မျက်စိညောင်းညာမှုကို လျှော့ချပေးမည့် နည်းလမ်းများ

မျက်စိမကြာခဏ ညောင်းပြီး ယားယံခြင်းကြောင့် ပွတ်နေမိပါသလား၊ ကျွန်တော်တို့၏ နေ့စဉ်ဘဝများတွင် မိုဘိုင်းဖုန်းများနှင့် ကွန်ပျူတာမျက်နှာပြင်များကို အချိန်အကြာကြီး ကြည့်နေခြင်းကြောင့် လူများစွာမှာ အမြင်အာရုံေ၀ဝါးခြင်း၊ မျက်စိယားယံခြင်းနှင့် နေ့စဉ်ခေါင်းကိုက်တတ်သည့် ဝေဒနာများကိုစတင်ကြုံတွေ့နေကြရသည်။
မျက်စိညောင်းညာမှုကို လျှော့ချရန်နှင့် မျက်စိပြန်လည် အားကောင်းလာစေမည့် လွယ်ကူရိုးရှင်းသော နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါသည်။

လက်ဖဝါးနှစ်ဖက်ကို အနည်းငယ်နွေးလာသည်အထိ ဆယ်မိနစ်မှ ဆယ့်ငါးမိနစ်အထိကြာအောင် ပွတ်တိုက်ပြီး မျက်စိပေါ်တွင်အုပ်ထားလိုက်ပါ။ မျက်စိကို လက်ဖြင့် တိုက်ရိုက်မထိပါနှင့် မျက်စိပေါ်မှ ဖော့ဖော့လေးအုပ်ထားပေးရမည် ဖြစ်သည်။

သုံးစက္ကန့် (သို့မဟုတ်) လေးစက္ကန့်ကြာတိုင်း မျက်တောင်ခတ်ပေးခြင်းက မျက်စိညောင်းညာမှုကို လျော့ကျစေရန် အထောက်အကူဖြစ်စေသည်။ ကျွန်တော်တို့သည် ရုပ်မြင်သံကြားကြည့်နေချိန် (သို့မဟုတ်) ကွန်ပျူတာဖြင့် အလုပ်လုပ်နေချိန်တွင် မျက်တောင်ခတ်သည့် အကြိမ်ရေ နည်းပါးလေ့ရှိသဖြင့် စက္ကန့်အနည်းငယ်ကြာတိုင်း မျက်တောင်ခတ်ပေးခြင်းဖြင့် သင်၏မျက်စိကို အနားပေးလိုက်ပါ။


သင်ရှိနေသော နေရာမှ ၆ မီတာမှ ၁၀ မီတာအထိ ဝေးသောအရာ ဝတ္ထုတစ်ခုကို ရွေးချယ်ပြီး ယင်းအရာဝတ္ထုတစ်ခုတည်းကို ခေါင်းကိုများစွာ မလှုပ်ရှားဘဲ စက္ကန့်အနည်းငယ်ကြာအောင် အာရုံစိုက်၍ ကြည့်ပါ။

ယင်းနည်းက ဖိအားများစွာ ခံလာရတတ်သော မျက်စိတစ်ဝိုက် ကြွက်သားများကို အနားရစေသည်။

မျက်စိကို တတ်နိုင်သမျှ အကျယ်ဆုံးစက်ဝိုင်းပုံလှည့်ပေးပါ။ လေးကြိမ်ခန့် ယင်းကဲ့သို့ လှည့်ပေးပြီး မျက်စိပိတ်ထားလိုက်ပါ။ မျက်စိပိတ်ထားချိန်တွင် အသက်ကိုအာရုံစိုက်၍ ရှူသွင်း ရှူထုတ်ပြုလုပ်ပြီး သက်သောင့်သက်သာဖြစ်စေရန် အာရုံစိုက်ပါ။

ကွန်ပျူတာအသုံးပြုချိန်တွင် မျက်နှာပြင်ကို သင်၏ မျက်စိနှင့်တတ်နိုင်သမျှ ဝေးနေစေရန် လိုအပ်သည်။ သို့သော် အလွန်အားစိုက်၍ ကြည့်စရာမလိုသော အကွာအဝေးမျိုး ဖြစ်ရမည်။ သင့်အပေါ်ရှိ မီးအလင်းရောင်မှာလည်း လုံလောက်သော အလင်းရောင်ရှိနေရန် လိုအပ်သည်။ ထို့ပြင် ကွန်ပျူတာမျက်နှာပြင်၌ Filter တစ်ထပ်ထပ်ထားခြင်းဖြင့်လည်း သင်၏ မျက်စိအတွက် အထောက်အကူပြုသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*