
မော်တော်ဆိုင်ကယ်ပေါ်မှာ သူ့ကလေးငယ်တွေရဲ့ ဓာတ်ပုံကို သတိတရရှိအောင် ကပ်ထားခဲ့တဲ့ Delivery သမားတစ်ဦး
စင်္ကာပူနိုင်ငံက Food Panda ကုန်ပို့သမားတစ်ဦးဟာ မော်တော်ဆိုင်ကယ်ပေါ်မှာ သူ့ကလေးငယ်ရဲ့ပုံတွေ ကပ်ထားတာကို မြင်တွေ့ရတဲ့ တခဏတာမြင်ကွင်းလေးဟာ နွေးထွေးဖွယ်ကောင်းပါတယ်။ ၎င်းအမျိုးသားရဲ့ ပုံတွေကို Facebook ပေါ်မှာ Bart Salleh အမည်နဲ့ netizen တစ်ဦးက “သူ့ရဲ့ ဆိုင်ကယ်ဦးထုပ်ကို ကျွန်တော်မြင်လိုက်တဲ့အခါမှာ သူဘာလို့ နေ့တိုင်းစောင်းနေတာလဲဆိုပြီး အံ့သြနေခဲ့ပါတယ်။
နောက်တော့ ကျွန်သဘောပေါက်လိုက်ပါတယ် အကိုကြီး ဆက်ကြိုးစားထား…! ” ဆိုပြီး caption ရေးကာ မျှဝေခဲ့ပါတယ်။ ဒီဓာတ်ပုံတွေဟာ အွန်လိုင်းပေါ် ပျံ့နှံ့သွားပြီး ထောင်နဲ့ ချီတဲ့ like, share, comment ရရှိခဲ့ပါတယ်။ Netizen တွေက “ချစ်ဖို့ကောင်းတဲ့ ဖခင်လေးပါလား.. ဘုရား ကောင်းချီးပေးပါစေ ” ဆိုပြီး မှတ်ချက်ပေးခဲ့ပါတယ်။ သူ့ရဲ့ ဆိုင်ကယ်ပေါ်က သတ္တုအပြားပေါ်မှာ “သင်ဒီမှာ အမြဲရှိနေတယ်ဆိုတာ မမေ့ပါနဲ့” လို့ ရေးထားပြီး ၎င်းအပေါ်မှာ သူ့ကလေးငယ်ရဲ့ ပုံတွေ နဲ့ဖုံးအုပ်ထားပါတယ်။
Zawgyi
ေမာ္ေတာ္ဆိုင္ကယ္ေပၚမွာ သူ႔ကေလးငယ္ေတြရဲ႕ ဓာတ္ပုံကို သတိတရရွိေအာင္ ကပ္ထားခဲ့တဲ့ Delivery သမားတစ္ဦး
စကၤာပူႏိုင္ငံက Food Panda ကုန္ပို႔သမားတစ္ဦးဟာ ေမာ္ေတာ္ဆိုင္ကယ္ေပၚမွာ သူ႔ကေလးငယ္ရဲ႕ပုံေတြ ကပ္ထားတာကို ျမင္ေတြ႕ရတဲ့ တခဏတာျမင္ကြင္းေလးဟာ ေႏြးေထြးဖြယ္ေကာင္းပါတယ္။ ၎အမ်ိဳးသားရဲ႕ ပုံေတြကို Facebook ေပၚမွာ Bart Salleh အမည္နဲ႔ netizen တစ္ဦးက “သူ႔ရဲ႕ ဆိုင္ကယ္ဦးထုပ္ကို ကြၽန္ေတာ္ျမင္လိုက္တဲ့အခါမွာ သူဘာလို႔ ေန႔တိုင္းေစာင္းေနတာလဲဆိုၿပီး အံ့ၾသေနခဲ့ပါတယ္။
ေနာက္ေတာ့ ကြၽန္သေဘာေပါက္လိုက္ပါတယ္ အကိုႀကီး ဆက္ႀကိဳးစားထား…! ” ဆိုၿပီး caption ေရးကာ မွ်ေဝခဲ့ပါတယ္။ ဒီဓာတ္ပုံေတြဟာ အြန္လိုင္းေပၚ ပ်ံ႕ႏွံ႔သြားၿပီး ေထာင္နဲ႔ ခ်ီတဲ့ like, share, comment ရရွိခဲ့ပါတယ္။ Netizen ေတြက “ခ်စ္ဖို႔ေကာင္းတဲ့ ဖခင္ေလးပါလား.. ဘုရား ေကာင္းခ်ီးေပးပါေစ ” ဆိုၿပီး မွတ္ခ်က္ေပးခဲ့ပါတယ္။ သူ႔ရဲ႕ ဆိုင္ကယ္ေပၚက သတၱဳအျပားေပၚမွာ “သင္ဒီမွာ အၿမဲရွိေနတယ္ဆိုတာ မေမ့ပါနဲ႔” လို႔ ေရးထားၿပီး ၎အေပၚမွာ သူ႔ကေလးငယ္ရဲ႕ ပုံေတြ နဲ႔ဖုံးအုပ္ထားပါတယ္။
Leave a Reply