မျက်မမြင်ဖခင်ဖြစ်သူအား အလုပ်ဆင်းရန် နေ့စဉ် တုတ်ချောင်းဖြင့် ရှေ့ကနေဦးဆောင်လမ်းပြပေးလေ့ရှိတဲ့ ၅နှစ်အရွယ်ကလေးမလေး (ရုပ်သံ)

မျက်မမြင်ဖခင်ဖြစ်သူအား အလုပ်ဆင်းရန် နေ့စဉ် တုတ်ချောင်းဖြင့် ရှေ့ကနေဦးဆောင်လမ်းပြပေးလေ့ရှိတဲ့ ၅နှစ်အရွယ်ကလေးမလေး (ရုပ်သံ)

ဖိလစ်ပိုင်နိုင်ငံမှချစ်စရာကောင်းတဲ့အသက် ၅ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးဟာ သူမ၏မျက်မမြင်ဖခင်ဖြစ်သူ Nelson Pepe အား နေ့စဉ်အလုပ်သို့ခေါ်ဆောင်သွားပုံကိုမှတ်တမ်းတင်ထားတဲ့ဗီဒီယိုတစ်ခုဟာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပါတယ်။ Rubylyn Capunes Pabillion အမည်ရှိအမျိုးသားဟာ Facebook ပေါ်တွင် အဆိုပါကြည်နူးစရာဗီဒီယိုကိုတင်ပေးခဲ့ပြီး “ ဒါက Dodong လို့ခေါ်တဲ့မျက်မမြင်အမျိုးသားတစ်ဦးနဲ့ သူ့ရဲ့၅နှစ်အရွယ်သမီးလေးတစ်ဦးရဲ့အကြောင်းပါ ၊

ကလေးမလေးက သူ့အသက်အရွယ်နဲ့မလိုက်အောင် သူ့အဖကို လယ်ကွင်းသို့သွားတာ သို့မဟုတ် အိမ်သို့ပြန်တာတွေကို အရှေ့ကနေ လမ်းပြဖို့ ကူညီပေးလေ့ရှိတယ် ၊ ကျေးဇူးပြုပြီး ဒီဗီဒီယိုကို share ခြင်းဖြင့်သူတို့ကိုကူညီပေးပါ၊ ဒါကအားလုံးအတွက် လှုံ့ဆော်မှုတစ်ခုဖြစ်စေမှာပါ ” ဟု ရေးသားဖော်ပြပေးခဲ့တာပါ။ဗီဒီယိုထဲအရ အဖြူရောင်ဝတ်စုံဝတ်ထားတဲ့ သမီးလေး Jenny ဟာ တုတ်ချောင်းကိုအသုံးပြုပြီး Southern Leyte ပြည်နယ် Sogod ရှိ အုန်းခြံတစ်ဝိုက်မှာ ဖခင်ဖြစ်သူ Pepe အား ရှေ့ကနေလမ်းပြပေးနေတာကို တွေ့မြင်နိုင်ပါတယ်။

ထို့နောက် ဖခင် Pepe ဟာ သမီးဖြစ်သူရဲ့အကူအညီဖြင့် ရေသွားသောက်နေတာကိုလည်း မြင်တွေ့နိုင်ပါတယ်။ ABS-CBN သတင်းအရ Pepe ဟာ နေ့စဉ်အုန်းပင်အပင် ၆၀ ကိုတက်ကာ PHP 300 ( ဒေါ်လာ ၅.၅၄ )ရရှိပါတယ်။ သူဟာ မျက်စိကွယ်နေပေမဲ့ သူ့မိသားစုကိုထောက်ပံ့ခြင်းကို မရပ်တန့်ခဲ့ပါဘူး။

၎င်းသုံးမိနစ်စာဗီဒီယိုဟာ သူမ၏ဖခင်အား Jenny ၏ချစ်ခင်မှုနှင့်သစ္စာရှိမှုကိုပြသသည့်အနေနှင့် Facebook ပေါ်တွင်အလျင်အမြန်ပြန့်နှံ့သွားပြီး sharer ပေါင်း ၅၀,၀၀၀ ကျော်အထိရှိခဲ့ပြီး ကမ္ဘာတစ်ဝှမ်းရှိထောင်ပေါင်းများစွာသောလူမှုမီဒီယာအသုံးပြုသူများဟာ အဖေနဲ့သမီးတို့၏ဗီဒီယိုဖိုင်ကြောင့် နှလုံးသားထိမိသွားခဲ့ကြရပါတယ်။

ထို့နောက် ဗီဒီယိုကြောင့် ၎င်းတို့သားအဖဟာ Rating K မဂ္ဂဇင်းရဲ့အာရုံကိုဖမ်းစားနိုင်ခဲ့တာကြောင့် ၎င်းတို့ရဲ့အကူအညီဖြင့် ဖခင် Pepe ဟာ နောက်ဆုံးတွင် သူ၏မျက်လုံးအခြေအနေကိုရောဂါရှာဖွေရန် မနီလာမြို့သို့သွားခဲ့ရပါတယ်။

Pepe ဟာ မျက်စိမြင်လွှာပျက်စီးစေသည့် retinal detachment နှင့် retinitis pigmentosa ဟုခေါ်သောရှားပါးမျိုးရိုးမျက်စိရောဂါရှိခဲ့နေပါတယ်။ ဆေးဘက်ဆိုင်ရာအကူအညီအပြင် ၎င်းတို့က Pepe အပါအဝင် သူ့ကလေးသုံးယောက်နဲ့ဇနီးဖြစ်သူတို့ကို အန္တရာယ်နည်းတဲ့ပတ်ဝန်းကျင်သို့ နေရာပြောင်းပေးခဲ့ပြီး သူ့ကို အသက်မွေးဝမ်းကျောင်းသင်တန်းများပေးခဲ့ကြပါတယ်။

Zawgyi

ဖိလစ္ပိုင္ႏိုင္ငံမွခ်စ္စရာေကာင္းတဲ့အသက္ ၅ ႏွစ္အ႐ြယ္မိန္းကေလးငယ္တစ္ဦးဟာ သူမ၏မ်က္မျမင္ဖခင္ျဖစ္သူ Nelson Pepe အား ေန႔စဥ္အလုပ္သို႔ေခၚေဆာင္သြားပုံကိုမွတ္တမ္းတင္ထားတဲ့ဗီဒီယိုတစ္ခုဟာ လ်င္ျမန္စြာ ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။ Rubylyn Capunes Pabillion အမည္ရွိအမ်ိဳးသားဟာ Facebook ေပၚတြင္ အဆိုပါၾကည္ႏူးစရာဗီဒီယိုကိုတင္ေပးခဲ့ၿပီး “ ဒါက Dodong လို႔ေခၚတဲ့မ်က္မျမင္အမ်ိဳးသားတစ္ဦးနဲ႔ သူ႔ရဲ႕၅ႏွစ္အ႐ြယ္သမီးေလးတစ္ဦးရဲ႕အေၾကာင္းပါ ၊ ကေလးမေလးက သူ႔အသက္အ႐ြယ္နဲ႔မလိုက္ေအာင္ သူ႔အဖကို လယ္ကြင္းသို႔သြားတာ သို႔မဟုတ္ အိမ္သို႔ျပန္တာေတြကို အေရွ႕ကေန လမ္းျပဖို႔ ကူညီေပးေလ့ရွိတယ္ ၊ ေက်းဇူးျပဳၿပီး ဒီဗီဒီယိုကို share ျခင္းျဖင့္သူတို႔ကိုကူညီေပးပါ၊ ဒါကအားလုံးအတြက္ လႈံ႕ေဆာ္မႈတစ္ခုျဖစ္ေစမွာပါ ” ဟု ေရးသားေဖာ္ျပေပးခဲ့တာပါ။

ဗီဒီယိုထဲအရ အျဖဴေရာင္ဝတ္စုံဝတ္ထားတဲ့ သမီးေလး Jenny ဟာ တုတ္ေခ်ာင္းကိုအသုံးျပဳၿပီး Southern Leyte ျပည္နယ္ Sogod ရွိ အုန္းၿခံတစ္ဝိုက္မွာ ဖခင္ျဖစ္သူ Pepe အား ေရွ႕ကေနလမ္းျပေပးေနတာကို ေတြ႕ျမင္ႏိုင္ပါတယ္။

ထို႔ေနာက္ ဖခင္ Pepe ဟာ သမီးျဖစ္သူရဲ႕အကူအညီျဖင့္ ေရသြားေသာက္ေနတာကိုလည္း ျမင္ေတြ႕ႏိုင္ပါတယ္။ ABS-CBN သတင္းအရ Pepe ဟာ ေန႔စဥ္အုန္းပင္အပင္ ၆၀ ကိုတက္ကာ PHP 300 ( ေဒၚလာ ၅.၅၄ )ရရွိပါတယ္။ သူဟာ မ်က္စိကြယ္ေနေပမဲ့ သူ႔မိသားစုကိုေထာက္ပံ့ျခင္းကို မရပ္တန္႔ခဲ့ပါဘူး။

၎သုံးမိနစ္စာဗီဒီယိုဟာ သူမ၏ဖခင္အား Jenny ၏ခ်စ္ခင္မႈႏွင့္သစၥာရွိမႈကိုျပသသည့္အေနႏွင့္ Facebook ေပၚတြင္အလ်င္အျမန္ျပန႔္ႏွံ႔သြားၿပီး sharer ေပါင္း ၅၀,၀၀၀ ေက်ာ္အထိရွိခဲ့ၿပီး ကမာၻတစ္ဝွမ္းရွိေထာင္ေပါင္းမ်ားစြာေသာလူမႈမီဒီယာအသုံးျပဳသူမ်ားဟာ အေဖနဲ႔သမီးတို႔၏ဗီဒီယိုဖိုင္ေၾကာင့္ ႏွလုံးသားထိမိသြားခဲ့ၾကရပါတယ္။

ထို႔ေနာက္ ဗီဒီယိုေၾကာင့္ ၎တို႔သားအဖဟာ Rating K မဂၢဇင္းရဲ႕အာ႐ုံကိုဖမ္းစားႏိုင္ခဲ့တာေၾကာင့္ ၎တို႔ရဲ႕အကူအညီျဖင့္ ဖခင္ Pepe ဟာ ေနာက္ဆုံးတြင္ သူ၏မ်က္လုံးအေျခအေနကိုေရာဂါရွာေဖြရန္ မနီလာၿမိဳ႕သို႔သြားခဲ့ရပါတယ္။

Pepe ဟာ မ်က္စိျမင္လႊာပ်က္စီးေစသည့္ retinal detachment ႏွင့္ retinitis pigmentosa ဟုေခၚေသာရွားပါးမ်ိဳး႐ိုးမ်က္စိေရာဂါရွိခဲ့ေနပါတယ္။ ေဆးဘက္ဆိုင္ရာအကူအညီအျပင္ ၎တို႔က Pepe အပါအဝင္ သူ႔ကေလးသုံးေယာက္နဲ႔ဇနီးျဖစ္သူတို႔ကို အႏၲရာယ္နည္းတဲ့ပတ္ဝန္းက်င္သို႔ ေနရာေျပာင္းေပးခဲ့ၿပီး သူ႔ကို အသက္ေမြးဝမ္းေက်ာင္းသင္တန္းမ်ားေပးခဲ့ၾကပါတယ္။

 

Be the first to comment

Leave a Reply

Your email address will not be published.


*