မျက်စိမှတဆင့် လေဖြတ်နိုင်ခြေရှိမရှိ သိရှိနိုင်ပြီ

သင့်မျက်စိဟာ သင်ရဲ့ လေဖြတ်နိုင်ခြေ ရှိ၊ မရှိကို ပြောပြနိုင်မယ့် ပြတင်းပေါက် ဖြစ်တယ်လို့ သိရပါတယ်။ မြင်လွှာကို ပုံဖော်ကြည့်တာဟာ လေဖြတ်နိုင်ခြေ ရှိ၊ မရှိကို သိရှိနိုင်ပါတယ်။ မြင်လွှာဟာ ဦးနှောက်အတွင်း သွေးကြောတွေရဲ့ အခြေအနေတွေကို ဖော်ပြနိုင်တာကြောင့်ပါ ။

မြင်လွှာကို ပုံဖော်ကြည့်တာ (Retina Imaging) ဟာ ဈေးနှုန်းခိုျသာပြီး ခွဲစိတ်မှု မပြုလုပ်ရတဲ့ မြင်လွှာအတွင်း သွေးကြောတွေကို စစ်ဆေးနိုင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ သုတေသီတွေက သွေးတိုးရောဂါရှိပြီး လေဖြတ်မခံရဖူးသူ ၂၉၀၇ ယောက်ကို ၁၃ နှစ်ကြာ လေ့လာခဲ့ပါတယ်။

မြင်လွှာအတွင်း သွေးကြောတွေ ပျက်စီးတာဟာ သွေးတိုးရောဂါကြောင့် ဖြစ်တတ်ပြီး Hypertensive Retinopathy လို့ ခေါ်ပါတယ်။ လေ့လာမှုပြုလုပ်စဉ်မှာ လူနာ ၁၄၆ ယောက်ဟာ သွေးခဲမှု ဖြစ်စဉ်ကြောင့် လေဖြတ်ဝေဒနာ ခံစားရပြီး ၁၅ ယောက်မှာမူ ဦးနှောက်တွင်း သွေးယိုစီးမှုကြောင့် လေဖြတ်ခံရတယ်လို့ သိရပါတယ်။

Hypertensive Retinopathy အသင့်အတင့် ရှိသူတွေမှာ လေဖြတ်နိုင်ခြေ ၃၅ ရာခိုင်နှုန်း ပိုမြင့်မားပြီး ဆိုးရွားစွာ ရှိသူတွေမှာ ၁၃၇ ရာခိုင်နှုန်း ပိုမြင့်မားတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဒီလိုလူမိုျးတွေမှာ သွေးဖိအားကို ဆေးဝါးနဲ့ ထိန်းခုျပ်နိုင်ရင်တောင်မှ ဦးနှောက်တွင်း သွေးခဲမှု ဖြစ်နိုင်ခြေဟာ Hypertensive Retinopathy အသင့်အတင့် ရှိသူတွေမှာ ၉၆ ရာခိုင်နှုန်း ပိုမြင့်မားပြီး ဆိုးရွားစွာ ရှိသူတွေမှာ ၁၉၈ ရာခိုင်နှုန်း ပိုမြင့်မားတယ်လို့ တွေ့ရှိ ထားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*