
မြေကြီးထဲမှာ အချိန်အတန်ကြာ ခိုအောင်းနေတဲ့ ရှားပါးစပါးအုံးမြွေကြီးနှစ်ကောင်ကို ရှာဖွေတွေ့ရှိခဲ့ကြတဲ့ ဆောက်လုပ်ရေးလုပ်သားများ
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ ရက်နေ့က ထုထည်ကြီးမားတဲ့စပါးအုံးမြွေကြီးနှစ်ကောင်ကို မလေးရှားနိုင်ငံ Terengganu မြို့ ၊ Kampung Gong Nangka ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ တူးဖော်တွေ့ရှိခဲ့ပါတယ်။ မလေးရှား အရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့ (CDF) က အဆိုပါနေရာရှိ အလုပ်သမားများ ရှာဖွေတွေ့ရှိမှုအတွက် ထိတ်လန့်တုန်လှုပ်သွားကာ ၎င်းမြွေနှစ်ကောင်တို့ကို အထဲသို့ ခေါ်သွင်းခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
စပါးအုံးမြွေများဟာ အလေးချိန် 250 ကီလိုဂရမ်နှင့် 100 ကီလိုဂရမ် အသီးသီးရှိကြောင်း CDF မှ ကြာသပတေးနေ့တွင် Twitter ပေါ်မှာ ပြန်လည်ဖော်ပြထားပါတယ်။ အလေးချိန် 250 ကီလိုဂရမ်ရှိတဲ့ စပါးအုံးမြွေဟာ အရှည် 5.8 မီတာခန့်ရှိပြီး အခြားမြွေတစ်ကောင်ကတော့ တိုင်းတာမှုအရ 4.2 မီတာရှိပါတယ်။Twitter ပေါ်မှာ မျှဝေထားသည့်ဓာတ်ပုံတွေမှာ CDF အရာရှိများက ၎င်းမြွေများကို ထောင်ချောက်ဆင်ကာ ဆိုက်မှ ဝေးရာသို့ ပို့ဆောင်ရန် ကားထဲသို့ ရွှေ့ပြောင်းထားသည်ကို တွေ့နိုင်ပါတယ်။
Reticulated python လို့ခေါ်သလို (Malayopython reticulatus) လို့လည်းခေါ်တဲ့ ၎င်းစပါးအုံးမြွေအမျိုးအစားဟာ တောင်အာရှနှင့် အရှေ့တောင်အာရှတွင် နေထိုင်သည့် ကမ္ဘာ့အရှည်ဆုံးမြွေမျိုးစိတ်ဘဲဖြစ်ပါတယ်။ အဆိပ်မရှိတဲ့ ၎င်းတို့ကို ၎င်းတို့ရဲ့အရေပြားအတွက် အမဲလိုက်ခံကြရပြီး ၊ အိမ်မွေးတိရစ္ဆာန်များအဖြစ်ရောင်းချကြသလို တိုင်းရင်းဆေးတွေ၌လည်း အသုံးပြုကြပါတယ်။
Zawgyi
ေျမႀကီးထဲမွာ အခ်ိန္အတန္ၾကာ ခိုေအာင္းေနတဲ့ ရွားပါးစပါးအုံးေႁမြႀကီးႏွစ္ေကာင္ကို ရွာေဖြေတြ႕ရွိခဲ့ၾကတဲ့ ေဆာက္လုပ္ေရးလုပ္သားမ်ား
ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၉ ရက္ေန႔က ထုထည္ႀကီးမားတဲ့စပါးအုံးေႁမြႀကီးႏွစ္ေကာင္ကို မေလးရွားႏိုင္ငံ Terengganu ၿမိဳ႕ ၊ Kampung Gong Nangka ေဆာက္လုပ္ေရးလုပ္ငန္းခြင္တစ္ခုမွာ တူးေဖာ္ေတြ႕ရွိခဲ့ပါတယ္။ မေလးရွား အရပ္ဘက္ကာကြယ္ေရးတပ္ဖြဲ႕ (CDF) က အဆိုပါေနရာရွိ အလုပ္သမားမ်ား ရွာေဖြေတြ႕ရွိမႈအတြက္ ထိတ္လန႔္တုန္လႈပ္သြားကာ ၎ေႁမြႏွစ္ေကာင္တို႔ကို အထဲသို႔ ေခၚသြင္းခဲ့ေၾကာင္း ေျပာၾကားခဲ့ပါတယ္။
စပါးအုံးေႁမြမ်ားဟာ အေလးခ်ိန္ 250 ကီလိုဂရမ္ႏွင့္ 100 ကီလိုဂရမ္ အသီးသီးရွိေၾကာင္း CDF မွ ၾကာသပေတးေန႔တြင္ Twitter ေပၚမွာ ျပန္လည္ေဖာ္ျပထားပါတယ္။ အေလးခ်ိန္ 250 ကီလိုဂရမ္ရွိတဲ့ စပါးအုံးေႁမြဟာ အရွည္ 5.8 မီတာခန႔္ရွိၿပီး အျခားေႁမြတစ္ေကာင္ကေတာ့ တိုင္းတာမႈအရ 4.2 မီတာရွိပါတယ္။Twitter ေပၚမွာ မွ်ေဝထားသည့္ဓာတ္ပုံေတြမွာ CDF အရာရွိမ်ားက ၎ေႁမြမ်ားကို ေထာင္ေခ်ာက္ဆင္ကာ ဆိုက္မွ ေဝးရာသို႔ ပို႔ေဆာင္ရန္ ကားထဲသို႔ ေ႐ႊ႕ေျပာင္းထားသည္ကို ေတြ႕ႏိုင္ပါတယ္။
Reticulated python လို႔ေခၚသလို (Malayopython reticulatus) လို႔လည္းေခၚတဲ့ ၎စပါးအုံးေႁမြအမ်ိဳးအစားဟာ ေတာင္အာရွႏွင့္ အေရွ႕ေတာင္အာရွတြင္ ေနထိုင္သည့္ ကမာၻ႔အရွည္ဆုံးေႁမြမ်ိဳးစိတ္ဘဲျဖစ္ပါတယ္။ အဆိပ္မရွိတဲ့ ၎တို႔ကို ၎တို႔ရဲ႕အေရျပားအတြက္ အမဲလိုက္ခံၾကရၿပီး ၊ အိမ္ေမြးတိရစာၦန္မ်ားအျဖစ္ေရာင္းခ်ၾကသလို တိုင္းရင္းေဆးေတြ၌လည္း အသုံးျပဳၾကပါတယ္။
Leave a Reply