
ကျွန်တော်တို့တွေဟာ ကိုယ့်မွေးနေ့ရက်မှာ အတတ်နိုင်ဆုံးအလှူအဒါန်းတွေ လုပ်တတ်ကြသလို မိသားစု ၊ သူငယ်ချင်းတွေနဲ့အတူ မွေးနေ့ပါတီပွဲတွေလည်း ကျင်းပတတ်ကြပါတယ်။အခုလည်း အသက်ပြည့်သွားတဲ့ကြောင်လေးအတွက် ချစ်တတ်လွန်းတဲ့သခင်က ကိတ်လေးနဲ့ မွေးနေ့လုပ်ပေးခဲ့ပေမဲ့ အငြိမ်မနေတတ်တဲ့ကြောင်လေးခမျာ ဖယောင်းတိုင်မမှုတ်လိုက်ရဘဲ နဖူးထိပ်က ဖြူဖြူဖွေးဖွေးအမွေးလေးတွေ မီးကျွမ်းလောင်သွားခဲ့ပါတယ်။သူ့ခဗျာ ကိတ်ကိုမြင်တော့ မတွေ့စဖူး တစူးတစမ်းဖြစ်နေပုံပါဘဲ။အမွေးတွေမီးကျွမ်းလို့ ကျွမ်းသွားမှန်းတောင်မသိတဲ့ကြောင်လေးကတော့ မျက်လုံးအဝိုင်းသားနဲ့ သခင့်ကိုမော့ကြည့်နေခဲ့ပေမဲ့ သခင်ဖြစ်သူကတော့ ရယ်စရာတစ်ခုလို ” happy birthday ပါရှင့် “ဆိုပြီး အင်တာနက်မှာ ဝေမျှထားခဲ့ပါသေးတယ်။
#2
#3
#4
Leave a Reply