မျက်ရည်သုတ်ဖို့ ဆွဲဆောင်မှုရှိတဲ့အမျိုးသားများအား ငှါးရမ်းနိုင်တဲ့ ဂျပန်နိုင်ငံရဲ့ဝန်ဆောင်မှုတစ်ခု

ဂျပန်နိုင်ငံမှာ မျက်ရည်သုတ်ပေးဖို့ ဆွဲဆောင်မှုရှိတဲ့အမျိုးသားတွေကို ငှါးရမ်းနိုင်တဲ့ ၀န်ဆောင်မှုတစ်ခုရှိနေပါတယ်။ဂျပန်နိုင်ငံဟာ ဆန်းပြားတဲ့အရာတွေတီထွင်ဖို့ပျက်ကွက်တယ်ဆိုတာမျိုး ဘယ်တော့မှမရှိခဲ့ဖူးပါဘူး။

အမျိုးသမီးတစ်ဦး မျက်ရည်သုတ်ဖို့ ယောကျ်ားတစ်ဦးကိုငှါးရမ်းနိုင်တဲ့ ဒီ၀န်ဆောင်မှုက သင်တို့အတွက် ထူးဆန်းနေမှာအမှန်ပါ။၂၀၁၅ ခုနှစ်မှာ ဒီ၀န်ဆောင်မှုကို ဂျပန်နိုင်ငံက စတင်မိတ်ဆက်ခဲ့ပြီး ယနေ့အထိတည်ရှိနေခဲ့ပါတယ်။စီးပွါးရေးလုပ်ငန်းက သူတို့အတွက် အရမ်းကိုအရေးပါနေမှာ အသေအချာပါဘဲ။

ငိုရတာကို နှစ်သက်မြတ်နိုးပုံရတဲ့ Hiroki Terai အမည်ရှိအမျိုးသားတစ်ဦးက ဒီ၀န်ဆောင်မှုကိုစတင်တည်ထောင်ခဲ့တာပါ။လွန်ခဲ့တဲ့ ၇ နှစ်တုန်းက Terai ဟာငိုတဲ့ကုထုံးအဖွဲ့ကိုစတင်ခဲ့တဲ့အပြင် Ikemen အမည်ရှိတဲ့ဒီဝန်ဆောင်မှုကို အလုပ်များပြီး စိတ်ဖိစီးမှုခံစားနေရသလို ၊ အထီးကျန်တဲ့ပတ်ဝန်းကျင်မှာနေထိုင်နေရတဲ့ အမျိုးသမီးများအတွက် အထူးပြုလုပ်ထားတာပါ။

ဂျပန်နိုင်ငံရှိ ရေပန်းစားတဲ့ဝန်ဆောင်မှုတွေထဲမှာမှ ဒီ၀န်ဆောင်မှုက အလွန်ရိုးရှင်းပြီး လုံးဝ တရားဝင်မှတ်ပုံတင်ထားကြောင်းTerai က ဆိုထားပါတယ်။အကယ်လို့ သင်ဟာ အလုပ်ခွင်မှာကြမ်းတမ်းတဲ့နေ့တစ်နေ့ကို ကြုံတွေ့နေရရင်တော့ ‘ikemen’သို့ အရောက်သွားနိုင်ပါတယ်။

ဝန်ဆောင်မှုမှာ သွားဆရာဝန် ၊ လူကြမ်း၊ ကြည့်ကောင်းတဲ့ဆရာ စတဲ့ အမျိုးသားဇာတ်ဆောင် ၈မျိုးပါရှိနေပါသေးတယ်။စိတ်ထိခိုက်စေတဲ့ကိစ္စကြောင့် မျက်ရည်တွေစီးကျလာတဲ့အခါ ဝန်ဆောင်မှုပေးတဲ့အမျိုးသားက သင့်ရဲ့ပါးပြင်ပေါ်ကမျက်ရည်ကို တစ်သျှူးနှင့်သုတ်ပေးခြင်းဖြင့်နှစ်သိမ့်ပေးပြီး အတူတူ ငိုကြွေးပေးပါလိမ့်မယ်။ဆက်ရှင်တစ်ခုကို ယန်း ၇,၉၀၀ ( ၁၀၁,၀၀၀ ကျပ်) ကျသင့်ပါတယ်။ချောမောကြည့်ကောင်းတဲ့ယောကျ်ားတွေထဲမှ သဘောကျတဲ့တစ်ယောက်ကို ဖုန်းဆက်ခေါ်နိုင်ပြီး သင့်ရဲ့ခံစားချက်တွေကိုဖွင့်ဟနိုင်သလို ငိုကြွေးပြပြီးအချော့ခံချင်လည်း ရပါတယ်။

အခုလို၀န်ဆောင်မှုဟာ ဂျပန်နိုင်ငံမှာဘာကြောင့်ရှိလာကြောင်းကိုတော့ သေချာမသိရပေမဲ့ ဂျပန်အမျိုးသမီးတွေက သူ့တို့ရဲ့ပတ်ဝန်းကျင်အခြေအနေ နှင့် သူတို့ရဲ့လုပ်ငန်းခွင်ကြောင့်ဖြစ်ကြောင်း အနည်းအကျဉ်း ပြောပြထားပါတယ်။သင်တို့ကော အခုဝန်ဆောင်မှုကို ဘယ်လိုထင်မြင်မိပါသလဲ။

Be the first to comment

Leave a Reply

Your email address will not be published.


*