မြစ်ချောင်းတွေ နဲ့ ရေကန်ကြီးတွေထဲမှာ ရွှေငါးတွေကို လုံးဝမလွတ်ပေးသင့်တဲ့ အကြောင်းအရင်း

လူအတော်များများကတော့ ရွှေငါးတွေကို မွေးဖူးကြမှာပါ ။ ဒါပေမဲ့ ငါးလေးတွေ ရုတ်တရက်သေဆုံးသွားတဲ့အချိန်မျိုးမှာ အနောက်နိုင်ငံမှာနေထိုင်ကြတဲ့သူတွေကတော့ နမော်နမဲ့ ရေအိမ်အတွင်းထဲသာ ပစ်လေ့ရှိကြပါတယ် ။ သို့ပေမဲ့လည်း တစ်ခါတစ်လေ အဆိုပါရွှေငါးတွေက မသေဘဲ ရေစီးကြောင်းအတိုင်း မြစ်ချောင်း ၊ အင်းအိုင် နဲ့ ရေကန်ကြီးတွေထဲ ကျရောက်သွားပြီး အသက်ဆက်ရှင်သန်နေကြပါတယ် ။

ရွှေငါးတွေက မွေးမြူဖို့ ငွေပမာဏမများလို့ လူအတော်အများက နေအိမ်အတွင်း အလှဆင်ရန်အတွက် မွေးမြူလေ့ရှိကြပါတယ် ။သို့ပေမဲ့လည်း ၎င်းတို့နဲ့မအပ်ဆက်တဲ့ နေရာတွေမှာ မွေးမြူမိရင်တော့ မယုံကြည်နိုင်လောက်အောင် ဗီဇတွေပြောင်းလဲပြီး ဧရာမငါးကြီးတွေလောက်အထိ ကြီးထွားလာနိုင်ကြပါတယ် ။

အထူးသဖြင့် အမေရိကန် ၊ ပြင်သစ် ၊ ဆွစ်ဆာလန် စတဲ့နိုင်ငံတွေမှာ ဆိုရင် မကြာခဏ ဧရာမရွှေငါးကြီးတွေကို ငါးဖမ်းသမားများက ဖမ်းမိလေ့ရှိကြပါတယ် ။ ဒါကြောင့် ရွှေငါးတွေကို ရေကန်ကြီးတွေထဲ လွတ်ပေးမယ်ဆိုရင် နှစ်ကြိမ်လောက်တော့ ပြန်ပြီးစဉ်းစားဆင်ခြင်သင့်ပါတယ် ။

#4

#5

#6

#7

#8

#9

#10

 

Be the first to comment

Leave a Reply

Your email address will not be published.


*