
မျောက်ကိုကားမောင်းခိုင်းခဲ့သောကြောင့် ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းခံလိုက်ရသော ခရီးသည်တင် ယာဉ်မောင်းတစ်ဦး
အိန္ဒိယနိုင်ငံတွင် ဘတ်စ်ကားမောင်းသူတစ်ဦးဟာ မျောင်တစ်ကောင်ကို ကား၏စတီယာတိုင်အား ကိုင်ခိုင်းပြီး သွားလာနေသည့် ဗီဒီယိုဟာ လိုင်းပေါ်တွင် ပျံနှံသွားခဲ့ပါတယ်။ယာဥ်မောင်းအမျိုးသားဟာ သူမွေးမြူထားသော မျောင်ငယ်လေးကို ကားမောင်းသွားရာ၌ ခေါ်ဆောင်သွားပြီး ကားကို မောင်နှင်စေခဲ့ခြင်းဖြစ်ပါတယ်။
ထိုဗီဒီယိုလေးဟာ လေးဟာတွင် အလွန်ပျံနှံသွားသောကြောင့် အာဏာပိုင်များက ခရီးသည့တို့၏ လုံခြုံရေးကို များစွားထိခိုက်စေနိုင်သောကြောင့် စုံစမ်းစစ်ဆေးကာ ယာဥ်မောင်းလိုင်စင်အား ပိတ်သိမ်းခဲ့ပါတယ်။
ခရီးသွားများ၏ ပြောစကားများအရ မျောက်ကလေးဟာ စတီယာတိုင်ကို ကိုင်ထားသော်လည်း ကားဒရိုင်ဘာသည် သတိတစ်ချက်ပင် မပျက်ပဲ ကားကိုသေချာစွာမောင်းနှင်ကြောင်း ကာကွယ်ပြောဆိုပေးခဲ့ကြပါတယ်။
သို့သော်လည်း တာဝန်ရှိသူများက ခရီးသည်များသာလျှင် ပိုမိုအရေးကြီးသည့်အတွက် စိုးရိမ်ပူပန်မှု မဖြစ်စေရန် ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။
Leave a Reply