မွေးစားခံရဖို့ လှောင်အိမ်ရှေ့ဖြတ်သွားတဲ့သူတိုင်းကို သွားအကုန်ပေါ်အောင် ပြုံးပြနေခဲ့တဲ့ ခွေးလေး(ရုပ်သံ)

အချို့ခွေးတွေဟာ ဟောင်သံ သို့မဟုတ် သူတို့ရဲ့အကောင်းဆုံးအပြုအမူအပေါ် မူတည်ပြီး မွေးစားမယ့်လူတွေရဲ့အာရုံကိုဖမ်းစားတတ်ကြပါတယ်။သို့ပေမဲ့ Burreaux အမည်ရှိတဲ့ဒီအနက်ရောင်ခွေးတစ်ကောင်ကတော့ သူ့လှောင်အိမ်ရှေ့ ဖြတ်လျှောက်သွားတဲ့လူတိုင်းကို ပြုံးပြနေခဲ့ပါတယ်။

အနက်ရောင် Labrador ခွေးအမျိုးအစားဖြစ်တဲ့ ၈ ပတ်သားအရွယ် Burreaux ကို သူ့ရဲ့မောင်နှမဖြစ်တဲ့ Joe နှင့် O လို့ခေါ်တဲ့ခွေးနှစ်ကောင်နှင့်အတူ ဒေသခံတိရိစ္ဆာန်ထိန်းချုပ်ရေးဂေဟာသို့ ခေါ်လာခဲ့ကြတာပါ။ Courtney Wingate အမည်ရှိတဲ့အမျိုးသမီးတစ်ဦးဟာ အဆိုပါခွေးပေါက်လေးတွေကို မြင်ပြီးနောက် အထူးသဖြင့် သူတို့ထဲမှ ခွေးလေးတစ်ကောင်က သူမအား မျက်လုံးအဝိုင်းသားနဲ့ နှစ်လိုဖွယ်ကောင်းတဲ့အပြုံးနဲ့ ပြုံးပြနေခဲ့တဲ့ဗိဒီယိုကို မျှဝေခဲ့ပါတယ်။

Sarrah Walton အမည်ရှိ Louisiana ပြည်နယ်တက္ကသိုလ်ဘောလုံးအားကစားသမားတစ်ဦးက သေးငယ်ပြီး ချိနဲ့နေတဲ့ Burreaux ၊ O နှင့် Joe သုံးကောင်ကို လမ်းဘေးတစ်နေရာမှာ တွေ့ခဲ့ပြီး အဆိုပါဂေဟာသို့ ပို့ထားခဲ့တာပါ။အဲ့ဒီနောက် စစ်ဆေးမှုတွေပြုလုပ်ဖို့ တိရိစ္ဆာန်ဆေးကုဆရာဝန်ဆီသို့ ခေါ်သွားတော့ Burreaux တစ်ကောင်တည်း ဖျားနာနေခဲ့တာပါ။

မကြာဘဲ နာလန်ပြန်ထူလာနိုင်တဲ့ Burreauxဟာ သူ့ရဲ့ထာဝရနေအိမ်ရှာနိုင်ဖို့ ဂေဟာမှာ ခွေးလာကြည့်တဲ့လူတိုင်းကို မျက်လုံးအဝိုင်းသားနဲ့ သွားအကုန်ပေါ်အောင် ပြုံးပြနေခဲ့တာပါ။ခွေးလေးတွေရဲ့ထာဝရနေနိုင်မယ့်အိမ်တွေကို ရှာပေးဖို့အတွက် ဂေဟာဝန်ထမ်းတွေဟာ သူတို့ရဲ့social media page မှာ ခွေးလေးတို့ရဲ့အထူးစွမ်းရည်ကိုပြသလေ့ရှိပါတယ်။

သရုပ်ဆောင်ကောင်းတဲ့Joe ကတော့ သူ့ကျွမ်းကျင်မှုကြောင့် အလျင်အမြန်မွေးစားခံလိုက်ရပါတယ်။O နှင့် Berreuax ရဲ့ဗီဒီယိုအတွက် ၀န်ထမ်းတွေက Berreuax လေးရဲ့ချစ်ဖို့ကောင်းတဲ့အပြုံးဗီဒီယိုကို မျှဝေပေးဖို့ဆုံးဖြတ်ခဲ့ကြပြီး Burreaux ရဲ့ချစ်ချင်ဖွယ်အပြုံးကြောင့် သူနှင့်သူ့အစ်မအား မကြာခင်မှာဘဲ ပြီးပြည့်စုံတဲ့ထာဝရနေအိမ်တစ်ခုရှာတွေ့သွားဖို့လည်း အထူးမျှော်လင့်နေကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*