထိုင်တဲ့ Afiq ဟာ သူ့မွေးနေ့မှာ မွေးနေ့ဖိုးပိုက်ဆံရခဲ့ပြီး တစ်နေ့မှာ Afiq ဟာ သူ့အဖေ၊သူ့အစ်ကိုနဲ့အတူ ဆံပင်ညှပ်ဖို့သွားခဲ့ရင်း ဆံပင်ညှပ်ဆိုင်ရှေ့က ရတနာရွှေဆိုင်တစ်ဆိုင်ကိုသတိထားမိသွားခဲ့ပါတယ်တဲ့။ထို့နောက် Afiq က သူ့ရဲ့အဖေကို ရွှေဆိုင်ရှေ့ဆွဲခေါ်သွားပြီး သူ့အမေအတွက် လက်ဆောင်ဝယ်ပေးချင်ကြောင်း ပြောခဲ့ပါတယ်တဲ့။Afiq ဟာ သူ့မွေးနေ့မှာ ရရှိခဲ့တဲ့ ရင်းဂစ် ၇၀ ပမာဏလောက်ကိုအသုံးပြုပြီး Afiq ဟာ သူရဲ့မိခင်ကိုရွှေလက်စွပ်တစ်ကွင်းဝယ်ပေးခဲ့ပါတယ်။

Sumarnie ရဲ့ခင်ပွန်းက WhatsApp ကနေ သူမကို အကြောင်းကြားပြီး ဒီကိစ္စနဲ့ပတ်သတ်ပြီး သူမကို မသိချင်ယောင်ဆောင်နေဖို့ ပြောခဲ့ပါတယ်။သူတို့ရဲ့ဘတ်ဂျက်က ရင်းဂစ် ၃၀၀(၉သောင်းကျော်) ဘဲပါတာကြောင့် ရင်းဂစ် ၂၆၀ (၈သောင်းကျော်)ကုန်ကျတဲ့ရွှေလက်စွပ်ကိုရွေးလိုက်ပြီး Afiq လည်း ရင်းဂစ် ၇၀(၂သောင်းကျော်)စိုက်ပေးခဲ့တယ်လို့ ခင်ပွန်းဖြစ်သူက ပြောပြခဲ့ပါတယ်။Afiqလေးက သူ့အမေအတွက် လက်စွပ်ကို ကိုယ်တိုင်တောင် အေးဆေးထိုင်ရွေးပေးနေပါသေးတယ်။

Sumarnie က Afiqလေးစိတ်လှုပ်ရှားပြီး သူမအားလက်ဆောင်နေပေးတဲ့ဗီဒီယိုကို မျှဝေခဲ့ပါသေးတယ်။Sumarnie က Afiq လေးအတွက်အရမ်းဂုဏ်ယူနေခဲ့ပြီး သူမရဲ့ Facebook post မှာလည်း Shares ၈,၂၀၀ ကျော်ရရှိခဲ့ကြောင်းပြောကြားခဲ့ပါတယ်။Afiq လေးဟာ တကယ့်ကို ချိုသာတဲ့ကောင်လေးဖြစ်သလို မိဘအပေါ်ကြင်နာပြီးဂရုစိုက်တတ်မှုနဲ့ တန်ဖိုးထားတတ်မှုကို အမြဲပြသပေးနေမဲ့လူတစ်ယောက်ဖြစ်လာနိုင်မှာပါ။ဘယ်လိုတောင် ချစ်ဖို့ကောင်းတဲ့ကောင်လေးပါလားနော်။

Be the first to comment

Leave a Reply

Your email address will not be published.


*