
မွေးစားခဲ့တဲ့ ကလေးငယ်ရဲ့ ပြုစုစောင့်ရှောက်မှုနဲ့ အသက်ဆက်ရှင်နေတဲ့ အောက်ပိုင်းမလှုပ်ရှားနိုင်တဲ့ အမျိုးသား
တရုတ်ပြည် Guangdong မှ Zheng အမည်ရှိ လယ်သမားတစ်ဦးဟာ သူမွေးစားခဲ့တဲ့ မိန်းကလေးရဲ့ အကူအညီနဲ့ ရှင်သန်နေခဲ့ပါတယ် ။ သူက ထိုနေရာမှာ မွေးကင်းစကလေးမလေးကို သူမရဲ့မိဘများက ချန်ထားခဲ့တာကို တွေ့ပြီး Zheng က ကလေးကို သနားတာကြောင့် သူမကို Xiao Qi လို့နာမည်ပေးပြီး မွေးစားခဲ့ပါတယ် ။ Zheng နဲ့ သူ့ဇနီးမှာ သူတို့မှာကလေးတွေမရှိခဲ့ဖူးပေမဲ့ Xiao Qi ကိုတော့ သူတို့နည်း သူတို့ဟန်နဲ့မွေးမြူခဲ့ပါတယ် ။
မကြာမီမှာဘဲ Zheng က သွေးတိုးရောဂါကြောင့် လေဖြတ်ခဲ့ပြီး သူ့ကို အောက်ပိုင်းသေစေခဲ့ပါတယ် ။ နောက်ပြီး Zheng ရဲ့ ဇနီးသည်က ဆုံးသွားပြီး အဘွား နဲ့ Xiao Qi တို့ကို မကြာခင်မှာဘဲ ထားခဲ့လိုက်ပါတယ် ။ ဒါပေမယ့် အဘွားအိုကအသက် ၉၀ ကျော်နေပါပြီ ။Xiao Qi က သူမရဲ့မွေးစားအဖေနဲ့ သူမရဲ့မွေးစားအဖွားတို့ နှစ်ဦး စလုံးကို ဂရုစိုက်ရန်လိုသော်လည်း မိန်းကလေးက သူတို့ကိုချစ်တာကြောင့် ပြုစုနေခဲ့ပါတယ် ။
နောက်၂နှစ်အကြာမှာ သူမရဲ့မိဘအရင်းတွေက သူမကိုခြေရာခံပြီး ပြန်လိုချင်ကြောင်းပြောပေမယ့် Xiao Qi က ငြင်းဆိုခဲ့ပါတယ် ။ အိမ်မှာ သူမရဲ့မွေးစားအဖေနဲ့ အဖွားကို ပြုစုရာမှာ အခက်အခဲများစွာရှိနေသော်လည်း သူမက Zheng ကို ကျေးဇူးတင်ကြောင်းပြရန် စိတ်အားထက်သန်နေခဲ့တာပါ ။
နောက်နှစ်အနည်းငယ်မှာပင် အဘွားက ဆုံးခဲ့ပြီး Xiao Qi က သူ့ရဲ့ဖခင်ကို ပြုစုစောင့်ရှောက်နေသေးပါတယ် ။ဒါပေမဲ့ Xiao Qi က သူမရဲ့မိဘအရင်းတွေဆီကို ပြန်ဖို့ မရွေးချယ်သေးပါဘူး ။ Zheng က သူ့ရဲ့အခြေအနေကြောင့် အလုပ်အကိုင်မရှိလို့ အစိုးရမှ ငွေကြေးအကူအညီကို မှီခိုနေရပါတယ် ။
သူတို့ရဲ့ အခြေအနေဟာ မကြာခင်မှာ ပြန့်နှံ့သွားပြီး ဒေသခံမီဒီယာတွေရဲ့ကျေးဇူးကြောင့် သူတို့နှစ်ဦးစလုံး နောက်ဆုံးမှာ အကူအညီတွေရရှိခဲ့ပါတယ် ။ နောက်ပြီး Xiao Qi ကိုလည်း ကျောင်းတက်ခိုင်းဖို့ ထောက်ပံ့ပေးကြပါတယ် ။
Zawgyi
ေမြးစားခဲ့တဲ့ ကေလးငယ္ရဲ႕ ျပဳစုေစာင့္ေရွာက္မႈနဲ႔ အသက္ဆက္ရွင္ေနတဲ့ ေအာက္ပိုင္းမလႈပ္ရွားႏိုင္တဲ့ အမ်ိဳးသား
တ႐ုတ္ျပည္ Guangdong မွ Zheng အမည္ရွိ လယ္သမားတစ္ဦးဟာ သူေမြးစားခဲ့တဲ့ မိန္းကေလးရဲ႕ အကူအညီနဲ႔ ရွင္သန္ေနခဲ့ပါတယ္ ။ သူက ထိုေနရာမွာ ေမြးကင္းစကေလးမေလးကို သူမရဲ႕မိဘမ်ားက ခ်န္ထားခဲ့တာကို ေတြ႕ၿပီး Zheng က ကေလးကို သနားတာေၾကာင့္ သူမကို Xiao Qi လို႔နာမည္ေပးၿပီး ေမြးစားခဲ့ပါတယ္ ။ Zheng နဲ႔ သူ႔ဇနီးမွာ သူတို႔မွာကေလးေတြမရွိခဲ့ဖူးေပမဲ့ Xiao Qi ကိုေတာ့ သူတို႔နည္း သူတို႔ဟန္နဲ႔ေမြးျမဴခဲ့ပါတယ္ ။
မၾကာမီမွာဘဲ Zheng က ေသြးတိုးေရာဂါေၾကာင့္ ေလျဖတ္ခဲ့ၿပီး သူ႔ကို ေအာက္ပိုင္းေသေစခဲ့ပါတယ္ ။ ေနာက္ၿပီး Zheng ရဲ႕ ဇနီးသည္က ဆုံးသြားၿပီး အဘြား နဲ႔ Xiao Qi တို႔ကို မၾကာခင္မွာဘဲ ထားခဲ့လိုက္ပါတယ္ ။ ဒါေပမယ့္ အဘြားအိုကအသက္ ၉၀ ေက်ာ္ေနပါၿပီ ။Xiao Qi က သူမရဲ႕ေမြးစားအေဖနဲ႔ သူမရဲ႕ေမြးစားအဖြားတို႔ ႏွစ္ဦး စလုံးကို ဂ႐ုစိုက္ရန္လိုေသာ္လည္း မိန္းကေလးက သူတို႔ကိုခ်စ္တာေၾကာင့္ ျပဳစုေနခဲ့ပါတယ္ ။
ေနာက္၂ႏွစ္အၾကာမွာ သူမရဲ႕မိဘအရင္းေတြက သူမကိုေျခရာခံၿပီး ျပန္လိုခ်င္ေၾကာင္းေျပာေပမယ့္ Xiao Qi က ျငင္းဆိုခဲ့ပါတယ္ ။ အိမ္မွာ သူမရဲ႕ေမြးစားအေဖနဲ႔ အဖြားကို ျပဳစုရာမွာ အခက္အခဲမ်ားစြာရွိေနေသာ္လည္း သူမက Zheng ကို ေက်းဇူးတင္ေၾကာင္းျပရန္ စိတ္အားထက္သန္ေနခဲ့တာပါ ။
ေနာက္ႏွစ္အနည္းငယ္မွာပင္ အဘြားက ဆုံးခဲ့ၿပီး Xiao Qi က သူ႔ရဲ႕ဖခင္ကို ျပဳစုေစာင့္ေရွာက္ေနေသးပါတယ္ ။ဒါေပမဲ့ Xiao Qi က သူမရဲ႕မိဘအရင္းေတြဆီကို ျပန္ဖို႔ မေ႐ြးခ်ယ္ေသးပါဘူး ။ Zheng က သူ႔ရဲ႕အေျခအေနေၾကာင့္ အလုပ္အကိုင္မရွိလို႔ အစိုးရမွ ေငြေၾကးအကူအညီကို မွီခိုေနရပါတယ္ ။
သူတို႔ရဲ႕ အေျခအေနဟာ မၾကာခင္မွာ ျပန႔္ႏွံ႔သြားၿပီး ေဒသခံမီဒီယာေတြရဲ႕ေက်းဇူးေၾကာင့္ သူတို႔ႏွစ္ဦးစလုံး ေနာက္ဆုံးမွာ အကူအညီေတြရရွိခဲ့ပါတယ္ ။ ေနာက္ၿပီး Xiao Qi ကိုလည္း ေက်ာင္းတက္ခိုင္းဖို႔ ေထာက္ပံ့ေပးၾကပါတယ္ ။
Leave a Reply