
မွေးနေ့မှာ မိခင်နှင့်အတူတူ စကိတ်စီးချင်သည့်အတွက် မိခင်အလုပ်လုပ်နေသည့် ကုမ္ပဏီသို့ကိုယ်တိုင်သွားရောက်ကာ နားရက်ပေးရန် ခွင့်တိုင်ခဲ့သည့် အသက်၅နှစ်အရွယ်ကလေး
ကလေးတို့အတွက် အတောင်းတဆုံးနှင့် အမှန်တကယ်အလိုအပ်ဆုံးသော အရာသည်ကား တစ်ခုတည်းရှိပေသည်။ထိုအခါကတော့ မိဘတို့၏ နွေးထွေးလှသော မေတ္တာတရားပင်ဖြစ်ပါတယ်။ယခုတွင်းလည်း တရုတ်နိုင်ငံမှ မိခင်ဟာ အမေတစ်ခုသားတစ်ခုဖြင့်သာ ဘဝကိုဖြတ်သန်းနေခဲ့ရတာဖြစ်ပါတယ်။
ထို့ကြောင့် သားဖြစ်သူ၏အနာဂတ်အတွက် မိခင်ဟာ အလုပ်များကို ကြိုးစားလုပ်ကိုင်ရင်း နားချိန်မရှိဘဲဖြစ်နေခဲ့သည်။သားဖြစ်သူက စကိတ်စီးဝါသနာပါသည့်အတွက် အားလပ်သည့်အချိန်တွင် စကိတ်စီးရင်း အဖော်လုပ်ပေးမယ်ဟု ကတိပေးထားခဲ့တာဖြစ်ပါတယ်။
ကလေးဟာလည်း မိခင်နှင့်အတူပျော်ရွင်ချင်သော်လည်း မိခင်မှာ အလုပ်များနှင့်မအားမှန်းသိနေခဲ့သည်။ထို့ကြောင့် ကောင်လေးဟာ သူရဲ့မွေးနေ့လေးမှာတော့ မိခင်နှင့်အတူ အချိန်တွေကုန်ဆုံးချင်သည့်အတွက် မိခင်အလုပ်လုပ်နေစည့် ကုမ္ပဏီသို့သွားကာ မွေးနေ့မှာ မိခင်ကို နားရက်ပေးပြီး စကိတ်စီးချင်ကြောင်း ဆိုခဲ့တာဖြစ်ပါတယ်။ ကုမ္ပဏီမှ တာဝန်ရှိသူဟာလည်း ကလေးကို သဘောကျပြီး မုန့်ဖိုးငွေယွမ်၁၀၀၀အပြင် မိခင်ကိုလည်း ခွင့်ပေးခဲ့ပါတယ်။
Zawgyi
Leave a Reply