မူးပြီး အမှတ်မထင် မျက်နှာပေါ်ထိုးလိုက်တဲ့ တက်တူးကြောင့် အလုပ်ရှာမရဖြစ်သွားခဲ့ရတဲ့ အသက် ၁၉နှစ်အရွယ် ဖခင်တစ်ဦးရဲ့အဖြစ်ဆိုး

မူးပြီး အမှတ်မထင် မျက်နှာပေါ်ထိုးလိုက်တဲ့ တက်တူးကြောင့် အလုပ်ရှာမရဖြစ်သွားခဲ့ရတဲ့ အသက် ၁၉နှစ်အရွယ် ဖခင်တစ်ဦးရဲ့အဖြစ်ဆိုး

အသက် ၁၉ နှစ်အရွယ် Mark Cropp အမည်ရှိကလေးအဖေတစ်ဦးဟာ နယူးဇီလန်တွင်မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုပြုလုပ်နေစဉ် ဓားကိုင်ဆောင်ခဲ့ခြင်းကြောင့်နှစ်နှစ်၊ သုံးလ ပြစ်ဒဏ်ကျမှတ်ခံခဲ့ရပါတယ်။Mark ဟာ ပြစ်ဒဏ်ခံယူနေရစဉ်မှာ သူ့ရဲ့လက်တွဲဖော်နှင့်သမီးငယ်ကို ချန်ထားခဲ့ရပါတယ်။

ထောင်ထဲနေရင်း တစ်ညမှာ Mark နှင့်အကိုဖြစ်သူတို့ဟာ အချဉ်ဖောက်ထားတဲ့ပန်းသီး၊ ပေါင်မုန့်နဲ့သကြားတို့ဖြင့် ပြုလုပ်ထားတဲ့အရက်ကို ခိုးသောက်ကာ အလွန်အမင်း မူးသွားခဲ့ကြပါတယ်။ထို့နောက် မူးနေတဲ့ Mark ဟာ အကိုဖြစ်သူနှင့်အတူ သွားတိုက်ဆေးနှင့် စိမ်ထားတဲ့ဓားများကို ချိတ်များဖြင့်ပြုလုပ်ထားသောမှင်များဖြင့် သူ့၏နာမည်ပြောင်ကို သူ၏မျက်နှာပေါ်တွင် တက်တူးထိုးရန် ဆုံးဖြတ်ခဲ့ပါတယ်။နောက်နေ့တစ်မနက်ခင်းမှာတော့ Markဟာ သူ့ရဲ့မျက်နှာအောက်နှင့် မေးရိုးကို ဖြတ်ကာ ထိုးထားတဲ့ “Devast8” ဆိုတဲ့တက်တူးကို မြင်လိုက်ရပြီးနောက် ၎င်းဟာ သူ့အတွက် ဘဝမှာ အကြီးမားဆုံးနောင်တတစ်ခုအဖြစ် ကျန်ရှိသွားခဲ့ရပါတယ်။

ထောင်ကထွက်လာပြီး ၂လအကြာမှာတော့ Markဟာ အလုပ်ရှာဖွေနေတဲ့ အလုပ်လက်မဲ့ဖခင်တစ်ဦးဖြစ်လာခဲ့ပါတယ်။အလုပ်ရှင်များက ယခင်အလုပ်အတွေ့အကြုံရှိနေပေမဲ့ Markရဲ့ရုပ်ဆိုးအကျည်းတန်လှတဲ့တက်တူးကြောင့် သူ့အား အလုပ်မကမ်းလှမ်းခဲ့ကြပါဘူး။သူဟာ ၎င်းတက်တူးကို ဖယ်ရှားပစ်ချင်နေခဲ့ပေမဲ့ နာရီပေါင်းများစွာကြာတဲ့လေဆာပစ်ဖယ်ရှားနည်းအတွက် လိုအပ်မဲ့ငွေကို မရှာနိုင်သလို ကူညီပေးမဲ့သူလည်း မရှိတာကြောင့်ဘဲဖြစ်ပါတယ်။

ဘယ်မှာမှ အလုပ်ရှာလို့မရတဲ့အဆုံး Mark ဟာ သူ့ရဲ့အငြင်းပွါးဖွယ်တက်တူးကို ဂုဏ်သိက္ခာရှိရှိ ထုတ်ဖော်ပြနိုင်မယ့် selfie ဓာတ်ပုံများကို Facebook ပေါ်သို့ မျှဝေကာ သူ့ရဲ့ပြဿနာအားလုံးကို ဖြေရှင်းပေးဖို့ အသနားခံခဲ့ပါတယ်။ထို့နောက် သူ့ရဲ့အသနားခံမှုဟာ social media ပေါ် လျင်မြန်စွာဘဲ ပျံ့နှံ့သွားခဲ့ပါတယ်။ထို့နောက် Auckland အခြေစိုက် Sacred Tattoo ဆိုတဲ့တက်တူးဆိုင်တစ်ဆိုင်ဟာ Mark ရဲ့Facebook post ကို သတိပြုမိသွားခဲ့ပြီးနောက် Markအတွက် ငွေအကုန်အကျခံကာ မယုံနိုင်လောက်အောင် ကြင်နာမှုရှိတဲ့လုပ်ရပ်ကို ပြုလုပ်ဖို့ အခိုင်အမာ ဆုံးဖြတ်ခဲ့ကြပါတယ်။ထို့ကြောင့် Mark ရဲ့မျက်နှာရှိ တက်တူးကို စာဖတ်သူတို့ အနီးကပ်မြင်တွေ့ရဖို့ ဗီဒီယိုလေးပါ ထည့်သွင်းပေးထားပါတယ်ဗျာ။

Be the first to comment

Leave a Reply

Your email address will not be published.


*