မြေပြင်ပေါ်မှာနေပြီး တိမ်တိုက်ပေါ်မှာ ခရီးသွားနေရသလို ခံစားရစေမဲ့ ပုတင်းပေါက်မီးအိမ်လေး

မြေပြင်ပေါ်မှာနေပြီး တိမ်တိုက်ပေါ်မှာ ခရီးသွားနေရသလို ခံစားရစေမဲ့ ပုတင်းပေါက်မီးအိမ်လေး

ကပ်ရောဂါအခြေအနေတွေကြောင့် လူတွေဟာ နေအိမ်အတွင်းမှာသာနေထိုင်နေရလို့ အချို့ဆိုရင် နိုင်ငံရပ်ခြားခရီးဝေးတွေ ထွက်ချင်နေကြပြီး ၊ လေယာဉ်ပေါ်က ပုတင်းပေါက်လေးတွေကို လွမ်းနေကြမှာပါ ။ ဒါကြောင့် တောင်ကိုးရီးယားနိုင်ငံမှ အိမ်အသုံးအဆောင်ပစ္စည်းရောင်းချတဲ့ OneRoomMaking စတိုးဆိုင်ကြီးဟာဆိုရင် LED ဒီဇိုင်းနဲ့ လေယာဉ်ပုတင်းပေါက်ပုံစံ နဲ့ မီးအိမ်လေးကို ရောင်းချလာခဲ့ပါတယ် ။ အဆိုပါမီးအိမ်လေးဟာ နှစ်မျိုးနှစ်စားရှိပြီး နေထွက်ချိန်ကနေ နေဝင်ချိန်အထိ ညဖက်မြင်ကွင်းတွေပါ ပါရှိမှာပါ ။

မီးအိမ်တစ်မျိုးဟာ ရိုးရိုးတိမ်တိုက်ရှုခင်းသာပါရှိပြီး ၊ နောက်တစ်မျိုးမှာတော့ လေယာဉ်ရဲ့တောင်ပံပါ ပါရှိတဲ့အတွက် အလှဓာတ်ပုံရိုက်ပြီး Instagram တွေပေါ် ဝေမျှချင်သူတွေအတွက် တစ်ကယ့်လေယာဉ်ပေါ်ရောက်နေတဲ့ ခံစားချက်မျိုး ရရှိမှာပါ ။အဆိုပါ မီးအိမ်ကို ဝယ်ယူမယ်ဆိုရင်တော့ $4,300 ကျသင့်မှာဖြစ်ပြီး ၊ လက်ရှိမှာတော့ 30% discount ရှိကြောင်းလည်း သိရှိရပါတယ် ။

#3

#4

#5

 

Be the first to comment

Leave a Reply

Your email address will not be published.


*