မြေးမလေးရဲ့ဂျင်းဘောင်းဘီအပြဲကို ပြဲနေတယ်ထင်ပြီး သေချာပြန်ဖာချုပ်ပေးခဲ့လို့ နာမည်ကြီးနေခဲ့တဲ့ အဖွားအို

ဂျပန်ဆယ်ကျော်သက်မိန်းကလေးရဲ့ဂျင်းဘောင်းဘီဟာ အဖွားဖြစ်သူ လက်စွမ်းပြမှုကြောင့် ရယ်စရာကောင်းတဲ့ဘောင်းဘီအသွင်ပြောင်းသွားခဲ့ပါတယ်။၁၉၉၀ခုနှစ်တုန်းက လူကြိုက်များခဲ့တဲ့ဂျင်းဘောင်းဘီကို ယနေ့ခေတ်မှာတော့ ဒူးခေါင်း၊ပေါင်ပေါ်စတဲ့ ကိုယ်ကြိုက်တဲ့နေရာမှာ တမင်ဖြဲပြီး အပေါက်အပြဲတွေနဲ့ခေတ်ရေစီးကြောင်းအရ ဝတ်ဆင်လာကြတာကို သိကြမှာပါ။

ဂျပန်Twitter အသုံးပြုသူ Tomomiဆိုတဲ့ မိန်းကလေးဟာ ခေတ်မီတဲ့ဖက်ရှင်ရေစီးကြောင်းနောက်ကို အမီလိုက်နိုင်သူတစ်ဦးပါ။ဒါပေမဲ့ Tomomiရဲ့အဖွား Shizuက သူမရဲ့ဂျင်းဘောင်းဘီအပြဲကို ပြဲနေတယ်လို့ထင်ပြီး သူမအတွက် သေသေချာချာလေး ဖာချုပ်ပေးခဲ့ပါတယ်။ပြဲနေတဲ့အပေါက်ရဲ့ဘေးအနားအောက်ကို အထည်စလေးနဲ့ ဖောက်မမြင်ရအောင် သေချာချူပ်ထားတာကို တွေ့ရမှာပါ။

ဘောင်းဘီကိုမြင်ပြီး ရယ်နေခဲ့တဲ့Tomomi က အဖွားနဲ့သူနဲ့တွဲရိုက်ထားတဲ့ပုံနဲ့ဖာထားတဲ့ဘောင်းဘီပုံကို Twitter ပေါ်တင်ခဲ့ပြီးနောက် မကြာမီမှာဘဲ ပြန်shareပေးတဲ့လူများလာပြီး လူသိများသွားခဲ့ပါတယ်။

သူမရဲ့အဖွားဖြစ်သူကချက်ချင်း social media မှာ နာမည်ကြီးသွားတာကြောင့် အဖွားမှာ ပျော်လည်းပျော်နေပြီး နည်းနည်းလည်းရှက်နေခဲ့တယ်လို့ Tomomi ကဆိုပါတယ်။

အဖွား Shizuက trending အသစ်တစ်ခုကိုလုပ်လိုက်တယ်လို့ထင်ပါသလား၊ဒါပေမဲ့ ဂျင်းဘောင်းဘီဖာပေးခဲ့တာကိုကြည့်ရင်တော့ သူ့မြေးမလေးကို ဘယ်လောက်ချစ်နေလိုက်မလဲဆိုတာကို ခန့်မှန်းနိုင်ကြမှာပါ။အတို၊အပြဲ၊အပေါက်တွေပေးမဝတ်တတ်တဲ့ အိမ်ကအမေ၊အဖေတွေလိုပေါ့။

Be the first to comment

Leave a Reply

Your email address will not be published.


*