မျက်မမြင်ဖခင်ကို နေ့စဉ်အလုပ်သို့ အမြဲ အကြို/အပို့ လုပ်ပေးနေခဲ့တဲ့ 5 နှစ်အရွယ်ကလေးမလေး

မျက်မမြင်ဖခင်ကို နေ့စဉ်အလုပ်သို့ အမြဲ အကြို/အပို့ လုပ်ပေးနေခဲ့တဲ့ 5 နှစ်အရွယ်ကလေးမလေး

လူတွေရဲ့ နှလုံးသားကိုနွေးထွေးစေတဲ့ဗွီဒီယိုလေးကို လူမှုမီဒီယာမှာ ဝေမျှတဲ့အခါ လူကြိုက်များလာခဲ့ပါတယ် ။ ဗွီဒီယိုထဲမှာ ၅ နှစ်အရွယ် ဖိလစ်ပိုင်ကလေးငယ်ဟာ သူမရဲ့ မျက်မမြင်ဖခင်ကို အလုပ်လုပ်ဖို့ နေ့တိုင်းအသွားအပြန် ကြိုပို့လုပ်ပေးနေတာကို ပြသထားပါတယ် ။ Canada မီဒီယာ CTV ရဲ့အဆိုအရ ဖိလစ်ပိုင်နိုင်ငံက Jenny အမည်ရှိ ၅ နှစ်အရွယ်ကလေးမက သူမရဲ့မျက်မမြင်ဖခင် Nelson Dodong Pepe ကို အုန်းသီးခြံမှာအလုပ်လုပ်ဖို့ အမြဲပို့ဆောင်ပေးခဲ့တာပါ ။

ဒီကလေးမက သူမရဲ့ဖခင်ကို ဦးဆောင်လမ်းပြဖို့ သစ်သားတုတ်လေးနဲ့ အသုံးပြုခဲ့ပါတယ် ။ ABS-CBN ဖောင်ဒေးရှင်းရဲ့အဆိုအရ Jenny ရဲ့ ဖခင်က တစ်နေ့မှာ အုန်းသီးပင် ၆၀ ခန့် တက်ရပေမဲ့ တစ်နေ့ကို Pesos ၃၀၀ (USD 6.40 ဝန်းကျင်) သာ ရရှိပါတယ် ။ ၎င်းဗွီဒီယိုကို ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဖြူးပြီးတဲ့နောက် ABS-CBN ဖောင်ဒေးရှင်းသမားတွေရောက်လာပြီး Jenny နဲ့ သူ့ဖခင်ကို တွေ့ဆုံခဲ့ပါတယ် ။

ယခု Jenny နဲ့ သူမရဲ့မိသားစုဟာ ABS-CBN ဖောင်ဒေးရှင်း နဲ့ ပြည်သူလူထုရဲ့ရက်ရောမှုကြောင့် သူတို့ရဲ့လူနေမှုအခြေအနေကို စိုးရိမ်စရာမလိုတော့ပါဘူး ။ သူတို့မျက်နှာပေါ်မှာ ကျယ်ပြန့်တဲ့အပြုံးတွေနဲ့တွေ့ရတာ တကယ်ကို ဝမ်းသာစရာပါပဲ ။ သူတို့တွေအဆုံးထိပျော်ရွှင်စွာနေထိုင်နိုင်လိမ့်မည်လို့ မျှော်လင့်ပါတယ် ။

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*