မျက်မမြင်ဇနီးအတွက် အိမ်ပတ်လည်မှာအနံ့မွှေးပန်းအပြည့်စိုက်ပျိုးပေးခဲ့တဲ့ ချစ်တတ်လွန်းတဲ့အဖိုး (ရုပ်သံ)

ဂျပန်နိုင်ငံရှိ Toshiyuki Kuroki အမည်ရှိတဲ့အမျိုးသားနှင့် Yasuko Kuroki အမည်ရှိတဲ့အမျိုးသမီး တို့ဇနီးမောင်နှံဟာ Miyazaki မြို့စီရင်စုတစ်ခုမှာ နို့စားနွားမွေးမြူတဲ့လယ်သမားများအဖြစ် နေထိုင်ခဲ့ကြပြီး အိမ်ထောင်သက်တမ်းနှစ်ပေါင်း ၆၀ ကျော်အထိ သားသမီးနှစ်ယောက်ကို အတူတကွပြုစုပျိုးထောင်ခဲ့ကြပါတယ်။

 

သူတို့ဟာ ၁၉၅၆ ခုနှစ်မှာလက်ထက်ခဲ့ပြီးနောက် ၃.၃ စတုရန်းမီတာအကျယ်ရှိတဲ့နို့ထွက်မွေးမြူရေးခြံသို့ပြောင်းရွှေ့နေထိုင်ခဲ့ကြတာပါ။ သူတို့က အငြိမ်းစားယူရင် နှစ်ယောက်သား ဂျပန်တစ်နိုင်ငံလုံးအတွင်း ခရီးလှည့်လည်ကြည့်ရှုဖို့ မျှော်လင့်နေခဲ့ကြပါတယ်။

 

သို့ပေမဲ့ အိမ်ထောင်သက်တမ်းအနှစ် ၃၀ အကြာမှာ အသက် ၅၂ နှစ်အရွယ်ဇနီးဖြစ်သူက ပြင်းထန်တဲ့ဆီးချိုရောဂါကြောင့် ရုတ်တရက် မျက်လုံးကွယ်သွားခဲ့ရပါတယ်။သူမဟာ စိတ်ဓာတ်ကျလာပြီး ပြင်ပလောကနှင့်အဆက်အသွယ်မလုပ်ဘဲ သီးခြားနေနေခဲ့ပါတယ်။ဇနီးဖြစ်သူရဲ့မျက်နှာမှာ အပြုံးပန်းတွေပြန်ဝေဆာလာအောင်လုပ်ဖို့ စိတ်ပိုင်းဖြတ်ထား​တဲ့

 

Mr. Kuroki က အိမ်ပတ်ပတ်လည်ရှိမြေကွက်တွေမှာ အနံ့မွှေးတဲ့ပန်းရောင် Shibazakura ပန်းနဲ့ အပြည့်ဖြည့်ဖို့ ဆုံးဖြတ်လိုက်ပြီး မွှေးတဲ့ပန်းရနံ့ကြောင့် ဇနီးဖြစ်သူအပြင်ထွက်တိုင်း ပန်းရဲ့အလှအပကို ခံစားမိလိမ့်မယ်လို့ မျှော်လင့်နေခဲ့ပါတယ်။

 

၂နှစ်အကြာ ဖန်တီးစိုက်ပျိုးခဲ့ရပြီး ကိုယ်ပိုင်ဖြစ်တဲ့အဆိုပါ ပန်းဥယျာဉ်ဟာ ပွင့်လင်းပြီးကြည်နူးအားရဖွယ်ကောင်းတဲ့ချစ်ခြင်းမေတ္တာဇာတ်လမ်းတစ်ပုဒ်အား ကြည့်ချင်တဲ့ထောင်ပေါင်းများစွာသောဧည့်သည်တွေကို ဆွဲဆောင်နေခဲ့ပါတယ် ။

ပုံတွေကိုကြည့်ခြင်းအားဖြင့် Mr. Kurokiက Mrs.Yasuko အား အပြုံးပန်းဝေဆာသွားစေမယ့်သူ့ရည်မှန်းချက်ကို ပြီးမြောက်အောင်မြင်အောင် လုပ်နိုင်ခဲ့ပြီဆိုတာကို သက်သေပြနေပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*