
မျှော်လင့်တကြီးနဲ့ ကားလာရပ်တဲ့သူတိုင်းကို အိမ်ခေါ်ပြန်အောင် အမြီးလေးလှုပ်ပြနေခဲ့တဲ့ သနားစရာ လမ်းဘေးခွေးလေးတွေ(ရုပ်သံ)
အသက် ၁၈ နှစ်အရွယ် Destiny Vasquez အမည်ရှိတဲ့ကောင်မလေးဟာ Texas ပြည်နယ် Brownsville မြို့ရှိ စားသောက်ဆိုင်တစ်ခုရဲ့ကားရပ်နားရာနေရာမှာ စောင့်နေစဉ် ကြောက်လန့်တုန်လှုပ်ပြီး အစာငတ်မွတ်နေတဲ့လမ်းဘေးခွေးတွေကို တွေ့ရှိခဲ့ပါတယ်။ခွေးလေးတွေအပေါ် သူမရဲ့သနားကြင်နာမှုကိုချက်ချင်းခံစားခဲ့ရပြီး မိခင်ဖြစ်သူ Jessica Marin ကိုခေါ်ပြီး ငိုချပစ်ခဲ့ပါတယ်။
သူမချက်ချင်းဘဲ ကားရပ်နားရာနေရာသို့ ပြေးသွားခဲ့ကာ စားသောက်ဆိုင်ရှိ၀န်ထမ်းအချို့ကိုမေးမြန်းပြီးနောက် အမိုးအကာမရှိဘဲ ကားရပ်နားရာနေရာမှာ ရက်သတ္တပတ်အကြာနေခဲ့တဲ့ ခွေးလေးနှစ်ကောင်ကို တွေ့ခဲ့ရပါတယ်။Marin ဟာ ခွေးတွေအတွက် အသနားခံစာကို Facebook ပေါ်မှာ မျှဝေခဲ့ပြီးနောက် Houstonမြို့ ရှိတိရိစ္ဆာန်ကူညီထိန်းသိမ်းရေးရဲ့စေတနာ့ဝန်ထမ်း Ana Teran အမျိုးသမီးထံသို့ ရောက်သွားခဲ့ပါတယ်။
Houston သို့ပြန်ရောက်တာနှင့် Teran က ထိုခွေးနှစ်ကောင်ရဲ့မွေးစားအမေ လုပ်ဖို့ဆုံးဖြတ်ခဲ့ပြီး သူတို့ကို Patty နှင့် Pepper လို့အမည်ပေးခဲ့ပါတယ်။သူမက Houston မှာ ခွေးဂေဟာပါ ဖွင့်ဖို့ စဉ်းစားခဲ့ပါသေးတယ်။ခွေးလေးနှစ်ကောင်ကလည်း သူမနှင့်အတူနေထိုင်ဖို့ ၀မ်းသာနေခဲ့ကြပါတယ်။
Leave a Reply