မျက်မမြင်ခွေးကလေးကို အမြဲကူညီပေးပြီး နောက်ဆုံးထွက်သက်အထိ အတူရှိပေးခဲ့တဲ့ ဘဲလေး

ခွေးလေးတွေက ဘဲလေးတွေနဲ့ သူငယ်ချင်းတွေဖြစ်ကြတယ်ဆိုတဲ့အဖြစ်က အတော်လေးကိုရှားပါးပါတယ် ။ ဒီတစ်ခေါက်မှာလည်း သခင်တွေမရှိကြတဲ့ ဘဲလေး နဲ့ ခွေးလေးတို့နှစ်ကောင်ဟာ အချင်းချင်းမှီခိုပြီး လမ်းမကြီးဘေးမှာ ရုန်းကန်ရှင်သန်နေထိုင်နေရတာပါ ။ နေ့ခင်ဖက်ဆို နှစ်ကောင်အတူ အစာရှာထွက်ကြပြီး ၊ ညဖက်ဆို အိပ်ဖို့အတွက် အမိုးအကာရှိတဲ့နေရာမျိုး ရှာကြရပါတယ် ။

ပိုဆိုးတာကတော့ ခွေးလေးဟာ မျက်မမြင်ဖြစ်နေတာပါပဲ ။ သို့ပေမဲ့လည်း ကံကောင်းစွာနဲ့ ဘဲလေးက ခွေးလေးရဲ့အနားအမြဲအတူရှိပေးကာ ၊ စောင့်ရှောက်ပေးနေခဲ့လို့ ခွေးလေးအတွက် အသက်ဆက်နိုင်ခဲ့တဲ့ မှီခိုအားထားရာ သူငယ်ချင်းကောင်းဖြစ်နေပေးခဲ့ပါတယ် ။ ခွေးလေး အစာစားနေတဲ့အချိန်မှာလည်း မျက်မမြင်ဖြစ်နေလို့ ဘဲလေးက ဘေးကနေ အမြဲဂရုတစိုက် ကူညီပေးနေခဲ့ပါတယ် ။

သို့ပေမဲ့လည်း တစ်ရက်မှာတော့ လမ်းပေါ်ဆော့ကစားနေကြတဲ့ ကလေးဆိုးတစ်ချို့ကြောင့် ဘဲလေးဟာ အမှိုက်ပုံဘေးမှာ အသက်ထွက်သွားခဲ့ပါတယ် ။ ခွေးလေးကတော့ ဘဲလေးရဲ့အနားမှာ လုံးဝမရွေ့တမ်းအတူရှိနေပေးခဲ့ပါတယ် ။ မျက်မမြင်ခွေးလေးဟာ ကူကယ်ရာမဲ့တဲ့အခြေအနေမျိုးရောက်သွားခဲ့ပါတယ် ။

ဒါကြောင့် စိတ်ကောင်းစေတနာရှိသူတစ်ဦးက ခွေးလေးကိုဆက်ပြီး ကျွေးမွေးစောင့်ရှောက်ဖို့ နေအိမ်သို့ ခေါ်ဆောင်သွားခဲ့ပါတယ် ။ ခွေးလေးဟာ မှီခိုနိုင်တဲ့သခင်မျိုးရရှိသွားခဲ့ပြီး ဘဝသစ်ပြန်စနိုင်ခဲ့ပေမဲ့ သူငယ်ချင်းကောင်းဘဲလေးကိုတော့ လုံးဝမေ့လို့မရမှာ မုချပါပဲလေ ။

Zawgyi

Be the first to comment

Leave a Reply

Your email address will not be published.

*