မြေးမလေးအတွက် ပွဲတက်ဝတ်စုံကို လက်နဲ့ အလှဆုံးဖြစ်အောင်ကိုယ်တိုင်ချုပ်လုပ်ပေးခဲ့တဲ့ အဖွား

မြေးမလေးအတွက် ပွဲတက်ဝတ်စုံကို လက်နဲ့ အလှဆုံးဖြစ်အောင်ကိုယ်တိုင်ချုပ်လုပ်ပေးခဲ့တဲ့ အဖွား

မိဘများအနေဖြင့် သူတို့ရဲ့ ကလေးအတွက် ထောင်နဲ့ချီတဲ့ဝတ်စုံတွေကို ငှားရမ်းပေးချင်ကြသော်လည်း ထောင်ပေါင်းများစွာ ကုန်ကျတဲ့ ဝတ်စုံအတွက် မတက်နိုင်တဲ့ မိဘတွေလည်းရှိပါတယ် ။ ကျေးဇူးတင်စရာမှာ သင့်ရဲ့ပိုက်ဆံတွေ အများကြီးဖြုန်းဖို့မလိုဘဲ အနည်းသာကုန်ကျမဲ့ ဝတ်စုံရှိပါတယ် ။

အဖွားအိုတစ်ဦးက သူမရဲ့မြေးမလေးအတွက် လက်နဲ့ချုပ်ထားတဲ့ အဝတ်အစားတစ်စုံဟာ အရမ်းကိုလှပပြီး ထိုအတွက် ပီဆို120 သာ ကုန်ကျရပါတယ် ။ Masbate မြို့က Arianne Marie Contreras ကျောင်းမှ ၁၀ တန်းကျောင်းသူတစ်ဦးဟာ သူမရဲ့အဖွား Mamay က သူမပွဲမဝင်ခင်နာရီအနည်းငယ်အကြာမှာ လှပတဲ့ဝတ်စုံကို ဖန်တီးပေးနိုင်ခြင်းကြောင့် အခြားသူတွေကို ကြွားဖို့ Twitter ပေါ်တင်ခဲ့ပါတယ် ။

” ဒီမှာ ကျွန်မအဖွား ချုပ်ပေးလိုက်တာ ဂါဝန်းလေးပါ ။ ဘယ်လိုနေလည်း ကြိုက်ရလား။ ” ဆိုပြီး ဝေမျှလာခဲ့ပါတယ် ။ အဘွားအိုက သူ့မြေးမလေးကို ချစ်မြတ်နိုးပြီး သူမကြည့်ကောင်းအောင် အရာရာတိုင်းကို လုပ်ပေးနိုင်ခဲ့လို့ မြေးမလေးက ပြုံးရွှင်နေခဲ့ပါတယ် ။ ထိုဝတ်စုံဟာ ပီဆို120 သာ ကုန်ကျပေမဲ့ အဖွား Mamay ဟာ မဂ္ဂဇင်းပေါ်က အဝတ်အစားတစ်ခုကို တစ်ခါတည်း ဖန်တီးနိုင်ခဲ့တာပါ ။

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*