မျက်နှာသစ်တာနှင့် ပတ်သက်ပြီး သိထားသင့်တဲ့ အရေးကြီးအချက်လေးတွေ

့၁) ဆပ်ပြာတွေက မျက်နှာတစ်ခါသစ်တိုင်းတစ်ခါအန္တရာယ်ပေးနေပါတယ်

ဆပ်ပြာဖော်မြူလာဆိုတာဟာ ခန္ဓာကိုယ်ကို သန့်ရှင်းစေဖို့အတွက်သီးသန့်ထုတ်ထားတဲ့ထုတ်ကုန်တွေ ဖြစ်ပါတယ်။ထိလွယ်ခိုက်လွယ်တဲ့ မျက်နှာအတွက်ရည်ရွယ်ပြီးထုတ်ထားတာမဟုတ်ပါဘူး။ဒီလိုဆပ်ပြာတွေနှင့်ပြီးစလွယ်သစ်လိုက်တာအတွက်ကြောင့်လည်း မျက်နှာမှာ ခြောက်သွေ့တာတွေ၊အဆီပြန်တာတွေ ဖြစ်စေတာဖြစ်ပါတယ်။ဒါကြောင့် မျက်နှာပြင်ခြောက်သွေ့မှု့၊အဆီပြန်မှု့နှင့် ယားယံမှု့တွေကိုကာကွယ်နိုင်ဖို့အတွက် မျက်နှာသစ်ဆေးကို သီးသန့်အသုံးပြုတာကောင်းပါတယ်။

၂) မျက်နှာသစ်ဆေးကို သုံးဖို့အတွက် ကိုယ့်ရဲ့အသားအရည်အမျိုးအစားကိုအရင်သိဖို့လိုပါတယ်

မျက်နှာသစ်ဆပ်ပြာတွေ၊သန့်စင်ဆေးရည်တွေအားလုံးက တစ်သတ်မှတ်ထဲတစ်ပုံစံထဲ ထုတ်လုပ်ထားတာ မဟုတ်ပါဘူး။သင့်ရဲ့ အရေပြားနှင့် သင့်တော်တဲ့ထုတ်ကုန်အမျိုးအစားကို သေချာရွေးချယ်အသုံးပြုရမှာ ဖြစ်ပါတယ်။ အဆီပြန်တက်တဲ့လူတွေဆိုရင် အဆီထုတ်လုပ်ခြင်းကို ထိန်းချုပ်နိုင်တဲ့ အမျိုးအစားကို သုံးရမှာဖြစ်ပြီးခြောက်သွေကတဲ့ မျက်နှာပြင်ရှိသူတွေအတွက်ကတော့ သဘာဝအတိုင်းခြောက်သွေ့တဲ့သန့်စင်ဆေးရည်ကို အသုံးပြုရမှာဖြစ်ပါတယ်။

၃) မျက်နှာမသစ်ခင် လက်အရင်ဆေးပါ

လက်ထဲကို မျက်နှာသစ်ဆေးတွေ မထည့်ခင် သင့်ရဲ့လက်ကိုကောင်းကောင်းနှင့်သေသေချာချာလေး ဆေးကြောသင့်ပါတယ်။ လက်မှာပါနေတဲ့အညစ်အကြေးတွေနှင့် ပိုးမွှားတွေကို ဖယ်ရှားပစ်မှသာ မျက်နှာကိုပါ မထိခိုက်မှာဖြစ်ပါတယ်။ဒီလိုမှမဟုတ်ရင်တော့ လက်မှာပါတဲ့ ပိုးမွှားတွေဟာ လက်ကနေတဆင့် မျက်နှာပြင်ဆီသို့ရောက်ရှိပြီးတော့ ဝက်ခြံတို့လို အနာမျိုးတွေ ပေါက်လာမှာဖြစ်ပါတယ်။

၄) တစ်ခါကိုက်ရင် နှစ်ဆကောင်းတယ်

တစ်နေ့ကို တစ်ခါထက်ပိုပြီးတော့ သန့်ရှင်းရေးပြုလုပ်ရမယ့်နေရာတွေ သင့်ရဲ့ ခန္ဓာကိုယ်မှာ ရှိပါတယ်။ သွားတွေ၊လက်တွေနှင့်မျက်နှာတို့လိုမျိုးပေါ့။သင့်ရဲ့ မျက်နှာဟာထိလွယ်ခိုက်လွယ်တဲ့ အသားအရေမျိုး မဟုတ်ဘူးဆိုရင်မနက်တစ်ကြိမ်နှင့် အိပ်ခါနီးတစ်ကြိမ် ပုံမှန်မျက်နှာသစ်ပေးသင့်ပါတယ်။

၅) ပျင်းပြီးတော့ဘဲဖြစ်ဖြစ်၊အချိန်မရှိလို့ဘဲဖြစ်ဖြစ်ခဏလေးတော့ မျက်နှာမသစ်ပါနဲ့

မျက်နှာသစ်တာဟာ ညစ်ပတ်နေတဲ့ မျက်နှာပြင်တစ်ခုကိုသန့်ရှင်းရေးလုပ်တာထက်အများကြီးပိုပါတယ်။ မျက်နှာသစ်ဆေးတွေဆိုတာ အပေါက်တွေကိုပိတ်သွားစေဖို့နှင့်နက်နက်ရှိုင်းရှိုင်း သစ်ဖို့လိုအပ်တဲ့ အရာတွေ ဖြစ်ပါတယ်။ခဏလေးအသုံးပြုရတဲ့အရာတွေမဟုတ်ပါဘူး။နှံ့စပ်အောင်သစ်ဖို့လည်းလိုအပ်ပြီး မျက်နှာသစ် နေတဲ့အချိန်လေးမှာ အရေပြားကိုညှင်ညှင်သာသာလေးနှင့် တစ်မိနစ်လောက် နှိပ်နယ်ပေးဖို့လိုအပ်ပါတယ်။

၆) ရေရဲ့ အပူချိန်ကိုလည်း သတိထားဖို့လိုအပ်ပါတယ်

အရမ်းပူတဲ့ ရေနွေးတွေကို အသုံးပြုလို့မရသလို အရမ်းအေးတဲ့ရေခဲရေတွေကိုလည်းအသုံးပြုလို့မရပါဘူး။ အရမ်းအေးတဲ့ ရေခဲရေတွေဟာဆိုရင် အရေပြားကိုယားနာခြင်းတွေဖြစ်ပေါ်စေပြီးတော့ သင့်ရဲ့ ဆံချည်မျှင် သွေးကြောလေးတွေကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။ကြက်သီးနွေးထတဲ့ ရေနွေးမျိုးနဲ့ဆိုရင်တော့ တကယ်ကို ကောင်းမွန်တဲ့ရလာဒ်ကိုထွက်ပေါ်လာစေမှာဖြစ်ပါတယ်။

၇) ဖြည်းဖြည်းနှင့် အေးအေးဆေးဆေးဘဲ သစ်ပါ

မျက်နှာကို သစ်တဲ့အခါမှာ အင်နှင့် အားနှင့်သစ်စရာမလိုဘဲနှင့် ငြင်ငြင်သာသာလေးဘဲ သစ်ဖို့လိုအပ်ပါတယ်။ ဓာတုဗေဒဖြစ်စဉ်တွေပါဝင်နေတာကြောင့် အညစ်အကြေးတွေကို ဖယ်ထုတ်တဲ့အခါမှာ ငြင်ငြင်သာသာနှင့် နူးညံ့စွာပြုလုပ်ဖို့ အရေးကြီးပါတယ်။သင်အသုံးပြုနေတဲ့ မျက်နှာသစ်ဆေးဟာ သင့်ရဲ့ အရေပြားနှင့်ညှိနှိုင်းပြီး အလုပ်လုပ်သွားမှာဖြစ်တာကြောင့် သင့်အသုံးပြုလိုက်တဲ့ ဖိအားနှင့်မသက်ဆိုင်ပါဘူး။ ဒါကြောင့် နူးညံ့သိမ်မွေ့ စွာနဲ့ဘဲ မျက်နှာသစ်ပါ။

၈) Moisturizerအသုံးပြုပြီး အဆုံးသတ်ပါ

မျက်နှာသစ်တာနှင့် Moisturizerတို့ဟာ အမွှာလိုပါဘဲ။သန့်စင်ခြင်းစနစ်မှာ အတူတူရှိနေတဲ့ အရာဖြစ်တာ ကြောင့်မျက်နှာသစ်ပြီးသွားတဲ့အခါတိုင်း Moisturizerအသုံးပြုဖို့လိုအပ်ပါတယ်။ အသားအရေ ကောင်းမွန်တဲ့ လူတိုင်းဟာ Moisturizer အသုံးပြုကြတဲ့လူတွေများပါတယ်။ဒါဟာသန့်ရှင်းပြီးတော့ ချောမွေ့စေတဲ့ အဓိကသော့ချက်တစ်ခုပါဘဲ။

Be the first to comment

Leave a Reply

Your email address will not be published.


*