မုန့်ဖိုးအတွက် ပိုက်ဆံရှာဖို့ ကျောင်းမသွားခင် လမ်းဘေးမှာ ဖိနပ်တွေကို ထိုင်ချုပ်နေခဲ့တဲ့ မောင်နှမနှစ်ယောက်

မုန့်ဖိုးအတွက် ပိုက်ဆံရှာဖို့ ကျောင်းမသွားခင် လမ်းဘေးမှာ ဖိနပ်တွေကို ထိုင်ချုပ်နေခဲ့တဲ့ မောင်နှမနှစ်ယောက်

ဖိလစ်ပိုင်နိုင်ငံ Palawanကျွန်း ရှိ Puerto Princesa မြို့Palawan National ကျောင်းမှာ တက်ရောက်နေတဲ့ အသက် ၁၃ နှစ်အရွယ် Manuelita အမည်ရှိကောင်မလေး နှင့် အသက် ၁၂ နှစ်အရွယ် Micko Borbon အမည်ရှိကောင်လေးတို့ မောင်နှမနှစ်ယောက်ဟာ သူတို့ရဲ့ နေ့လည်စာအတွက် ၀င်ငွေရှာရန် ကျောင်းသို့မသွားခင် လမ်းဘေးတစ်နေရာမှာ ဖိနပ်တွေကိုပြုပြင်တဲ့အလုပ်ကို ထိုင်လုပ်နေခဲ့ကြပါတယ်။

မောင်နှမနှစ်ယောက်ဟာ သူတို့နေ့လည်စာအတွက် သာမကဘဲ သူတို့ဝင်ငွေကိုအခြားနေရာမှာလည်းအသုံးပြုတယ်လို့ ဆိုပါတယ်။ကျောင်းရှိ သူတို့ရဲ့စီမံကိန်းများအတွက် လုံလောက်တဲ့၀င်ငွေရရှိစေရန် လမ်းပေါ်မှာ ဖိနပ်တွေကိုပြန်ပြုပြင်တဲ့အလုပ်ကို လုပ်ခဲ့တာပါလို့လည်း ပြောကြားခဲ့ပါတယ်။

Manuelita နှင့် Micko တို့မှာ ဖိနပ်တွေကိုပြန်ပြုပြင်နိုင်တဲ့ အလွန်ကောင်းတဲ့အရည်အချင်းရှိနေရခြင်းအကြောင်းက သူတို့ရဲ့မိဘများဖြစ်ကြတဲ့ Emmanuel နှင့် Mary Ann Borbon တို့ဟာလည်း မြို့ထဲရှိဖိနပ်ပြင်တဲ့နေရာမှာ အလုပ်လုပ်ကြခြင်းကြောင့်သာဖြစ်ပါတယ်။သူတို့မောင်နှမ ကလည်း ငယ်စဉ်ကတည်းက မိဘတွေကိုကြည့်ပြီး ဖိနပ်ကိုဘယ်လိုပြုပြင်ရမှာကို ကိုယ်တိုင်သင်ယူခဲ့ကြပါတယ်။

ဒါဟာ ခက်ခဲတဲ့ဘဝတည်ရှိမှုပုံစံဖြစ်ပေမဲ့လည်း Manuelita နှင့် Micko တို့ဟာ သူတို့ရဲ့လုပ်ရပ်တွေအတွက် ရှက်ရွံ့နေခြင်းမရှိခဲ့ကြပါဘူး။ကလေးနှစ်ယောက်စလုံးက ကျောင်းကိုတက်နိုင်ဖို့ နှင့် သင့်တော်တဲ့ပညာရေးရရှိဖို့ ဒီအလုပ်ကို လုပ်နေရတယ်လို့ ယုံကြည်နေကြပါတယ်။သူတို့ရဲ့ကိုယ်ပိုင်ကျောင်းအုပ်ကြီးကလည်း ကျောင်းမှာ ကျောင်းသားအားလုံးကို အလုပ်ကြိုးစားဖို့ အမြဲလှုံဆော်ပေးတတ်တဲ့ သူတို့မောင်နှမနှစ်ယောက်စလုံးကို ဂုဏ်ပြုပေးဖို့ စဉ်းစားနေပြီးဖြစ်ပါတယ်။

မိဘက မုန့်ဖိုးပေးဖို့ မတတ်နိုင်ပေမဲ့ ကလေးတွေနဲ့ မတူဘဲ ကိုယ့်မုန့်ဖိုးကို ကိုယ်တိုင်ရှာဖွေတတ်တဲ့ သူတို့မောင်နှမနှစ်ယောက်စလုံးရဲ့စိတ်ဓာတ်လေးကတော့ အတုယူစရာပါဘဲ။

Be the first to comment

Leave a Reply

Your email address will not be published.


*