မြင်းနဲ့ မခွဲချင်လို့ သူမရဲ့အိပ်ခန်းထဲကို ခိုးကြောင်ခိုးဝှက်နဲ့ ခေါ်ထည့်ခဲ့တဲ့ ကလေးမလေး

မြင်းနဲ့ မခွဲချင်လို့ သူမရဲ့အိပ်ခန်းထဲကို ခိုးကြောင်ခိုးဝှက်နဲ့ ခေါ်ထည့်ခဲ့တဲ့ ကလေးမလေး

KK အမည်ရှိကလေးမလေး နှင့် Sauce လို့ခေါ်တဲ့မြင်းတို့ဟာ KK အသက် 5 နှစ်မပြည့်ခင် အစောပိုင်းလောက်ကတည်းက အကောင်းဆုံးမိတ်ဆွေတွေ ဖြစ်နေခဲ့ကြပါတယ်။KK အသက် 2 နှစ်အရွယ်လောက်တုန်းကတည်းက Sauce နဲ့ KK တို့ဟာ အတူတူကြီးပြင်းလာခဲ့ကြကြောင်း Ashlie Phillips အမည်ရှိ KK နှင့် Sauce တို့ရဲ့အမေက ပြောခဲ့ပါတယ်။

ကလေးမလေးနဲ့ မြင်းလေးတို့ဟာ ဘာကိုဘဲ လုပ်လုပ် အတူတူလုပ်တတ်ကြပြီး KK က မြင်းလေး Sauce မပါတဲ့သူမရဲ့ဘဝကို စိတ်ကူးနဲ့တောင် မတွေးကြည့်ခဲ့ဖူးပါဘူး။Sauce ဟာ များသောအားဖြင့် ခြံထဲမှာဘဲ ရှိနေတတ်ပြီး နံနက်တိုင်း KK ရဲ့အိပ်ခန်းပြတင်းပေါက်နားမှာ လာပြီး စောင့်ကြည့်နေတတ်ပါတယ်။

 

KK နှင့် Sauce တို့ဟာ အတူတူရှိနေရတာကို အရမ်းနှစ်သက်ကြတာကြောင့် အမေဖြစ်သူကလည်း တစ်ခါတစ်လေ သူတို့ကို အိမ်ထဲမှာ အချိန်ဖြုန်းခွင့်ပေးပါတယ်။ဒါပေမဲ့ တစ်ခါတစ်လေမှာ အတိုင်အဖောက်ညီလွန်းတဲ့သူတို့က အိမ်စည်းကမ်းတွေကို တိတ်တခိုးချိုးဖောက်ချင်နေကြပါတယ်။

တစ်နေ့မှာ Phillips က KK နှင့် Sauce တို့ကို ရှာမတွေ့နေလို့ အနည်းငယ်စုံစမ်းစစ်ဆေးကြည့်ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် သူတို့က KK ရဲ့အိပ်ခန်းထဲမှာ သူတို့ကိုယ်သူတို့ပါတီအသေးစားပြုလုပ်နေတာကို တွေ့ခဲ့ရပါတယ်။အစောပိုင်းလောက်မှာ Phillips က Sauce ကို KK နဲ့အတူ ဆော့ကစားခွင့်ပေးကာ ဧည့်ခန်းထဲမှာ ခဏလောက်ပေးနေပြီးနောက် Sauce ကို ခြံထဲသို့ပြန်လွှတ်လိုက်တာပါ။

ဒါပေမဲ့ KK ဟာ သူမရဲ့အိပ်ခန်းထဲသို့ Sauce ကို ခေါ်ပြီးကစားနေတာကို တွေ့ခဲ့ရပါတယ်။KK ဟာ Sauce အား သူမရဲ့အိပ်ခန်းကို မြင်စေချင်တာကြောင့် အရွယ်အစားကြီးတဲ့ Sauce ကို ဧည့်ခန်းမှ တတ်နိုင်သလောက် အမြန်ဆုံးနဲ့ သူမအခန်းသို့ ခိုးကြောင်ခိုးဝှက် ခေါ်ဆောင်သွားခဲ့ပုံရပါတယ်။

KK နှင့် Sauce တို့ဟာ တစ်ဦးကိုတစ်ဦး အလွန်ချစ်မြတ်နိုးကြသလို တစ်ခါတစ်လေလည်း မကောင်းတဲ့အကြံအစည်တွေကို ပေါင်းကြံရတာကို သဘောကျနေကြပုံပါဘဲ။သူတို့ရဲ့ခိုးကြောင်ခိုးဝှက်ကြံစည်ပုံက သူတို့ရဲ့ ဆက်ဆံရေးကို အရမ်းချစ်ဖို့ကောင်းစေလို့ လတ်တလော social media မှာ လူပြောများပြီး ရေပန်းစားနေလျက်ရှိပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*