မျိုးစိတ်ချင်းမတူပေမဲ့ အရောင်အဆင်းကတူနေတဲ့အပြင် သူငယ်ချင်းကောင်းတွေပါဖြစ်နေကြတဲ့ တိရိစ္ဆာန်လေးတွေ

မျိုးစိတ်ချင်းမတူပေမဲ့ အရောင်အဆင်းကတူနေတဲ့အပြင် သူငယ်ချင်းကောင်းတွေပါဖြစ်နေကြတဲ့ တိရိစ္ဆာန်လေးတွေ

သူငယ်ချင်းကောင်းအားလုံးတွေက တူညီနေကြတာမဟုတ်သလို ၎င်းအချက်ကလည်း သူတို့အတွက်မလိုအပ်ပါဘူး။အခုလည်း ဒီတိရိစ္ဆာန် သုံးမျိုးကတော့ မျိုးစိတ်ချင်းမတူပေမဲ့ စိတ်ချင်းဆက်ပြီး သူငယ်ချင်းကောင်းတွေဖြစ်နေကြပါတယ်။သိုပေမဲ့ သူတို့မှာ ပိုထူးခြားတာက ပုံပန်းသဏ္ဍာန်ချင်းမတူကြပေမဲ့ အရောင်အဆင်းကွက်တွေက တူညီနေကြပါတယ်။

၁၀ နှစ်အရွယ် Nevada လို့ခေါ်တဲ့မြင်း ၊ ၆ နှစ်အရွယ် Napoleon လို့ခေါ်တဲ့ မြည်း နဲ့ ၂နှစ်အရွယ် Dalmatian Jack Sparrow လို့ခေါ်တဲ့ခွေးလေးတို့ဟာ အရွယ်အစား ၊မျိုးစိတ် နဲ့ အလေ့အထတွေ မတူကြပေမဲ့ သူငယ်ချင်းကောင်းတွေဖြစ်ကြောင်း Greetje Arends-Hakvoort အမည်ရှိ၎င်းတို့ရဲ့သခင်က ဆိုခဲ့ပြီး သူမမှာ အဆိုပါတိရိစ္ဆာန်လေးတွေအပါအဝင် Jolie Lune Arends အမည်ရှိတဲ့သမီးလေးပါရှိနေပါတယ်။

 

ခွေးလေးနဲ့ သမီးဖြစ်သူက တစ်ချိန်တည်းမွေးလာခဲ့တာကြောင့် သူတို့အချင်းချင်းကလည်း သူငယ်ချင်းကောင်းတွေဖြစ်ကြပါတယ်။ Greetje နဲ့ သမီးဖြစ်သူတို့ဟာ မနက်ခင်းတိုင်း သူတို့ရဲ့အိမ်မွေးတိရိစ္ဆာန်မိသားစုနဲ့အတူ အမြဲလမ်းလျှောက်ထွက်လေ့ရှိပါတယ်။

အခုလို သူတို့လေးတွေဟာ မျိုးစိတ်ချင်းမတူပေမဲ့ သူငယ်ချင်းကောင်းတွေဖြစ်နေရခြင်းရဲ့အဓိကသော့ချက်က ယုံကြည်မှုဘဲဖြစ်ကြောင်း Greetje က ဆိုခဲ့ပါသေးတယ်။

ဒီတော့ မျိုးစိတ်ချင်းမတူပေမဲ့ စိတ်တူကိုယ်တူရှိပြီး အထူးသဖြင့် ခန္ဓာကိုယ်အရောင် အဆင်းကွက်ကြားလေးတွေနဲ့ ရင်သပ်ရှုမောဖွယ်ကောင်းနေတဲ့ တိရိစ္ဆာန်သုံးကောင်လေးတို့ရဲ့ ပုံရိပ်တွေကို စာဖတ်သူတို့အဖို့ ဖော်ပြပေးခဲ့လိုက်ပါတယ်နော်။

 

 

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*