
မြန်မာငွေ 343 သိန်းကျော် ဆုမဲပေါက်သွားပြီးနောက် နေ့ချင်းညချင်း မရှိခဲ့တဲ့ဆွေမျိုးနဲ့ရည်းစားဟောင်းတွေပါ ရသွားတဲ့ အမျိုးသားတစ်ဦး
လူတိုင်းမှာ ပိုက်ဆံကို ကြိုက်နှစ်သက်ရတဲ့အထူးသလည် လျှို့ဝှက်ချက်တွေမရှိပါဘူး။အကယ်လို့ သင့်မှာ ပိုက်ဆံမရှိခဲ့ရင် သင်ဟာ ကျိန်းသေ ချမ်းသာတဲ့လူတွေကိုတော့ အားကျနေမိမှာ အမှန်ပါဘဲ။မလေးရှားနိုင်ငံ Kelantan ပြည်နယ်မှ အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ BSN ရဲ့ကံစမ်းမဲပေါက်ကာ RM 1 million အနိုင်ရသွားခဲ့တာကြောင့် netizens များက ရုတ်တရက် နေ့ချင်းညချင်းဆိုသလို အဆိုပါကံကောင်းတဲ့သူရဲ့“ ဆွေမျိုးများနှင့် ရည်းစားဟောင်းများ ” ဖြစ်သွားခဲ့ကြပါတယ်။
မတ်လ 6 ရက်နေ့မှာ Harian Metro သတင်းက အဆိုပါအမျိုးသားဟာ BSN ရဲ့ Sijil ပရီမီယံအထူး Draw 2021ရဲ့အသက်အငယ်ဆုံးဆုရှင်ဖြစ်လာခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။BSN က တစ်ဦးချင်းစီအနေဖြင့် RM1 million အထိ ရနိုင်သည့်အထူးနှစ်ပတ်လည်ကံစမ်းမဲအစီအစဉ်ကို ၂၀၁၄ ခုနှစ်ကတည်းက စတင်ခဲ့တာပါ။
၎င်းကြေငြာချက်အပြီးမှာ Facebook အသုံးပြုသူများစွာဟာ ကံကောင်းလွန်းခဲ့တဲ့အဆိုပါလူငယ်အား ချီးကျူးရန် ၎င်း post အောက်မှာ ပလူပျံနေခဲ့ကြပြီး သူတို့နှင့် ဆွေမျိုးဘဲတော်သလို၊ ရည်းစားဟောင်းဘဲတော်သလိုနဲ့ သူတို့ကိုယ်တိုင် အမျိုးစပ်နေခဲ့ကြပါတယ်။အချို့အမျိုးသမီးများက ထိုလူက သူတို့ကို ရည်းစားစကားပြောခဲ့ပေမဲ့ သူတို့လက်မခံခဲ့လို့ နောင်တရကြောင်း မဟုတ်ဘဲ ပြောနေခဲ့ကြပါတယ်။
“ ငါ အရင်က နင့်ကို အသက်မတူလို့ လက်မခံခဲ့တာကို နားလည်ပေးပါ ၊ အခု ငါတို့တွဲကြရအောင် အစကနေ ပြန်စရအောင်” ၊“ ဘုရားသခင်ကို ကျေးဇူးတင်လိုက်တာ ၊အခု နင် ငါ့ကို လက်ထပ်လို့ရပြီပေါ့ နင် ငါ့ကို လက်ထပ်ဖို့ ဂတိပေးထားတယ်မလား ဂတိဖျက်လို့ မရဘူးနော် babe ” ဟု မှတ်ချက်ပေးခဲ့ကြပါတယ်။
အချို့ကလည်း ငယ်ကတည်းက ခွဲသွားတဲ့ဆွေမျိုးတစ်ယောက်လို ဆက်ဆံနေခဲ့ကြပါသေးတယ်။“ ဘုရားသခင်ကို ကျေးဇူးတင်တယ် မွေးကတည်းက ခွဲခွါသွားခဲ့တာ နောက်ဆုံးတော့ ငါတို့ပြန်တွေ့ရတော့မယ် ၊ BSNကို ကျေးဇူးတင်ပါတယ်” ၊ “ ဒါ ငယ်ငယ်ကတည်းက ခွဲသွားတဲ့ ကျွန်တော့်မောင်လေးပါ ငါ့ဖုန်းနံပါတ် 09xxxxxxx ယူပါ ၊ အကို့ဆီပြန်လာခဲ့ပါ” ဆိုတဲ့ ပေါက်တက်ကရ မှတ်ချက်တွေပေးခဲ့ကြပါသေးတယ်။
အဆိုပါအမျိုးသားကတော့ မဲပေါက်ပြီးပြီးချင်းဘဲ မရှိခဲ့တဲ့ကောင်မလေးတွေနဲ့ ဆွေမျိုးတွေကို အများကြီးရလိုက်ရပါတယ်။သို့ပေမဲ့ အဆိုပါ post အောက်မှာ သူက ဘာမှပြန်မဖြေကြားသေးပါဘူး။
Leave a Reply