မျက်နှာပေါ် လေလည်ပြီး ရောဂါတွေပျောက်ကင်းအောင် ကုသမှုတွေပြုလုပ်ပေးနေတယ်ဆိုတဲ့ တရားဟောဆရာ

မျက်နှာပေါ် လေလည်ပြီး ရောဂါတွေပျောက်ကင်းအောင် ကုသမှုတွေပြုလုပ်ပေးနေတယ်ဆိုတဲ့ တရားဟောဆရာ

တောင်အာဖရိကမှာရှိတဲ့ ကင်ညာနိုင်ငံက တရားဟောဆရာတစ်ဦးဟာ မကြာသေးခင်ကမှ social media တွေပေါ်မှာ အတော်လေးကို ရေပန်းစားနေလျက်ရှိပါတယ် ။

ဓာတ်ပုံထဲမှာတွေ့မြင်ရတဲ့အတိုင်း တရားဟောဆရာဟာ လူတွေရဲ့မျက်နှာပေါ်မှာတက်ထိုင်ပြီး လေလည်နေခဲ့တာပါ ။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ လူတွေကို ရောဂါကုသပေးပြီး ကောင်းချီးမင်္ဂလာတွေ ပေးနေတာပါတဲ့လေ ။ ယုံကြည်သူအမြောက်အများကလည်း ချမ်းသာကြွယ်ဝချင်လို့ အလှည့်ရောက်အောင် 2လခန့်အထိ စောင့်နေကြရတဲ့သူတွေလည်းရှိကြောင်း သိရပါတယ် ။

ယုံကြည်သူတစ်ဦးရဲ့ပြောပြချက်အရ အခကြေးငွေပေးပြီး လေလည် ထည့်ထားတဲ့ဘူးခွံကို ဝယ်ယူထားသေးကြောင်း သိရပါတယ် ။ တစ်ကယ့်ကို ယုံကြည်ရခက်ခဲလွန်းတဲ့အရာတွေဖြစ်လို့ ယုံကြည်မှုလွန်ကဲနေကြသူတွေလို့ ပြောရမှာပါပဲလေ ။

Zawgyi





 

Be the first to comment

Leave a Reply

Your email address will not be published.


*