
မြေးဖြစ်သူရဲ့ ဝတ်စားဆင်ယင်ပေးမှုကြောင့် Fashion Influencer တစ်ယောက်ဖြစ်လာခဲ့တဲ့ 84 နှစ်အရွယ် အဘိုးအို
ဂျပန်နိုင်ငံမှာ နေထိုင်တဲ့ အသက် 84 နှစ်အရွယ် Tetsuya အမည်ရှိတဲ့ ပင်စင်ယူပြီးသား Chemistry ကျောင်းဆရာတစ်ဦးဟာ fashion ပိုင်းကို စိတ်ဝင်စားမှု မရှိခဲ့ပါဘူး ။ သို့ပေမဲ့လည်း မြေးဖြစ်သူရဲ့ ဝတ်စားဆင်ယင်ပေးမှု နဲ့ ဓာတ်ပုံရိုက်ကူးပေးမှုတို့ကြောင့် style icon တစ်ယောက်ဖြစ်လာခဲ့ရတာပါ ။
ဖြစ်စဉ်ကတော့ အားလပ်ရက်ရှည်မှာ မြေးဖြစ်သူ Naoya က အဘိုးဖြစ်သူထံလာရောက်လည်ပတ်ပြီး ၊ အပျော်သဘောအနေနဲ့ အဘိုးဖြစ်သူကို ဒီဇိုင်နာ ဝတ်စုံတွေ ဝတ်ဆင်ပေးပြီး ဓာတ်ပုံရိုက်ကူးပေးတာကို လက်ခံလား ဆိုပြီး မေးမြန်းခဲ့ပါတယ် ။ အဘိုးဖြစ်သူကလည်း သဘောတူခဲ့လို့ မြေးအဘိုးနှစ်ယောက် ဓာတ်ပုံတွေရိုက်ကူးကြရင်း အပျော်ကြီးပျော်ခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း အဆိုပါ ဓာတ်ပုံတွေက social media ပေါ်မှာ အတော်လေး အောင်မြင်သွားခဲ့မယ်လို့ သူတို့နှစ်ယောက်လုံးက လုံးဝမထင်ထားခဲ့ကြပါဘူး ။
အဘိုးဖြစ်သူကလည်း ရိုက်ကွင်းအတွက် တည်နေရာတွေလိုက်ရှာပေးခဲ့ပြီး ၊ အဘိုးဖြစ်သူရဲ့ နေအိမ်ပတ်ပတ်လည်မှာရှိတဲ့ ကွင်းပြင်တွေ ၊ ကမ်းခြေတွေ အနှံ့ရောက်ခဲ့ပါသေးတယ် ။ ဓာတ်ပုံရဲ့ပုံထွက်တွေက အတော်လေးလှလို့ Naoya က သူ့ရဲ့ twitter ပေါ်မှာ ဝေမျှခဲ့ပြီး၊ အလျင်အမြန်ကိုပဲ ရေပန်းစားသွားခဲ့ပါတယ် ။
အကောင်းဘက်ကပြောဆိုလာတဲ့ comments တွေရရှိလာခဲ့လို့ Naoya က အဘိုးဖြစ်သူအတွက် Instagram တစ်ခုထောင်ပေးခဲ့ပြီး အဘိုးရဲ့ဓာတ်ပုံတွေကို ဝေမျှပေးခဲ့ပါတယ် ။ အဘိုးဖြစ်သူကလည်း မယုံနိုင်လောက်တဲ့ အောင်မြင်မှုမျိုးရရှိခဲ့ပြီး ၊ တစ်လအတွင်း သူ့ရဲ့ Instagram မှာ followers ပေါင်း 99,000 ခန့်ရရှိခဲ့ကြောင်း သိရှိရပါတယ် ။
Zawgyi
ေျမးျဖစ္သူရဲ႕ ဝတ္စားဆင္ယင္ေပးမႈေၾကာင့္ Fashion Influencer တစ္ေယာက္ျဖစ္လာခဲ့တဲ့ 84 ႏွစ္အ႐ြယ္ အဘိုးအို
ဂ်ပန္ႏိုင္ငံမွာ ေနထိုင္တဲ့ အသက္ 84 ႏွစ္အ႐ြယ္ Tetsuya အမည္ရွိတဲ့ ပင္စင္ယူၿပီးသား Chemistry ေက်ာင္းဆရာတစ္ဦးဟာ fashion ပိုင္းကို စိတ္ဝင္စားမႈ မရွိခဲ့ပါဘူး ။ သို႔ေပမဲ့လည္း ေျမးျဖစ္သူရဲ႕ ဝတ္စားဆင္ယင္ေပးမႈ နဲ႔ ဓာတ္ပုံ႐ိုက္ကူးေပးမႈတို႔ေၾကာင့္ style icon တစ္ေယာက္ျဖစ္လာခဲ့ရတာပါ ။
ျဖစ္စဥ္ကေတာ့ အားလပ္ရက္ရွည္မွာ ေျမးျဖစ္သူ Naoya က အဘိုးျဖစ္သူထံလာေရာက္လည္ပတ္ၿပီး ၊ အေပ်ာ္သေဘာအေနနဲ႔ အဘိုးျဖစ္သူကို ဒီဇိုင္နာ ဝတ္စုံေတြ ဝတ္ဆင္ေပးၿပီး ဓာတ္ပုံ႐ိုက္ကူးေပးတာကို လက္ခံလား ဆိုၿပီး ေမးျမန္းခဲ့ပါတယ္ ။ အဘိုးျဖစ္သူကလည္း သေဘာတူခဲ့လို႔ ေျမးအဘိုးႏွစ္ေယာက္ ဓာတ္ပုံေတြ႐ိုက္ကူးၾကရင္း အေပ်ာ္ႀကီးေပ်ာ္ခဲ့ၾကပါတယ္ ။ သို႔ေပမဲ့လည္း အဆိုပါ ဓာတ္ပုံေတြက social media ေပၚမွာ အေတာ္ေလး ေအာင္ျမင္သြားခဲ့မယ္လို႔ သူတို႔ႏွစ္ေယာက္လုံးက လုံးဝမထင္ထားခဲ့ၾကပါဘူး ။
အဘိုးျဖစ္သူကလည္း ႐ိုက္ကြင္းအတြက္ တည္ေနရာေတြလိုက္ရွာေပးခဲ့ၿပီး ၊ အဘိုးျဖစ္သူရဲ႕ ေနအိမ္ပတ္ပတ္လည္မွာရွိတဲ့ ကြင္းျပင္ေတြ ၊ ကမ္းေျခေတြ အႏွံ႔ေရာက္ခဲ့ပါေသးတယ္ ။ ဓာတ္ပုံရဲ႕ပုံထြက္ေတြက အေတာ္ေလးလွလို႔ Naoya က သူ႔ရဲ႕ twitter ေပၚမွာ ေဝမွ်ခဲ့ၿပီး၊ အလ်င္အျမန္ကိုပဲ ေရပန္းစားသြားခဲ့ပါတယ္ ။
အေကာင္းဘက္ကေျပာဆိုလာတဲ့ comments ေတြရရွိလာခဲ့လို႔ Naoya က အဘိုးျဖစ္သူအတြက္ Instagram တစ္ခုေထာင္ေပးခဲ့ၿပီး အဘိုးရဲ႕ဓာတ္ပုံေတြကို ေဝမွ်ေပးခဲ့ပါတယ္ ။ အဘိုးျဖစ္သူကလည္း မယုံႏိုင္ေလာက္တဲ့ ေအာင္ျမင္မႈမ်ိဳးရရွိခဲ့ၿပီး ၊ တစ္လအတြင္း သူ႔ရဲ႕ Instagram မွာ followers ေပါင္း 99,000 ခန႔္ရရွိခဲ့ေၾကာင္း သိရွိရပါတယ္ ။
Leave a Reply