မြို့မှာ အလုပ်ထွက်လုပ်နေတဲ့မိဘနှစ်ပါးကို သွားရောက်တွေ့ဆုံဖို့ ဘတ်စ်ကားရဲ့အောက်ဖက်မှာပုန်းခိုပြီး လိုက်ပါးစီးနင်ခဲ့ကြတဲ့ ညီအစ်ကို2ဦး

တရုတ်နိုင်ငံ ကျေးလက်ဒေသရှိ မိဘတွေဆီကထားခဲ့ခံရတဲ့ ကောင်လေးနှစ်ဦးဟာ အနီးအနားရှိမြို့မှာ အလုပ်လုပ်နေတယ်လို့ထင်နေတဲ့မိဘတွေကို သွားတွေ့ဖို့ ၃နာရီနီးပါးလောက် ဘတ်စ်ကားရဲ့အောက်မှာပုန်းရင်း လိုက်ခိုစီးခဲ့ကြပါတယ်။Guangxiအနောက်ပိုင်း Nazuoမြို့နယ်က ကျေးရွာတစ်ရွာမှာ အခုလက်ရှိဆွေမျိုးတွေနဲ့အတူ နေထိုင်တဲ့ အဆိုပါ ၈နှစ်၊၉နှစ်အရွယ်ရှိညီအစ်ကိုနှစ်ဦးကို မိဘတွေက အလုပ်ကောင်းကောင်းရှာလုပ်နိုင်ဖို့ ဆွေမျိုးတွေဆီထားခဲ့တာပါ။

မိဘတွေကို သတိရတာကြောင့် အဆိုပါကောင်လေးတွေဟာ သူတို့မိဘတွေအလုပ်လုပ်နေတယ်လို့ထင်နေတဲ့Blaiseမြို့ကို သွားဖို့ အတန်းလစ်ကာ အဆိုပါမြို့ကိုဆိုက်ရောက်မဲ့ဘတ်စ်ကားရဲ့အောက်ပိုင်းမှာ ပုန်းရင်းလိုက်ခိုစီးခဲ့ကြပြီး ၃၆ကီလိုမီတာ(၅၆မိုင်)နှုန်းဖြင့် ၃နာရီအကြာလိုက်စီးခဲ့ကြကြောင်း China News က ဖော်ပြထားပါတယ်။Blaiseမြို့ခရီးရဲ့သုံးပုံတစ်ပုံလောက်မှာ Xillinကောင်တီရှိဘူတာရုံလုံခြုံရေးဝန်ထမ်းတွေက သူတို့နှစ်ဦးကိုရှာတွေ့ခဲ့ပြီး ကံကောင်းထောက်မစွာနဲ့ ဘာမှမဖြစ်ဘဲ တစ်ကိုယ်လုံးမှာရွံ့တွေသာပေနေခဲ့ကြပါတယ်။

ထို့နောက် အဝတ်အစားအသစ်တွေလဲပေးကာ အစားအစာတွေလည်းကျွေးခဲ့ပြီးနောက် သူတို့ကျောင်းက သူ့တို့ကို ခြေရာခံလိုက်နိုင်ခဲ့ပြီး ချက်ချင်းပြန်ခေါ်ဖို့ လူတစ်ဦးကို စေလွှတ်ခဲ့ကြကြောင်း Shanghaiistသတင်းအရ သိရပါတယ်။သူတို့မိဘတွေကို သွားတွေ့ဖို့ခရီးစဉ်ကအောင်မြင်သွားခဲ့ပေမဲ့ ဆွေမျိုးတွေက မိဘအိမ်နဲ့နီးကပ်စွာနေထိုင်နေရသလိုခံစားရအောင် မိဘတွေက Baiseမြို့မှာ အလုပ်လုပ်နေတယ်လို့ သူတို့ကိုတမင်လိမ်ပြောခဲ့ကြတာပါ။

တကယ်တော့ သူတို့မိဘတွေက Guangdongပြည်နယ်မှာ ရှိနေခဲ့ကြတာပါ။အဆိုပါညီအစ်ကိုနှစ်ဦးဟာ တရုတ်နိုင်ငံရဲ့မိဘတွေဆီက ထားခဲ့ခံရတဲ့ သန်းပေါင်းများစွာသော ကလေးတွေထဲက အပါအဝင်ဖြစ်နေပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*